Sunday, April 27, 2014

ဦးအောင်မင်း၊ ဦးလှမောင်တင်၊ ဦးဇော်အေးမောင် တို့၏ အမှာစကား ကောက်နုတ်ချက်

အောင်စိုး (သတင်း)

ဦးအောင်မင်း အမှာစကား ကောက်နုတ်ချက်

ရခိုင်အမျိုးသား ညီလာခံမှ ချမှတ်သော ဆုံးဖြတ်ချက်များကို အကောင်ထည်ဖော်ရာတွင် နိုင်ငံတော်နှင့်အတူ ပူးပေါင်းဆောင်
ရွက်သွားနိုင်လိမ့်မည်ဟု မျှော်မှန်းကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့တွင် စတင်ကျင်းပပြုလုပ်သည့် ဧပြီ 
၂၇ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) ၌ ပြောကြားလိုက်သည်။
              "ရခိုင်ပြည်နယ်ဟာ တည်ငြိမ်အေးချမ်း လှပတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး၊ ဒီ ပြည်နယ် အစဉ် တည်ငြိမ်အေးချမ်းစေဖို့၊
 ဖွံ့ဖြိုးတိုးတက်လာစေဖို့ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်တွင်း/ပ ရခိုင်အင်အားစုများရဲ့ ဒီညီလာခံကနေ 
ဆုံးဖြတ်ချက်တွေကို နိုင်ငံတော်အစိုးရကလည်း အသိအမှတ်ပြုပါတယ်။ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်
ဖော်ရာမှာလည်း နိုင်ငံတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

  ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) ဦးလှမောင်တင် အမှာစကား ကောက်နုတ်ချက်

          တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့သည် တစ်ခုကို တစ်ခု အမှီသဟဲပြုနေပြီး 
တရားဥပဒေစိုးမိုးရေးသည် လွန်စွာအရေးပါကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချူပ်က ညီလာခံ အမှာစကားပြောရာတွင် 
ထည့်သွင်းပြောကြားလိုက်သည်။
          "ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ၊ ဘဝလုံခြုံမှုတို့ကို ဆောင်ရွက်ရာမှာ ပြည်သူလူထုက မေတ္တာကို 
အရင်းခံပြီး မိမိတို့လူမျိုး ဂုဏ်သိက္ခာညိုးနွမ်းမှုမရှိစေရန် သတိရှိရှိနဲ့ တရားဥပဒေကို လေးစားလိုက်နာစေချင်ပါတယ်။ 
ပြည်နယ်အစိုးရအနေနဲ့လည်း ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက်ကြိုးစားပြီး ၊ လမ်းတံတားများ တိုးချဲ့
ဆောက်လုပ်ခြင်း၊ စက်မှုဇုန်၊ စီးပွားရေးဇုန်များ အကောင်အထည်ဖော်ခြင်းအပြင် မဟာဓာတ်အားလိုင်းများ တည်ဆောက်
ခြင်းအပြင် ရခိုင်လူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လည်း ကြိုးပမ်းနေပါတယ်"



  
ဦးဇော်အေးမောင် အမှာစကား ကောက်နုတ်ချက်

          ရခိုင်ပြည်သည် ပြည်ထောင်စုကြီးက မည်သည့်အခါတွင်မှ ခွဲထွက်လိမ့်မည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသား
ရေးရာဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားလိုက်သည်။"ရခိုင်တိုင်းရင်းသား
တွေအနေနဲ့ ပြည်ထောင်စုကြီးက ဘယ်တော့မှ ခွဲထွက်သွားမှာ မဟုတ်ကြောင်း ဒီနေ့ဒီအချိန်က စပြီး ကျနော် ကတိပေး
ပြောကြားလိုပါတယ်။ ထို့နည်းတူ ပြည်ထောင်စု အစိုးရအနေနဲ့လည်း ရခိုင်တိုင်းရင်းသားတွေအပေါ် ကိုယ်ပိုင်ပြဌာန်းခွင့်၊
 လုပ်ပိုင်ခွင့်တွေ ပေးဖို့လည်း တောင်းဆိုပါတယ်။"
           ရခိုင်တိုင်းရင်းသားများအနေဖြင့် ပြဿနာရပ်များကို ကိုယ်တွယ်ဖြေရှင်းရာတွင် တရားဥပဒေ ဘောင်အောက်တွင်
သာ နူးညံ့သိမ်မွေ့စွာ ဖြေရှင်းရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။"သူတို့က ရိုက်မယ်၊ မုဒိန်းကျင့်မယ်၊ သတ်မယ်၊ ပြီးရင် 
ပြေးမယ်၊ နောက် ငိုပြမယ်။ ဒီတော့ ရခိုင်တွေက စိတ်မထိန်းနိုင်ဘဲ တုံ့ပြန်လိုက်ရင် သူတို့ဆင်တဲ့ အကွက်ထဲ ၀င်သွားမယ်။ 
နောက်ဆုံး အရာအားလုံး ဆုံးရှုံးတာက ရခိုင်အမျိုးသားတွေပဲဖြစ်တယ်။ ဒါကြောင့် ပြဿနာဖြစ်ရပ်တွေကို အင်အားသုံးပြီး 
မဖြေရှင်းစေလိုပါဘူး"
http://www.arakantimes.net/ မှ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More