Tuesday, April 15, 2014

မလေးရှားလေယာဉ်ကို အမေရိကန်ကပြန်ပေးစွဲခဲ့ခြင်းသာဖြစ်တယ်လို့ ဆိုရှယ်မီဒီယာများကဆို

    မလေးရှားလေယာဉ်ပျောက်ဆုံးမှုသတင်းမှာ သတင်းလောကတစ်ခုလုံးကို အချိန်အတန်ကြာ လွှမ်းမိုးထား
ခဲ့ပါတယ်။ ဘယ်လိုပျောက်ဆုံးသွားရတယ်ဆိုတာကို ပုံစံမျိုးစုံဝေဖန်သုံးသပ်မှုတွေကိုလည်း ကြားခဲ့၊ ဖတ်ခဲ့ကြပြီး ဖြစ်ပါတယ်။
 သို့သော် တိကျတဲ့အဖြေတစ်ခု ခိုင်မာတဲ့အထောက်အထားတစ်ခုကို ယနေ့တိုင် မဖော်ထုတ်နိုင်ခဲ့ပါဘူး။
       ယနေ့လို နည်းပညာတိုးတက်နေတဲ့ခေတ်ကာလမှာ ဒီလိုကိစ္စမျိုးကို မဖော်ထုတ်နိုင်စရာ ဘယ်လိုမှ အကြောင်းမရှိပါဘူး။
ဒါဟာ သတင်းအမှောင်ချထားခြင်း၊ သို့မဟုတ် လျှို့ဝှက်ထားခြင်းသာဖြစ်နိုင်ပါတယ်။
          အဲဒီလို လျှို့ဝှက်မှုကို လေ့လာစူးစမ်းသူတချို့ရဲ့ တွေ့ရှိချက်တွေကို ဆိုရှယ်မီဒီယာများ မှာဖော်ပြထားတာ တွေ့ရပါတယ်။
အင်န်ဆိုဒ်ဟုတ်ဗ်ဆိုတဲ့သတင်းဝဘ်ဆိုဒ်တစ်ခုမှာဖော်ပြထားတာက မလေးရှားလေယာဉ်ကြီးကို အမေရိကန် အင်န်တလေးဂျင့်စ်များ
က အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေးများအကူအညီနဲ့ ပြန်ပေးစွဲခဲ့ခြင်းဖြစ်ပါတယ်။ ဘာကြောင့် ပြန်ပေးစွဲရသလဲဆိုရင် အာဖဂန်နစ္စတန်
ကနေ လျှို့ဝှက်ထုတ်ယူလာတဲ့Drone Control System အမေရိကန်မောင်းသူမဲ့လေယဉ်ထိန်းချုပ်ရေးစနစ်မှာအသုံးပြုတဲ့ စက်ကိရိယာ
များထည့်ထားတဲ့ သေတ္တာများ လျှို့ဝှက်တင်ဆောင်လာခဲ့လို့ အဲဒီပစ္စည်းတွေကို ပြန်လိုချင်တဲ့အတွက်ပဲဖြစ်ပါတယ်။ အဲဒီဝဘ်ဆိုဒ်မှာပဲ
ဆက်လက်ဖော်ပြထားတာက အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့လက်ရသိမ်းစည်းခဲ့တဲ့ Electronic command and control system
ကို တရုတ်တို့က ဒေါ်လာသန်းပေါင်းများစွာပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီလိုဝယ်ယူပြီး ရုရှသို့မဟုတ် ပါကစ္စတန်နိုင်ငံလမ်းကြောင်းကနေ
 တရုတ်နိုင်ငံကို သယ်ယူရမယ့်အစား ခြေရာခံ ရိပ်စားမိမှာကို စိုးရိမ်တဲ့အတွက် မလေးရှားနိုင်ငံကို လျှို့ဝှက်ယူဆောင်သွားခဲ့ပါတယ်။
             မလေးရှားနိုင်ငံမှာ Electronic command and control system ကို သေတ္တာခြောက်လုံးမှာ ထုတ်ပိုးပြီး မလေးရှားနိုင်ငံ ဆိုင်ရာ
 တရုတ်သံရုံးမှာ ထိန်းသိမ်းထားပါတယ်။ တရုတ်အစိုးရထိတ်တန်းအရာရှိများက အဲဒီပစ္စည်းသေတ္တာတွေကို တရုတ်နိုင်ငံကိုသယ်ယူရာမှာ
 ချာတာ စီးလုံးငှားလေယာဉ်နဲ့မသယ်ခဲ့ဘဲ ခရီးသည်တင်လေယာဉ်နဲ့သာသယ်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် စီအိုင်အေက
သတင်းအစအနသိရှိသွားလို့ ပစ္စည်းတွေပြန်ယူဖို့ လေယဉ်ပြန်ပေးစွဲမယ်ဆိုရင် ခရီးသည်လေယာဉ်ဖြစ်နေတဲ့အတွက် အခက်တွေ့မှာပဲလို့
တွက်ဆခဲ့ပါတယ်။ လေယာဉ်ပျောက်ဆုံးပြီးရှာဖွေရာမှာ အမေရိကန်ရဲ့စိတ်မဝင်စားမှု၊ တရုတ်နိုင်ငံရန် အတိုင်းထက်အလွန် ပြာယာခက်မှု
တွေက အဲဒီပုံရိပ်ကို အထင်းသားထင်ဟပ်စေပါတယ်လို့ အဆိုပါဝဘ်ဆိုဒ်က ဆိုထားပြန်ပါတယ်။
               နောက်ဆုံးပေါ်အမေရိကန် ဘိုးအင်းလေယာဉ်အသစ်တွေမှာ Early Warning Airborne System ပါရှိ တဲ့အတွက် အဲဒီစနစ်နဲ့
မလေးရှားဘိုရင်းလေယာဉ်ကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာစီးနင်းလိုက်ပါ လာတဲ့ အစ္စရေး(၁)ယောက်၊ အမေရိကန်
(၅)ယောက်တို့ဟာ လေယာဉ်ကိုထိန်းချုပ်မောင်းနှင်ပြီး အိန္ဒိယသမုဒ္ဒရာ အတွင်းမှာရှိတဲ့Diego Garcia Base စစ်စခန်းကို မောင်းနှင်ဆင်း
သက်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ အသိမ်းခံခဲ့ရတဲ့ Electronic command and control system ကိုပြန်လည်သိမ်းယူပြီး လေယာဉ်ကို
 ပြန်လည်ပျံသန်းခွင့်ပေးခဲ့ပါတယ်။ အမေရိကန်တို့ဟာ လေယာဉ်က Black box ကိုလည်းဖြုတ်ယူထားလိုက်ပါတယ်။ လေယာဉ်ပြန်လည်ထွက်
ခွာပျံသန်းပြီးနောက် control system ဖြင့်လေယာဉ်ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဆက်သွယ်ရေးဆိုင်ရာများကို ပိတ်ပစ်ခဲ့ပါတယ်။ ရီမုတ်ကွန်ထ
ရိုးလ်စနစ်ဖြင့် ကောင်းကင်ထက်ပေးပေါင်း ၄၃၀ဝ၀ လောက်အထိ မြှင့်တင်မောင်းနှင်ခဲ့ပါတယ်။ အဲဒီလိုအမြင့်ကိုမောင်းနှင်လိုက်တဲ့အတွက်
 အောက်စီဂျင်နည်းပြီး ခရီးသည်အားလုံးနဲ့ လေယာဉ်ဝန်ထမ်းအားလုံးသေဆုံးကုန်ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ သက်သေခံအထောက် အထား
အားလုံးဖျောက်ဖျက်ပစ်ခြင်းပဲဖြစ်ပါတယ်။
             အထက်ပါဝဘ်ဆိုဒ်မှဖော်ပြချက်တွေဟာ ဆိုရှယ်မီဒီယာလောကကို တမဟုတ်ချင်းပျံ့နှံ့ခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူအများစုက
အထက်ကလေ့လာဖော်ပြချက်ကို စိတ်ဝင်တစားလက်ခံခဲ့ကြပါတယ်။ ကမ္ဘာ့သတင်းများကိုဖော်ပြတဲ့ Global Research အွန်လိုင်းသတင်းဌာက
လည်း အမေရိကန်ကို ဒီလိုမေးခွန်းထုတ်ထားပါတယ်။ အမေရိကန်ဟာDiego Garcia Base စစ်စခန်းမှာတတ်ဆင်ထားတဲ့ အားအလွန်ကောင်း
တဲ့ရေဒါနဲ့ အင်ဒိုနီးရှားကနေ အိရတ်နိုင်ငံအထိ လေကြောင်းထိန်းသိမ်းစောင့်ကြည့်မှုကို ပြုလုပ်နေပါတယ်။ အဲဒီရေဒါစနစ်ဟာ မလေးရှားလေ
ယာဉ်ကျမှ ဘာကြောင့် ကွေကွင်းသွားရပါသလဲတဲ့။ အမေရိကန်အစိုးရဟာ အိန္ဒိယသမုဒ္ဒရာထဲမှာ မလေးရှားလေယာဉ်ပျံသန်းနေတယ်ဆိုတာ
သိရှိထားပါတယ်။ လေယာဉ်ပျောက်ဆုံးပြီး နာရီပေါင်းမျာစွာအထိ ခရီးသည်များရဲ့ မိုဘိုင်လ်ဖုန်းများကို ခေါ်ဆိုရင် ရိန်းဝင်နေကြောင်း၊ ခရီး
သည် (၁၉)ဦးရဲ့မိုဘိုင်လ်ဖုန်းများကို ခေါ်ဆိုနိုင်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိကြောင်း အင်္ဂလန်နိုင်ငံ ထုတ် Daily Mail အမည်ရှိနေ့
စဉ်သတင်းစာနဲ့ မလေးရှားနိုင်ငံထုတ် Daily Star သတင်းစာတို့က ဖော်ပြကြပါတယ်။ အဲဒီလိုမဖြေကြားနိုင်ခြင်းဟာ ခရီးသည်များသတိလစ်
နေခြင်း၊ သို့မဟုတ်သေဆုံးသွားခြင်းကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
              Diego Garcia Base ဆိုတာ CIA ရဲ့ လျှို့ဝှက်ဌာနဖြစ်တယ်၊ အိရတ်နိုင်ငံနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေက အကျဉ်းသားတွေကိုဖမ်း
လာပြီး ညှင်းပန်းတဲ့နေရာလည်းဖြစ်တယ်ဆိုတာကို လူအတော်များများ မသိကြပါဘူးလို့ Global Research ကရေးသားဖော်ပြထားပါတယ်။
အွန်လိုင်းကမ္ဘာ့သတင်းဌာတစ်ခုဖြစ်တဲ့ intellihub.com ကလည်း ဒီလိုဖော်ပြထားပါတယ်။အမေရိကန်စစ်စခန်းမှာတပ်ဆင်ထားတဲ့ အင်အား
ကောင်းတဲ့ရေဒါစနစ်သစ်ဟာ မလေးရှားလေယာဉ်ကို မတွေ့ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဖြစ်ပွားပုံကတော့ဒီလိုပါ။ ၂၀၁၄ ဖေဖော်ဝါရီလ
အစမှာ အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန်ယဉ်တန်းကို တာလီဘန်များက ဝင်တိုက်ခဲ့ပါတယ်။ အဆိုပါယဉ်တန်းမှာရှိတဲ့ ထရပ်ကား တစ်စီး
ပေါ်မှာ Electronic command and control system ကို သေတ္တာ ၆ လုံးနဲ့ထုတ်ပိုးထားပြီး ကဘူးမြို့ကို သယ်ယူသွားနေခြင်းဖြစ်ပါတယ်။
ကဘူးကနေတဆင့် အမေရိကန်ကိုဆက်လက်သယ်ယူဖို့ဖြစ်ပါ တယ်။ တာလီဘန်တို့ဟာ အဲဒီပစ္စည်းတွေကို Anti-aircraft system လို့ထင်ပြီး
 အတင်းတိုက်ခိုက်သိမ်းပိုက် ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲမှာ တာလီဘန်တို့ဟာ အမေရိကန် Navy Seals နှစ်ဦးအပါအဝင် တပ်ဖွဲ့အတော် များများ
ကိုသုတ်သင်ပြီး အရယူကာ လုံခြုံတဲ့နေရာတစ်ခုကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တာလီဘန်တို့ဟာ ထင်သလို Anti-aircraft system
သို့မဟုတ် အသုံးပြုနိုင်တဲ့အခြားလက်နက်တစ်စုံတစ်ရာမဟုတ်ကြောင်း ကိုသိရှိခဲ့ကြပါတယ်။
           အဲဒီနောက်ပိုင်းမှာ တာလီဘန်တို့ဟာ ရုရှနဲ့တရုတ်နိုင်ငံတို့ကို ကြားခံလူများဖြင့် ဆက်သွယ်ခဲ့ကြပါတယ်။ အလိုရှိပါက အမေရိကန်ရဲ့နည်း
ပညာသစ်ပစ္စည်းများကို လာရောက်ကြည့်ရှုနိုင်ကြောင်း အသုံးတဲ့မယ်လို့ထင်ပါက ရောင်းချလိုကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရုရှက
ယူကရိန်းနိုင်ငံမှာ ရုရှကိုထောက်ခံတဲ့အစိုးရကို ကယ်တင်ဖို့လုံးပမ်းနေတဲ့အချိန်ဖြစ်တဲ့အတွက် သိပ်စိတ်မဝင်စားခဲ့ပါဘူး။ တရုတ်အစိုးရကတော့
၂၀၁၄ မတ်လအစမှာ တရုတ်သိပ္ပံပညာရှင် (၈)ဦးအဖွဲ့ကို အာဖဂန်နစ္စတန်ကိုစေလွှတ်ပြီး တာလီဘန်တို့သိမ်းဆည်းရမိထားတဲ့ပစ္စည်း တွေကို
စစ်ဆေးစေခဲ့ပါတယ်။ တရုတ်ပညာရှင်များက အဲဒီပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး အစိုးရကို Ok လို့ အချက်ပြခဲ့ကြပါတယ်။ တရုတ်အစိုးရက
 အဲဒီပစ္စည်းတွေကို ဒေါ်လာသန်းပေါင်းများစွာပေးပြီးဝယ်ယူလိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီနောက်အရောင်းအဝယ်ဖြစ်ပြီး အဲဒီပစ္စည်းတွေ
ကို လျှို့ဝှက် မလေးရှားနိုင်ငံထဲကို လေယာဉ်နဲ့ ပို့ခဲ့ပြီး ကွာလာလမ်ပူရ်မြို့မှာရှိတဲ့ တရုတ်သံရုံးအထဲမှာ ထိန်းသိမ်းထားပါတယ်။ ပထမပိုင်းအစီ
အစဉ်အရ အဲဒီပစ္စည်းတွေကို တရုတ်သံရုံးဝန်ထမ်းများရဲ့ ကိုယ်ပိုင်ပစ္စည်းများအဖြစ် အကာအကွယ်ယူပြီး တရုတ်ပြည်ကို ပို့ဖို့ပါ။ ဒါပေမယ့် ကြီး
မားတဲ့ထုတ်ပိုး ပစ္စည်းတွေဖြစ်နေတာကြောင့် အမေရိကန်ထောက်လှမ်းရေးတွေ သံသယဝင်နိုင်မယ်လို့စဉ်စားပြီး အဲဒီအစီအစဉ် ကိုဖျက်ခဲ့ပါတယ်။
 နောက်ပိုင်းမှာ ခရီးသည်တင် လူစီးလေယာဉ်နဲ့ပဲ ဘေဂျင်းကိုပို့မယ်လို့ အစီအစဉ်ပြန်ပြောင်းခဲ့ ပါတယ်။ အမေရိကန်ထောက်လှမ်းရေးကသတင်း
အစအနရသွားရင်တောင် လေယာဉ်ထဲမှာ ခရီးသည် ၂၃၉ဦးရှိနေတဲ့အတွက် လေယာဉ်ကိုပြန်ပေးဆွဲခြင်း၊ ပစ်ချဖျက်စီးခြင်းကိုလုပ်နိုင်မှာမဟုတ်
ဘူးလို့ တွက်ဆကြပါတယ်။
        အဲဒီသတင်းဖော်ပြချက်အရ အမေရိကန်ထောက်လှမ်းရေးကို သတင်းပေးတစ်ဦးက အတိအကျသတင်းပို့ခဲ့ ပါတယ်။ Electronic command
and control system ပစ္စည်းတွေဟာ ကွာလာလမ်ပူရ်မှာရှိတဲ့ တရုတ် သံရုံးအတွင်းမှာရှိကြောင်း၊ အဲဒီပစ္စည်းတွေကို မလေးရှားခရီးသည်တင်လေ
ယဉ်နဲ့ ဘေဂျင်းကိုပို့မှာဖြစ်ကြောင်း အသေးစိတ်သတင်းများကို CIA ကသတင်းရရှိသွားတယ်လို့ဖော်ပြထားပါတယ်။ အဲဒီနောက်မှာ CIA ဟာ အစ္စ
ရေးမော့ဆက် အကူအညီနဲ့ လေယာဉ်ပြန်ပေးဆွဲဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။
            မလေးရှားလေယာဉ် MH-370 ဟာ မလေးရှားလေပိုင်နက်ကိုကျော်လွန်ပြီး ဗီယက်နန်ကမ်းခြေကို ကောင်းမွန်စွာရောက်ရှိလာပြီးဖြစ်ကြောင်း
 ကွန်ထရိုလ်တာဝါကို အကြောင်းကြားပါတယ်။ အဲဒီအချိန်မှာ လေယာဉ်ပေါ်မှာစီးနင်းလိုက်ပါလာတဲ့ အမေရိကန်နဲ့အစ္စရေးသူလျှိုတွေဟာ ကွန်ထရိုး
စနစ်နဲ့ ဆက်သွယ်ရေးစနစ်များ ကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ လေယာဉ်မောင်းခန်းသို့ဝင်ပြီး လေယာဉ်တစ်စီးလုံးကို ထိန်းချုပ်လိုက်
ပါတယ်။ အင်ဒိုနီးရှားကျွန်းတွေအပေါ်ကနေ အနိမ့်ပျံပြီး မော်လဒိုက်မှာ လေယဉ်ဆီဖြည့်ဖို့ဆင်းခဲ့ပါတယ်။ မော်လဒိုက်နိုင်ငံရှိ လေယာဉ်ကွင်းမှ မျက်
မြင်သက်သေများရဲ့ပြောဆိုချက်အရ လေယာဉ်ဆင်းလာပြီး လေယဉ်ဆီဖြည့်ကာ ခေတ္တရပ်နားတာကိုတွေ့ခဲ့ရပါတယ်။ အံ့ဩစရာက လေယာဉ်ပေါ်က
ခရီးသည်တစ်ယောက်မှ မဆင်းလာဘဲ ပြန်ထွက်ခွာသွားခြင်းပါပဲ။ လေယာဉ်ကွင်းတာဝန်ခံတွေကလည်း အဲဒီလေယာဉ်အနားကိုတောင် မသွားခဲ့ကြ
ပါဘူး။ အဲဒီနောက်မှာ လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာအလယ်မှာရှိတဲ့ Diego Garcia Base မှာဆင်း သက်ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်တို့အလိုရှိနေ
တဲ့ Electronic command and control system ကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ ဖြစ်ခဲ့သမျှကို နောင်တစ်ချိန်မှာ မဖော်ထုတ်နိုင်အောင် Black Box
ကိုလည်းဖြုတ်ယူထားလိုက်ပါတယ်။ အဲဒီနောက်မှာ လေယာဉ်ကို ပျံသန်းဖို့ခွင့်ပြုခဲ့ပါတယ်။ လေယာဉ်မောင်းသူ တွေကို ဆက်သွယ်ရေးကိရိယာများ
အသုံးမပြုဖို့ အသုံးပြုပါကပစ်ချခံရမှာဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။ လေယာဉ်ပျံတက်ပြီး ကျွန်ရဲ့တောင်ဘက်အစွန်းကနေကွေ့တာနဲ့
မြေပြင်ကွန်ထရိုးလ်စနစ်နဲ့ ဘိုရင်း 777 MH-370 ရဲ့ Operating System အားလုံးကို ပိတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ လေယာဉ်ဟာ သမုဒ္ဒ
ရာအတွင်းမှာ ဦးတည့်ရာသွားနေပါတယ်။ လောင်စာဆီကုန်တာနဲ့ ပင်လယ်ကိုထိုးကျပြီးပျက်စီးသွားပါတယ်။ လေယာဉ်လမ်းကြောင်းပြောင်းသွားတာ
ကို မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နန် နိုင်ငံတွေက အဲယားထရပ်ဖစ်ကွန်ထရိုးကနေသိကြပေမယ့် အဲဒီနိုင်ငံတွေဟာ ဘာကြောင့်နှုတ်ဆိတ်နေရပါ
သလဲလို့ အဆိုပါ သတင်းဝဘ်ဆိုဒ်က မေးခွန်းထုတ်ထားပါတယ်။ မည်သို့ပင်ဆိုစေ လေယာဉ်ပျောက်ဆုံးမှုဟာ CIA ရဲ့ လျှို့ဝှက်အဖြစ်အပျက်တွေ
အနက်က အဖြစ်အပျက်တစ်ခုသာဖြစ်နိုင်ကြောင်း ရှာဖွေတင်ပြလိုက်ရပါတယ်။

ကိုးကာ့း http://www.ummat.org/
သတင်းဆောင်းပါးရှင်း စဒါရသ် ရှရီဝါစ်တို
၂၉-၃-၂၀၁၄ ထုတ် ummat အုရ်ဒူနေ့စဉ်သတင်းစာ pk

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More