Wednesday, April 30, 2014

ညီညွတ်ရေးဆိုတာ ကြွေးကြော်နေရုံနဲ့မပြီးဘူး လက်တွေ့ဖော်ဆောင်နိုင်တဲ့ညီညွတ်မှုဖြစ်ရမယ်



                    ဧပြီ ၂၇ ရက်မှာ စတင် ကျင်းပခဲ့သောရခိုင်အမျိုးသား ညီလာခံတတိယမြောက်နေ့
တွင် ရခိုင်အမျိုးသားများအနေဖြင့် ညီ ညွတ်ရေးဆိုတာကြွေးကြော်ရုံနှင့် မပြီးကြောင်း၊လက်တွေ့ဖော်
ဆောင် နိုင်သည့် ညီညွတ်မှုဖြစ်ရန်လို ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
အေးမောင်က ပြောကြားလိုက်သည်။
       ရခိုင်အမျိုးသားညီလာခံတွင်ရခိုင် ပြည်နယ်၏ငြိမ်းချမ်းရေး၊ လုံခြုံ ရေး၊ဖွံ့ဖြိုးတိုးတက်ရေးတို့အ
တွက် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပညာရှင် များ၊ နိုင်ငံတော်အစိုးရနှင့် လွှတ် တော်ကိုယ်စားလှယ်များကနေ့
စဉ် ဟောပြော၍ မေးမြန်းသည်များ ကို ပြန်လည်ဖြေကြားကြရာ ဒေါက်တာအေးမောင်က “ရခိုင် အမျိုး
သားနိုင်ငံရေးနှင့်လွှတ်တော်”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ခြင်း ဖြစ်သည်။
           ““ရခိုင်သမိုင်းကိုပြန်ကြည့်ရင် မညီညွတ်ခဲ့ကြလို့၊မိမိတို့ကိုယ်နှိုက် က ဘုရင်လုပ်ရမှဆိုတဲ့စိတ်ရှိ
ခဲ့လို့ ရခိုင်အမျိုးသားနိုင်ငံရေးပန်းတိုင် ပျောက်ခဲ့ရပါတယ်။ ပန်းတိုင်ဆို တာဖြစ်နိုင်ချေ မူဘောင်အတွင်း 
မှာရှိရပါမယ်။ လက်ရှိနိုင်ငံရေးနှင့် ဖြစ်နိုင်ချေရှိ၊မရှိ သုံးသပ်ရမယ်။
            လူထုဘာတောင်းဆိုသလဲကြည့်ရ မယ်။ ရခိုင်ပြည်ပြန်လည်မွေးဖွား လာနိုင်အောင်အတွင်းအင်
အားစု များ ညီညွတ်၍အပြင်အင်အားစု များ ၀န်းရံမှုနဲ့ ကြိုးပမ်းရမယ်။ ပြည်သူတို့ရည်မှန်းချက်ဖြစ်သော 
စစ်မှန်သောဒီမိုကရေစီစနစ်ဖြင့် ရခိုင်ပြည်နယ်အစိုးရတစ်ရပ်ပေါ် ပေါက်ဖို့ ကျွန်တော်တို့ညီညွတ်မှ ဖြစ်မယ်။
 ညီညွတ်ရေးဆိုတာ ကြွေးကြော်နေရုံနဲ့ မပြီးဘူး။လက် တွေ့ဖော်ဆောင်နိုင်တဲ့ ညီညွတ်မှု ဖြစ်ရမယ်””ဟု 
ဒေါက်တာအေး မောင်က ပြောကြားသည်။
       ဆက်လက်၍ တက်ရောက် လာသည့်ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ရခိုင်အမျိုး
သားနိုင်ငံရေးအခင်း အကျင်းပီပြင်စွာပေါ်ထွန်းနိုင်ရန် အဓိကလိုအပ်ချက်မှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ
ကို ဒီမိုစံနှုန်း နှင့်အညီပြင်ဆင်ရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဇော်မြင့်
Hot News journal

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More