Tuesday, April 1, 2014

သန်ခေါင်စာရင်းကောက်ရာမှာ ဘာကြောင့် ခဲတံသုံးတာလဲ ?

မင်္ဂလာပါ သူငယ်ချင်းများ ခင်ဗျာ....။
        အွန်လိုင်းမှာ သန်းခေါင်းစာရင်း ကောက်ခံမှု့ ကို မအောင်မြင်စေရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်းစာရင်း
 ဖြည့်စွက် ပုံစံ စာရွက်မှာ ခဲတံ နဲ့ ရေးသွင်း တာဟာ ယုံကြည်မှု့  မရှိပါဘူး ဆိုပြီး အွန်လိုင်းမှာ စိတ်ဓါတ်ရေးရာ
စစ်ဆင်ရေးတွေ လုပ်ကာ ပြည်သူအယုံအကြည်မရှိအောင် လုပ်နေတာကို တွေ့ လာရပါတယ်..။
    အဲဒီအတွက် ခိုင်လုံတဲ့ ဖြေရှင်းချက် တစ်ခုကို မိတ်ဆွေများ အားလုံး သိရှိစေရန် ဗဟုသုတ အနေနဲ့  ကိုဘစည်
ရှာဖွေကာ ကြိုးစားပြီး တင်ပြရခြင်းပါ..။ခဲတံကို အသုံးပြုရခြင်း အကြောင်းအရင်းကိုကျွန်တော် သိရသလောက် ကို
ဗဟုသုတ အနေနဲ့  အနည်းငယ်မျှဝေပါရစေခင်ဗျ..။
             အခု ကျွန်တော်တို့  နိုင်ငံမှာ ကောက်ယူမယ့် သန်းခေါင်းစာရင်း ကောက်ခံခြင်းနှင့် စာရင်းဇယားပြုစုခြင်း
လုပ်ငန်းတွင် အသုံး ပြု မယ့် နည်းပညာ ဟာ OMR ( Optical Mark Recognition) လို့ ခေါ်တဲ့ Scanner ကို အသုံး
ပြုပြီး စာရင်းဇယားပြုစုမည့် နည်းပညာ ပဲ ဖြစ်ပါတယ်..။ အဲဒီ လို စက်တွေကို ကမ္ဘာ နိုင်ငံအများစုတွင် သန်းခေါင်စာ
ရင်းကောက်ယူရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်..။
           အဲဒီ OMR Scanner စက်တွေရဲ့ အားသာချက်ကတော့ တစ်နာရီကို စာမျက်နှာပေါင်း ၃၀၀၀ ကနေ ၄၀၀၀
အထိ လျှင်မြန်စွာ နဲ့  အမှားအယွင်းမရှိဖတ်နိုင်ပါတယ်..။ အဲတော့ အချိန်တို အတွင်းမှာ သန်းခေါင်စာရင်း ဇယား ပြုစု
ရတာ လွယ်ကူတာပေါ့..နည်းပညာ အကူအညီကိုး..။တစ်နိုင်ငံလုံး ရဲ့  သန်းခေါင်စာရင်းကို ကောက်ခံပြီး စာရင်းပြုစုရာမှာ
ပုံမှန်ဆိုရင် တစ်နိုင်ငံလုံးရဲ့ သန်းခေါင်စာရင်းကို အချောသတ်အဆင့် ၊ အပြီးသတ် ပြီးဆုံးဖို့  ဆိုရင် အနည်းဆုံး ၃ နှစ် နီးပါ
အချိန်ယူရပါတယ်..။အခုလို နည်းပညာတွေ အကူအညီ ကိုရလိုက်တဲ့ အခါမှာ တစ်နိုင်ငံလုံး ရဲ့  ဖြည့်စွက်ပုံစံတွေ ကို ပထ
မဆုံး အဆင့်အနေနဲ့  Scanning လုပ်ရာမှာ အချိန် ( ၅ ) လ သာ ကြာမြင့်မည် ဖြစ်ပြီး ။ ဒုတိယ အဆင့် ဖြစ်တဲ့ စာရင်းဇယား
တွေ ရဲ့  အမှားပြင်ဆင်ခြင်းတွေ ၊ စာ၇င်းဇယားပြုစုခြင်းတွေ ၊ ဆန်းစစ်လေ့ လာခြင်းတွေ ကို အချိန် ( ၄ ) လ ပဲ ကြာမှာ
 ဖြစ်ပါတယ်..။ အဲတော့ အရင်က ၃ နှစ် အနည်းဆုံး နီးပါး အချိန်ယူပြီး ပြုစုရတဲ့ သန်းခေါင်စာရင်းဟာ အခု နည်းပညာ
 ခေတ်မှာ အများဆုံး ၉ လ ကနေ ၁၀ လ လောက်သာလျှင် အချိန်ယူရမှာပဲ ဖြစ်ပါတယ်..။
           အဲဒီ မြန်နှုန်းနဲ့  ဆိုရင် တစ်နိုင်ငံလုံး သန်းခေါင်းစာရင်းရဲ့  လူဦးရေ အခြေခံ အချက်အလက်များကို ၂၀၁၅ ခုနှစ်
 ပထမ ၄ လ ပတ် အတွင်း အပြီးသတ် ထုတ်ပြန်နိုင်မှာပဲ ဖြစ်ပါတယ်..။ ဒါက နည်းပညာ နဲ့  စက်ပစ္စည်းတွေ ရဲ့  အားသာ
ချက်ပါ...။ နောက်တစ်ခု အဲဒီစက်တွေရဲ့  အားနည်းချက်က ဘာလဲ ဆိုတော့ ဖြည့်စွက်ပုံစံစာရွက်တွေကို ရေးသွင်းတဲ့ အခါမှာ
 ဘောပင် နဲ့  ရေးသွင်းလို့  မရတာပဲ ဖြစ်ပါတယ်..။ ဘောပင်နဲ့  ရေးသွင်းတဲ့ အခါ Scanner က ကောင်းမွန်စွာ မဖတ်နိုင်ပါဘူး..။
ခဲတံ ကို ပဲ အသုံးပြုရပါတယ်..။ ခဲတံတောင်မှ 2b ဆိုတဲ့ သတ်မှတ်ထားတဲ့ ခဲတံကို ပဲ အသုံးပြုကာ ထည့်သွင်း ဖြည့်စွက်ရမှာ
 ဖြစ်ပါတယ်..။ သို့ မှသာ OMR Scanner တွေကနေ ဖြည့်စွက်ပုံစံတွေ မှာ ရေးသွင်းထားတဲ့ အချက်အလက်တွေကို လွယ်ကူ
စွာ အမှားအယွင်းမရှိဖတ်ရှု့ နိုင်မှာပဲ ဖြစ်ပါတယ်..။
             ကျွန်တော်တို့  နိုင်ငံတစ်ခုထဲမှာပဲ ထူးဆန်းပြီး သန်းခေါင်စာရင်းကို ခဲတံဖြင့် ကောက်တာမဟုတ်ပဲ ခေတ်မှီနည်းပညာ
OMR Scanner ကို အသုံးပြုပြီး ကောက်ခံတဲ့ နိုင်ငံတိုင်းရဲ့ သန်းခေါင်စာရင်းကောက်ခံရာမှာ 2b ခဲတံ နဲ့  ရေးသွင်းရတာဟာ ကမ္ဘာ
မှာလဲ ပုံစံတူ ပဲ ဖြစ်ပါတယ်..။ အဲဒီ Scanner တွေရဲ့  အားနည်းချက်တွေကတော့ .....ဖြည့်စွက်ပုံစံ စာရွက်များ ရေစိုလျှင် Scanner
စက်ကမဖတ်ပါဘူး...။ဖြည့်စွက်စာရွက်တွေ တွန့် ကျေနေလျှင်လဲ Scanner စက်က မဖတ်ပါဘူး...။
             ဘောပင်နဲ့ ရေးထားရင်လဲ Scanner စက်က မဖတ် နိုင်ပါဘူး...။သူသတ်မှတ်ထားတဲ့ ခဲတံမှသာလျှင် Scanner စက်မှ
အမှားအယွင်းမရှိ လွယ်ကူစွာ ဖတ်နိုင်မှာဖြစ်ပြီး စာရင်းဇယားပြုစုရာမှာ များစွာ အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်..။
ဒီလို သတ်မှတ်ထားတဲ့ ခဲတံကို အသုံးပြုရခြင်းဟာ နည်းပညာခေတ်ရဲ့  စက်ပစ္စည်း Scanner စက်တွေရဲ့  နည်းပညာအရ လိုအပ်
ချက်ကို ဖြည့်စည်းရတာပဲ ဖြစ်ပါတယ်..။ အဲဒီအတွက် အများပြည်သူ များမှ အထင်မလွဲ စေရန် ၊ အမြင်ရှင်းစေရန် နှင့် အထင်မမှား
စေရန်ရည်ရွယ်ပြီး အတွက် ကျွန်တော် အခု လို အသိပညာကို မျှဝေလိုက်ရတာပါ..။
              လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာမှာ အသုံးပြုတဲ့ ပုံရိပ်ဖတ်စက် ဆိုတဲ့ (OMR Scanners)တွေ ၊အဲတာနဲ့ ပတ်သက်
တဲ့ နည်းပညာ (Technology) တွေ ၊အဲဒီနည်းပညာတွေကို ကွန်ပြူတာမှာ ထည့်သွင်းပြီး အသုံးပြုရတဲ့ Software တွေ ဒါတွေ
အားလုံးဟာ UK နိုင်ငံမှ Company ကြီးတစ်ခုဖြစ်တဲ့ DSR Company မှ စက်ပစ္စည်း နဲ့  နည်းပညာ အကူအညီ ကို ရယူကာ သန်းခေါင်
စာရင်းကို အချိန်တိုအတွင်းမှာ စနစ်တကျ နဲ့  အမှားအယွင်းမရှိပဲ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး နဲ့  မှန်ကန်တိကျတဲ့ စာရင်း
ဇယားကို အချိန်တို အတွင်းမှာ ပြုစုနိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်..။
              ဒီခဲတံ နဲ့  ရေးသွင်းတာနဲ့  ပတ်သက်ပြီးတော့ ကုလားတွေ ကနေ အစိုးရ နဲ့  ပြည်သူအကြား ၊ တိုင်းရင်းသားတွေ နဲ့  အစိုးရ
အကြား အမြင်လွဲ အထင်မှားကာ သန်းခေါင်စာရင်းကောက်ခံမှု့ ကို မအောင်မြင်စေရန် အမျိုးမျိုး ရှုတ်ချနေမှု့ ကို သိသာ မြင်သာစေရန်
အမှား အမှန်ခွဲ ခြားတင်ပြကာ အသိအလင်း တံခါးကို ကို ဘစည်မှ ဖွင့်ပေးလိုက်ပါရစေ ခင်ဗျာ...။
                 အချင်းချင်း လက်တွေ မြဲနေအောင်တွဲထားကြပါ....။ ပြည်တွင်းသစ္စာဖောက် တစ်ချို့ နဲ့  နိုင်ငံတကာကလဲ သန်းခေါင်စာရင်း
ကို ရိုဟင်ဂျာ အမည်မထည့်သွင်းတာနဲ့ ပတ်သက်ပြီး မကျေနပ်ကြသောကြောင့် အမျိုးမျိုး မရိုး နိုင်အောင် တစ်မျိုးပြီး တစ်မျိုး လာပါလိမ့်
မယ်..။ ကုလားမှိုင်းမမိစေဖို့  တို့ တွေ အားလုံး သတိထားကြပါစို့ လို့  တိုက်တွန်းရင်း...။
                 ဒီ Post လေးကို ကျေးဇူးပြုပြီး Share ပေးပါ..အဖြူအမည်းကွဲကာ ကုလားမှိုင်း မမိစေရေး တစ်ဆင့် Share ပေးကြခြင်းဖြင့်
ကူညီပေးကြပါလို့  မေတ္တာ ရပ်ခံ ပါရစေခင်ဗျာ..။
မောင်နှမများ အားလုံးကို လေးစားချစ်ခင်လျှက်
ဘစည်(စင်ကာပူ)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More