Sunday, July 27, 2014
MSFအားဖိတ်ခေါ်ခဲ့အစိုးရအဖွဲ့၏ ကြေငြာချက်ကြောင့်ပြည်သူများစိတ် မကောင်းကြောင်းကြားရ၍၀မ်းနည်းမိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော
စစ်တွေ၊ ဇူလိုင် ၂၆ ရက်
             MSFအားဖိတ်ခေါ်ခဲ့အစိုးရအဖွဲ့၏ ကြေငြာချက်ကြောင့်ပြည်သူများစိတ် မကောင်းကြောင်းကြားရ၍ 
ဝမ်းနည်းမိကြောင်း ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ် ၀န်ကြီးချုပ်
ဦးမောင်မောင်အုန်းကပြောကြားခဲ့ကြောင်းသိရသည်။
               အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်၏ ရည်ရှည်ဖွံ့ဖြိုးတိုးတက်မှု နှင့် ဂုဏ်သိက္ခာ မြင့်မားစေရေးအ
တွက် ယင်းသို့ ရခိုင်ပြည်သူများ ကကန့်ကွက်ထားသည့်MSFအဖွဲ့အားဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပြည်နယ်အတွင်းဝင်ရောက်လာလျင် ပြည်နယ်အစိုးရနှင့် MOU ရေးထိုးရ
မည်ဖြစ်ပြီး ရခိုင်ပြည်သူများ၏ ဆန္ဒသဘောအတိုင်းသာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြော
ကြားခဲ့သည်။
             ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နေ့က ထုတ်ပြန်ခဲ့သည့်ကြေငြာချက်တွင် 
၂ဝ၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နှင့် ၂၇ရက်များတွင် ရန်ကုန်မြို့ Myanmar Peace Center ၌ ပြည်ထောင်စု အဆင့် 
အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (Union Level Emergency Coordination Center) အဖွဲ့ဝင်များနှင့် နိုင်ငံ
ခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊
 ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ MPC မှ ပညာရှင်များပါဝင်၍ ရခိုင်ပြည်နယ် 
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Action Plan ကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လူသား
ချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ကယ်ဆယ်ရေး အထောက်အပံ့ကိစ္စရပ်များအပြင် အဓိကအားဖြင့်
 ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း၊ 
          သို့ပါ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Action Plan) ကို နိုင်ငံတော်
အဆင့် ထိထိရောက်ရောက်လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် အပိုဒ်
(၂)တွင် ဖော်ပြခဲ့သော အဖွဲ့အစည်းများ ၊ MSF အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် 
ကျန်ရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများကိုလည်း ဖွံ့ဖြိုးတိုးတက်
ရေးလုပ်ငန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများတွင် ရခိုင်တိုင်း
ရင်းသားများ၏ ဆန္ဒကိုအလေးထားလျက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖိတ်ခေါ်အပ်
ကြောင်းပါရှိခဲ့သည်။
           ရခိုင်ပြည်နယ်အတွင်းသို့ MSF အဖွဲ့ဝင်ရောက်လာမည်ကို ဒေသခံများက ကန့် ကွက်သွားမည်ဖြစ်ကြောင်းနှင့် 
အစိုးရ၏ ဖိတ်ကြားချက်ကိုလည်း လက်ခံမည် မဟုတ်ကြောင်းဇူလိုင်လ ၂၅ ရက်နေ့၊နေ့လည်ပိုင်းတွင် စစ်တွေမြို့စေ
တနာမိုး ခန်းမတွင် ဒေသခံ ၁၅၀ ခန့်တို့ဖြင့် အဖွဲ့အစည်း ၃၀ ကျော်ပါဝင်သော ဆွေးနွေး ပွဲ တစ်ခုကိုကျင်းပပြုလုပ်ခဲ့ပြီး
 ဆုံဖြတ်ခဲ့ကြကြောင်းသိရသည်။
            ထို့ဆွေးနွေးပွဲ၌ပင် MSF အဖွဲ့အား ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်ခွင့်ပြု မည်မဟုတ်ကြောင်း၊ အကယ်၍
များတွင် လုံးဝတာဝန်မရှိကြောင်းလည်း ဆုံးဖြတ်ခဲ့ကြသည်ဟုသိရသည်။
Ref: R S V 
0 ထင်မြင်ချက်ပေးရန်:
Twitter Delicious Facebook Digg Stumbleupon Favorites More