Saturday, April 19, 2014

ရိုဟင်ဂျာလူမျိုးဟု မထည့်၍ သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ဘင်္ဂါလီအချို့ လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် လာရောက်အကောက်ခံမှုများ ရှိနေ



Saturday, April 19, 2014
         ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလအတွင်း ရိုဟင်ဂျာ
လူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများထဲမှ အချို့
က လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်း လာရောက်အကောက်ခံမှုများ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေး
နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
           တရားဝင်သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်း
ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုး အများစုက ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း 
အကောက်မခံမှုများ ရှိခဲ့သည်။ လက်ရှိတွင် တရားဝင်သန်းခေါင်စာရင်း ကောက်ကာလ ပြီးဆုံးပြီဖြစ်သော်လည်း နည်း
ပညာပိုင်းဆိုင်ရာ ကြန့်ကြာမှု (Technical Delay) အတွက် အချိန်ရှစ်ပတ်ထပ်တိုး ကောက်ခံပေးနေပြီး ယင်းကာလတွင် 
ယခင်အကောက်မခံသည့် မိသားစုအချို့က သတ်မှတ်ချက်နှင့်အညီ လာရောက်အကောက်ခံ နေခြင်းဖြစ်ကြောင်း သိရ
သည်။"ရခိုင်ဘက်မှာတော့ တချို့အိမ်ထောင်စုတွေက ညဘက်ညဘက်မှာ ဆက်သွယ်ပြီးတော့ လာအကောက်ခံတဲ့ အိမ်
ထောင်စုတွေ တဖွဲဖွဲနဲ့ ရှိနေတယ်ဗျ။ သက်ဆိုင်ရာ ကွပ်ကဲမှုရုံးတွေကို မိသားစုလိုက် ထွက်လာပြီး ဆက်သွယ်အကောက်ခံ
နေတဲ့ အဖွဲ့တွေရှိတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က
 ပြောကြားသည်။
          ထို့ပြင် ယင်းကဲ့သို့ မိသားစုလိုက် လာရောက်အကောက်ခံ ခြင်းမျိုးအပြင် အင်နှင့်အားနှင့် လာရောက် အကောက်ခံ
ရေးအတွက် ရန်ကုန်မြို့ရှိ ဘင်္ဂါလီခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီခေါင်းဆောင်များ ညှိနှိုင်းမှုများ ပြုလုပ်နေ
ကြောင်းလည်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဦးမြင့်ကြိုင်က "နောက်တစ်ခုက ရခိုင်မှာက သူတို့အင်နဲ့အားနဲ့ အကောက်
ခံဖို့ပေါ့။ သူတို့ လူကြီးပိုင်းတွေနဲ့။ လူကြီးပိုင်းဆိုတာက ရန်ကုန်မြို့က ဘင်္ဂါလီခေါင်းဆောင်တွေနဲ့ ရခိုင်က ဘင်္ဂါလီခေါင်းဆောင်
တွေလည်း သူတို့အဖွဲ့တွေနဲ့ ဆွေးနွေးနေကြတာ တွေရှိတယ်။ သူတို့က တကယ်လို့ အကောက်မခံတော့ဘူးဆိုရင် သူတို့စာ
ရင်းက လုံးဝကျန်တော့မှာ။ အဲဒီတော့ သူတို့က ပြန်ညှိပြီးတော့ အမြန်ဆုံးအကောက်ခံဖို့ အကြောင်းပြန်ပါ့မယ်လို့တော့ ဆက်
သွယ်တာတွေ ရှိနေပြီဗျ။ ရှစ်ပတ်အချိန်ပေးထားတယ် ဆိုတာလည်း သူတို့ကို အသိပေးထားတယ်။ ကျန်ခဲ့ရင် သူတို့အတွက်
 ဘယ်လောက်နစ်နာမယ် ဆိုတာလည်း သူတို့သိတယ်" ဟု ပြောကြားသည်။
            ယင်းကဲ့သို့ ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံသည့် သူများမှာ ရခိုင်ပြည်
နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားဒေသများ၌ပါရှိခဲ့ပြီး ရန်ကုန်မြို့မှ အကောက်မခံသည့် သူအများစုမှာမူ တရား
ဝင်သန်းခေါင်စာရင်းကောက် ကာလမပြီးဆုံးမီ ဘင်္ဂါလီလူမျိုးအဖြစ် ပြန်လည်အကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုသန်း
ခေါင်စာရင်း ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။
        ၎င်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားတို့ ၂၀၁၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် လက်မှတ်ထိုးစဉ်က
 ရိုဟင်ဂျာကိစ္စမှာ မရှိသေးကြောင်း၊ ၁၉၃၁ ခုနှစ်၊ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်များတွင် သန်းခေါင်စာရင်း ကောက်ယူစဉ်က
လည်း ဘင်္ဂါလီဟုသာ ထွက်ဆိုထားပြီး နိုင်ငံတော် ပြန်တမ်းများလည်း ရှိကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ဒုတိယအကြိမ်
 ပြဿနာဖြစ်သည့် အကြိမ်ကျမှသာ အစပိုင်းတွင် ဘင်္ဂါလီဟုပြောပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာဟု ပြောဆိုခြင်းဖြစ်ကြောင်း
၊ လက်ရှိတိုင်းရင်းသား လူမျိုးစာရင်းတွင်လည်း ရိုဟင်ဂျာဟူ၍ မပါရှိဘဲ ယင်းကဲ့သို့ ထည့်သွင်းပါက ပြဿနာ ကြီးမားစွာ
 ဖြစ်ပေါ်လာနိုင်သည့်အတွက် အမျိုးသားအကျိုးစီးပွားအတွက် ၎င်းတို့ကို ထည့်သွင်း မကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗဟို
သန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက 
ပြောကြားထားသည်။
            ထို့ပြင် ရိုဟင်ဂျာဟု ပြောဆိုနေကြသူ အားလုံးမှာလည်း ရိုဟင်ဂျာဖြစ်ချင်သူများ မဟုတ်ကြကြောင်းနှင့် ၎င်းင်းတို့
တွင်လည်း ဖိ အားပေး ခြိမ်းခြောက်ခံရမှုများရှိနေကြောင်း လည်း ၀န်ကြီးဦးခင်ရီက ပြောကြားထားသည်။ရိုဟင်ဂျာဟု ပြော
ဆိုခြင်းမှလွဲ၍ နည်းပညာ ကြန့်ကြာမှုကြောင့် ဆက်လက်စောင့်ပေးမည့် အချိန်ရှစ်ပတ်အတွင်း အချိန်မရွေး ပြန်လည်ကောက်ခံ 
ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောကြား
ထားသည်။စစ်တွေမြို့ ဘုမေကျေးရွာရှိ ကမန်အမျိုးသားတစ်ဦး သန်းခေါင်စာရင်း အကောက်ခံနေသည်ကို တွေ့ရစဉ်

Eleven Media Group

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More