Friday, April 25, 2014

ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး

မြေစာပုံပြိုကျမှုကြောင့် ရေကန်ရေလျှံပြီး ကလေးငယ်သုံးဦး ရေနစ်မြုပ်ပျောက်ဆုံးသွားရာ ဒေသခံများ ၀ိုင်းဝန်းရှာဖွေနေစဉ် (ဓာတ်ပုံ−ကိုရွှေသိန်း)

7daydaily.com
              ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက စုပုံထားသည့် ပေ ၃၀၀ ခန့် 
အမြင့်ရှိ မြေစာပုံပြိုကျမှုကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့် မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံး
သွားကြောင်း  ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။   
          မောင်နှမသုံးဦးရေချိုးနေစဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ရာမှ ရေကန်အတွင်း ၁၅ ပေ မြင့်သော လှိုင်း
လုံးများဖြစ်ပေါ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူ နှစ်ဦးနှင့် လေးနှစ်အရွယ် ကလေးငယ်
တစ်ဦးအပါအ၀င် မောင်နှမသုံးဦး သေဆုံးသွားခဲ့သည်။
             ဧပြီ ၂၂ ရက်ညနေက ဖားကန့်မြို့နယ်၊ စွပ်ဂျာကျေးရွာရှိ ကံပွင့်ဦးသတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်
ကွက်အတွင်း အဆိုပါ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။‘‘ရေကန်ထဲကိုပမာဏများတဲ့ မြေစာတွေ ရုတ်တ
ရက်ပြိုကျ တော့ ဆူနာမီအသေးစားလိုဖြစ်ပြီး ရေထဲမြုပ်သွားတာ။ သေဆုံးသူတွေကို မြေတူးစက်တွေနဲ့ ပြန်ရှာ
တာ ဒီနေ့ပဲအားလုံးပြန်တွေ့ပါပြီ’’ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
      ရေကန်မှာ အလျားပေ ၅၀၀၊ အနံပေ ၁၀၀ ခန့် ကျယ်ပြီး ပေ ၂၀ နက်ကာ မြေစာပုံပြိုကျသည့်အချိန်တွင် 
ရွာသားများ ရုတ်တရက် အံ့သြထိတ်လန့်ခဲ့ရကြောင်း စွပ်ဂျာကျေးရွာမှ ဒေသခံ ဦးမန်ဆိုင်းကပြောသည်။
သေဆုံးသွားသူများမှာ ဖားကန့်မြို့နယ်  အထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်း
သူနှစ်ဦးနှင့် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ပြီး သေမှုသေခင်းဖွင့်၍ စစ်ဆေးနေကြောင်း ဖားကန့်မြို့
နယ်ရဲစခန်းမှ သတင်းရရှိသည်။
        အဆိုပါဖြစ်စဉ်မှာ ကုမ္ပဏီပိုင်ဧရိယာတွင် ဖြစ်ပွားခဲ့သော်လည်း လုပ်ငန်းခွင်နှင့်မသက်ဆိုင်ဘဲ သဘာဝဘေး
အန္တရာယ်ကဲ့သို့ ဖြစ်ခဲ့ခြင်းကြောင့် ကုမ္ပဏီတွင် တာဝန်မရှိကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆို
သည်။ သို့သော် ယင်းဖြစ်စဉ်၌ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများ အပါအဝင် ဒေသတွင်းအုပ်ချုပ်ရေး တာဝန်ရှိ
သူများ၏ ပေါ့ဆမှုကြောင့် ကြိုတင်မှန်းဆ၍ရနေသည့် အန္တရာယ်ကို မကာကွယ်နိုင်ခဲ့၍ ကလေးငယ်များ သေဆုံး
ရခြင်းဖြစ်ကြောင်း အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက သုံးသပ်သည်။
             ဖားကန့်မြို့  အပါအဝင် ကချင်ပြည်နယ်တွင် ယခုရက်များအတွင်း မိုးရွာသွန်းမှုများရှိခဲ့ပြီး အဆိုပါ မြေစာ
ပုံပြိုကျမှုမှာ တစ်နွေလုံး တူးပုံထားသည့်မြေစာများ မိုးရေစိုကာ ပြိုကျခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် လုံးခင်းရွာမှ 
ရွှေမျောလုပ်ငန်းရှင် ဦးမြသွင်က ပြောကြားသည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More