Tuesday, April 29, 2014

ရခိုင်နယ်စပ်လုံခြုံရေးအတွက် အသက်၁၈နှစ်ပြည့်ပြီး ရခိုင်လူငယ်တိုင်း အခြေခံစစ်ပညာသင်ကြားနိုင်ရန်နှင့် နယ်ခြားစောင့် တပ်များ ဖွဲ့ပေးရန်တောင်း ဆို


                 ကျောက်ဖြူ၊ ဧပြီ ၂၈ - ရခိုင်နယ် စပ်လုံခြုံရေးအတွက် အသက်၁၈ နှစ် ပြည့် ပြီး သူလူငယ်တိုင်း 
အခြေခံစစ် ပညာသင်ကြားရန်နှင့် နယ်ခြားစောင့် တပ် များ ဖွဲ့ပေးရန်ကျောက်ဖြူတွင် ကျင်းပနေသည့် ရခိုင်
အမျိုးသားညီ လာခံ ဒုတိယမြောက်နေ့တွင် တောင်း ဆိုလိုက်သည်။
         ယင်းတောင်းဆိုချက်ကို ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဧပြီ၂၈ ရက်ကပြုလုပ်သည့် ရခိုင်အမျိုးသား
 ညီလာခံ ဒုတိယမြောက်နေ့  တွင် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ် နေသည့် ရခိုင်ပြည် နယ် ၊ မောင်တော ဒေ 
သနှင့် ဘူးသီးတောင်ဒေသ မှကိုယ် စားပြု တက်ရောက် လာသည့်မြို့နယ် ကိုယ်စားလှယ်များက ပြည်ထောင်စု 
အစိုးရထံ ညီလာခံမှ တစ်ဆင့် စာတမ်း ဖတ်ကြားတောင်းဆိုလိုက်ကြခြင်းဖြစ် သည်။
            ဘင်္ဂါလီလူမျိုး ၉၈ ရာခိုင်နှုန်း ရှိ သည့် မောင်တောဒေသနှင့် ဘင်္ဂါလီ လူမျိုး ၈၅ရာခိုင်နှုန်းရှိသည့် ဘူးသီးတောင်
ဒေသတို့တွင် ဘင်္ဂါလီများက ရခိုင်တိုင်း ရင်းသားဒေသခံများကို အကြမ်းဖက်ခြိမ်းခြောက်တိုက်ခိုက်မှု များရှိလာနေ သည့်
 အတွက် ဘင်္ဂါလီ များရုတ်တရက် အကြမ်းဖက်မှုမှ ကာ ကွယ်ရန်ဒေသ ခံတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော နယ်ခြား
စောင့်တပ် များမဖြစ်မနေ လိုအပ်ပြီး အသက် ၁၈ ပြည့်ပြီးသူတိုင်း အခြေခံစစ်ပညာကို တက်ရောက် သင်ကြားနိုင်ရေး အ
 ကောင် အထည်ဖော်ပေးရန်လိုကြောင်း ဘူးသီးတောင်မြို့နယ်ကိုယ်စားလှယ် က တောင်းဆိုခဲ့သည်။
               ''ပြည်ထောင်စု၏အနောက်တံ ခါးကို ကာကွယ်စောင့်ရှောက်ရန် ရခိုင် အမျိုးသားနယ်ခြားကာကွယ်ရေးတပ် 
တစ်ခုကို ခိုင်မာစွာတည်ထောင်ရမည် ဖြစ်ပါတယ်''ဟု ဦးထွန်းအောင်သိန်း ကပြောသည်။ယင်းအပြင် ပင်လယ်၊ မြစ်ကမ်း၊
 မြေပြင်လုံခြုံရေးကို အထူးတပ်ဖွဲ့ဖွဲ့ စည်း စောင့်ရှောက်ရေးကို ဆောင် ရွက်ပေး ရန်နှင့် ခေတ်မီလက်နက်များ ကိုပါတပ်
ဆင်ပေးရန်နှင့် ပင်လယ်ပြင် စိုးမိုးရေးကိုလည်း အထူးအလေးပေး ဆောင် ရွက်ပေးရန် မောင်တောမြို့ နယ် ကိုယ်စားလှယ်
ဦးအောင်ကျော် ညွန့်ကတောင်းဆိုခဲ့သည်။
             ဘူးသီးတောင်နှင့်မောင်တော ဒေသ တို့တွင် လက်ရှိအနေအထား အရ ယင်းဒေသများအတွင်းရှိ ဘင်္ဂါလီ များ၏ 
အကြမ်း ဖက်ခြိမ်းခြောက်တိုက် ခိုက်မှုများကြောင့် ရခိုင်တိုင်းရင်းသား ဒေသခံများမှာ အေးအေးလူလူမအိပ် စက်နိုင်ဘဲ နေ့
စဉ်နှင့် အမျှ ကင်းစောင့် နေကြရပြီး ဒေသတွင်းလူထုနှင့် အနီး ကပ်ဆုံးလုံခြုံရေးယူထားရသည့် မြို့ နယ်ရဲတပ်ဖွဲ့များ၊ ရဲတပ်
ရင်းများ အနေ ဖြင့်လည်း အခင်းတစ်စုံတစ်ရာဖြစ်ပွား ပါက ဖြစ်ပွား သည့်နေရာ များဆီသို့ အချိန်မီသွားရောက်နိုင်ခြင်းမရှိ
သည့် အပြင် ယင်းတို့ကိုယ်တိုင် ဘင်္ဂါလီများ ထံတိုက်ခိုက်ခံနေရသည်ကို တွေ့ ရှိရကြောင်း ဘူးသီးတောင်မြို့နယ် ကိုယ်စား
လှယ် ဦးထွန်းအောင် သိန်းက ပြောကြားခဲ့သည်။
            ''လုံခြုံရေးတာဝန်ယူမည့် တပ်ဖွဲ့ ဝင် များပင်လျှင် လုံခြုံမှုမရှိဟုခံစားနေရ သည်ဆိုလျှင် ပြည်သူလူထုအတွက် ဆိုဖွယ်
ရာမရှိပေ'' ဟု ဦးထွန်းအောင် သိန်းကပြောသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ဘင်္ဂါလီများတိုက်ခိုက်ခံနေရ မှုမှာ ရခိုင်တိုင်း
ရင်းသားဒေသခံများ ကို မိမိတို့ဒေသမှ အပြီးအပိုင် စွန့်ခွာ စေသည့်အကြောင်းအရင်းတစ်ခုလည်း ဖြစ်စေကြောင်း ယင်းတို့က
ဆိုသည်။ယင်းအပြင် အဆိုပါဒေသ များ ရှိ အရေးပါသောလမ်းကြောင်း များ ပေါ်တွင်တည် ရှိသော ဘင်္ဂါလီကျေးရွာ များကိုထုတ်
နုတ်၍ အခြားသင့်တော် သည့်နေရာများဆီသို့ ပြောင်းရွှေ့ ပေးရန် မဖြစ်မနေလိုအပ်ပြီး ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများကို 
၁၉၈၂ ခု နှစ်၊ နိုင်ငံသားဖြစ်ရေးဥပဒေအရစစ် ဆေးပြီး နိုင်ငံသားနှင့်နိုင်ငံသားမဟုတ် သူများကို သတ်သတ်မှတ်မှတ်ခွဲခြား ၍ 
နိုင်ငံတော်သမ္မတဦးသိန်းစိန်ပြော ကြားခဲ့သည့်အတိုင်း အမြန်ဆုံးအ ကောင်အထည်ဖော်ပေးရန်လိုကြောင်း အဆိုပါမြို့နယ်ကိုယ်
စားလှယ်များ က တိုက်တွန်းတောင်းဆိုခဲ့ကြသည်။
            ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေ သည့် ရခိုင်နယ်စပ်တွင် ပြည်သူ့စစ် ဖွဲ့စည်းပေးရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊
 ဒီဇင်ဘာလအတွင်းက ရခိုင်လူထုကိုယ်စားလှယ်များနှင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက 
သူရဦးရွှေမန်း ရန်ကုန်တွင် တွေ့ဆုံခဲ့ကြရာတွင်လည်း ရခိုင်လူထုကိုယ်စားလှယ်များက တောင်းဆို ခဲ့သော်လည်း ယခုအချိန် 
အထိ ထူးခြားချက် တစ်စုံတစ်ရာမရှိ သေးကြောင်း ရခိုင်ဒေသခံများက ပြောကြသည်။
M Y K [--Democracy today Daily Newspaper--]

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More