Monday, April 14, 2014

သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍာပ်တွင်ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်ကို ဂျွန်လွင်(Star & Model ) မှ ပြန်လည်ပြောကြား

 Written by ကြည်ဆုသာ
             ဧပြီ၁၃ရက်သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal ၏ Foam party မဏ္ဍာပ်တွင် ဖျော်ဖြေကြသူများ၏
ဝတ်စားဆင်ယင်မှု ဝေဖန်ချက်များနှင့်ပက်သက်ပြီး ဂျွန်လွင်(Star & Model) မှ မဇ္စျိမသို့ ပြန်လည်ပြောကြားခဲ့သည်။"ပထမရက်
က ဖျော်ဖြေမှုနဲ့ပက်သက်ပြီးတော့ ဝေဖန်သံတွေကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး။ ခေတ်တွေကလည်း ပြောင်းနေပြီ
လေ။ သပြေခတ်နဲပက်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့်ကျွန်တော်က ဘန်ကောက်က အကသမားတွေကိုခေါ်တာ
လူစိတ်ဝင်စားစေချင်တဲ့ သဘောမျိုးပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူတွေလည်း ရှိပါတယ်။ ပြောချင်တဲ့
သူတွေကလည်း ပြောနေမှာပါပဲ။ ယိုးဒယား အကသမားတွေရဲ့ ၀တ်စားဆင်ယင်မှု အနည်းငယ်ပေါ်သွားတာကိုပဲ ရိုက်ပြီးတင်ကြ
တာပါ။ တစ်ပွဲလုံးလည်းကြည့်စေချင်ပါတယ်။ အခုကလည်း ဒီမိုကရေစီခေတ်ဆိုတော့ ဝေဖန်ချင်သလို ဝေဖန်ခွင့်ရှိပါတယ်။ ကျွန်
တော်က မကောင်းတာလုပ်တာ မဟုတ်ပါဘူး။ မြန်မာသင်္ကြန်ကို အရုပ်ဆိုးအောင်လုပ်တာ မဟုတ်ပါဘူး။ အခုလိုပြောကြတာက
ကျွန်တော့်အတွက် သတိပေးသလိုဖြစ်ပါတယ်။"ဟု ၄င်းက ပြောသည်။
   ဖျော်ဖြေပွဲများကို ထူခြားစွာတင်ဆက်တတ်သည့် ဂျွန်လွင်သည် သင်္ကြန်တွင် လာရောက်ဖျော်ဖြေကြသည့် ထိုင်းနိုင်ငံက အက
အဖွဲ့များ၏ ၀တ်စားဆင်ယင်မှုများကို နောက်ထပ် ဖော်လှော်သည့် အ၀တ်အစားများ မ၀တ်ကြစေရန်အတွက် တားမြစ်ခဲ့သည်ဟု
ဆိုသည်။ ဧပြီ ၁၄ရက်သင်္ကြန်အကျနေ့တွင် ထိုင်းအက အဖွဲ့များ၏ ကပြဖျော်ဖြေမှုတွင် ၀တ်စားဆင်ယင်မှုများသည် လုံခြုံမှုရှိသည်
ဟု ဆိုခဲ့သည့်အပြင် လာရောက် မကြည့်ရှုနိုင်ကြသည့် ပရိသတ်များကိုလည်း Myanmar Event Face Book တွင် ၀င်ရောက်ကြည့်
ရှုနိုင်သည်ဟု ထပ်မံပြောသည်။
ထိုင်းနိုင်ငံမှ နာမည်ကြီး အမျိုးသမီးအကအဖွဲ့၊ ပြည်ပမှ နာမည်ကြီး DJ နှင့် ဂျွန်လွင်(Star & Model) ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဟိန်းထက်
Credit To : Mizzima

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More