Wednesday, April 9, 2014

ကယ်တော်မူပါ အရှင် ၀ီရသူ..ဘုရား...

အခုရက်ပိုင်း အတွင်း နေပြည်တော် ကောင်စီ နယ်မြေအတွင်း ကျူးကျော်ဘုန်းကြီး ကျောင်းဆိုပြီး ရဟန်း၊
သံဃာ တော်တွေကို နှင်ထုတ်၊ ဖမ်းဆီး၊၀ရမ်းပြေး ကပ်...နဲ့ ကြားရတာ နားမသက်သာလို့ ၀ီရသူကို ဦးထိပ်ထား
မဘသ အပေါင်းနဲ့ 0ff လိုင်း on လိုင်းမှာရှိတဲ့ ၉၆၉ အပေါင်းကို တိုင်တည်လိုက်ရပါတယ်...။
                      ကြားလို့မှာ ကောင်းပါရဲ့ လား..ဘုရား .။တပည့်တော် တော့ ရှက်မိပါတယ်။နေပြည်တော်
ကောင်စီမှာ ရဟန်း ၃ပါး ချက်ချင်း၊လူဝတ်လဲ ကျူးကျော် ဆိုပြီးထောင်၆လချသတဲ့..။နောက်ကွယ်ကကြိုးကိုင်
တာကတော့ သမ္မတရုံးက ၀န်ကြီး ဦးသိန်းညွှန်တဲ့...ဘာကြောင့်လဲ..ဆိုတော့ ဒီမြေတွေဟာ နောင်မှာ ၀န်ကြီးတွေ
မြေ ဖြစ်တော့မှာ ဆိုပဲ။ဒါကြောင့် အရှုပ်ထှုပ်တွေကို ရှင်းရတာ ဆိုပဲ။ဘုရား..ဘုရား..သံဃာ့ မြေတောင်လုယူနေကြပါလား..။
            ဒါပယ်မဲ့..ကိုယ်တွေက မစိုးရိမ်ပါဘူး..ဘုရား..ဒီနိုင်ငံမှာ အမျိုးဘာသာ၊သာသနာအတွက်ဆို ရှေ့ ဆုံးကရပ်
တည်မဲ့ ဆရာတော် ၀ီရသူနဲ့ ၉၆၉ အပေါင်းပါ တွေအုံလိုက်၊ကျင်းလိုက်ရှိနေတာ သိရ တော့ တစ်မျိုး အားတက်ရပြန်တယ်.
.ဘုရား..။ဒီလိုကိစ္စ မျိုး ဆို အရှင်ဘုရားတို့ အပေါင်းအပါအဖွဲ့ ဘာလုပ်မလဲ ဆိုတာ တစ်နိုင်ငံလုံးက စောင့်ကြည့်နေပါ
တယ်ဘုရား..။ပြည်သူတင် မကပါဘူး..မီဒီယာတွေ လည်း ပါတယ်...ဘုရား..။အထူးသဖြင့် DAILY ELEVEN ဆို မဖုံးနိုင်၊မ
ဖိနိုင် ..အရှင်ဘုရား တို့ကို ဘာလုပ်နေကြသလဲ ဆိုပြီး မျက်နှာဖုံးပါ တင်တဲ့အထိ ဒေါသတကြီး ရေးနေကြပါတယ် ဘုရား..။
သည်းခံပါဘုရား...။ပညာရှိ အမျက်အပြင်မထွက် ဆိုသလို ဆရာတော်တို့ မ.ဘ.သ ဘတ်ကအနေနဲ့ ဘယ်လိုတုန့်
ပြန်မယ်ဆိုတာကို အားလုံးက သိချင်နေကြပါတယ်...ဘုရား..။
              ဒါနဲ့..စကားမစပ်..ဘုရား...ဒီကိစ္စကို သမ္မတရုံးက ကိုင်တွယ်တယ် ဆိုတော့..နောက်ကွယ်မှာ သမ္မ တကြီး
ရှိနေပြီ ဆိုတာ ငြင်းမရတော့ပါဘူး..။ဒီသမ္မ တကြီး ဆိုတာလည်းသိပ်တောင်မကြာသေးပါဘူး...ဟိုတလောက လွှတ်တော်
ကို မျိုးစောင့် ဥပဒေဆိုတဲ့ ဟာကြီး တင်ထားဖူးတဲ့ လူကြီးပါဘုရား..။သူ့ဆီ စာတင်ပြီး အကူအညီတောင်းစေချင်ပါတယ်...
ဘုရား..။ဒါပယ်မဲ့ ..အကူအညီတော့ ရမယ်ထင်တော့ပါဝူး..ဘုရား...။လာဘ် မစားတဲ့ ဒီသမ္မ တကြီး ဟာ အခုချိန်ဆို
ရာဇဌာနီ လမ်းဟောင်းနားမှာ ရှိတဲ့ ဧက ၅၀၀ ကျယ်တဲ့ သူရဲ့ ခြံဝန်း ကြီးထဲက နွားတင်းကုပ်ဘေး
           မှာ နွားနို့ သောက်ပြီး အပန်းဖြေနေလောက်ပီ ထင်ပါရဲ့ ဘုရား..။နွားတင်ကုပ် ဆိုပယ်မဲ့ အထင်မသေးပါနဲ့ ဘုရား .
..ဆောက်ထားတာကတော့ အရှင်ဘုရားတို့ မစိုးရိမ် ကျောင်းတိုက် နီးပါး ဟင်ဂလန်၊အလူမီနီယံ ၊ရောင်စုံ သွပ်တွေနဲ့ပါ
ဘုရား..။မပြော၊မပြီး၊မတီးမမြည် ဆိုသလို ထောင်အကျမခံရသေးတဲ့ ကျန်ကျောင်းထိုင် ဆရာတော် တွေကိုလည်း ပြစ်မှု့
ဆိုင်ရာ ပုဒ်မ ၅၁၂ နဲ့ ထပ်မံ တရားစွဲထားပြီး..၀ရမ်းပြေးအဖြစ် ကြေညာသွားမှာပါတဲ့..ဘုရား...ဘုရား..မတွေးဝံ့ပါဘူ.း.။
ဓမ္မ၀ိနိယနဲ့လည်း မညီ၊ သံဃာ ၀ိနိ စ္ဆ လက်စွဲမှာလည်းမပါ...ဒီအစိုးရ လက်ထက် အဓမ္မ ပြုအနိုင်ကျင့်နေတာကို အရှင်
ဝီရသူ အပါအ၀င် ၊မ.ဘ.သ အပေါင်း ၉၆၉ များတို့ထိုင်မကြည့်နေပဲ ၀ိုင်းဝန်းကူညီ ကြပါလို့ အမျိုး၊ဘာသာ၊သာသနာ.
.အကျိုးး မျှော်ကိုးပြီး နှိုး ဆော်ပြီး တိုက်တွန်း လိုက်ရပါတယ်....ဘုရား.....။

Nay Myo Zin

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More