Saturday, July 5, 2014

နေမာ၏ ဒဏ်ရာအခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေရသည့် ဘရာဇီး


         ကိုလံဘီယာကို အနိုင်ရခဲ့သော်လည်း အဓိက တိုက်စစ်မှူးနေမာ ဒဏ်ရာရသွားခြင်းကြောင့် ဘရာဇီး
အသင်းအတွက် အပြည့်အဝ မပျော်ရွှင်ရဘဲ သောကပွေနေရပြီ ဖြစ်သည်။အသက်(၂၂)နှစ်ရှိ နေမာသည် ဇူလိုင်
(၄)ရက် ညပိုင်းက ယှဉ်ပြိုင်သည့် ကမ္ဘာ့ဖလား ပွဲစဉ်တွင် ကိုလံဘီယာ နောက်ခံလူ ဂျူအန်ဇူနီဂါနှင့် ထိခိုက်မိပြီး
 ဒဏ်ရာရရှိခဲ့သည်။ ဇူနီဂါက နေမာ၏ နောက်ဘက်မှ ဘောလုံးလုယူ ဖိအားပေးရန် ကြိုးစားရာ ဘာစီလိုနာ တိုက်
စစ်မှူး၏ ကျောကို ဒူးဖြင့်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး နေမာအနေဖြင့် ပြင်းပြင်းထန်ထန် နာကျင်သွားဟန် တွေ့
ရသည်။
         ပွဲချိန်(၈၈)မိနစ်တွင် ဖြစ်ပွားခဲ့သည့် ထိခိုက်မှုကြောင့် နေမာသည် မည်သို့မျှ ဘောလုံး ဆက်မကစားနိုင်တော့
ဘဲ ခံစစ်မှူး ဟင်းနရစ်နှင့် လူစားလဲလှယ်ခဲ့ရသည်။ ၎င်းကို ထမ်းစင်ပေါ်တင်ကာ ကွင်းထဲမှ သယ်ထုတ်သွားရခြင်း
ဖြစ်ပြီး ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်။ ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီက “နေမာက ကျောအောက်ပိုင်းကို 
ဒူးနဲ့တိုက်ခံလိုက်ရတာပါ။ တော်တော် နာသွားပုံရတယ်။ အကြိုဗိုလ်လုပွဲမှာ သူကစားနိုင်ပါ့မလား ဆိုတာတော့ ကျွန်
တော်လည်း မသိဘူး။ ကြည့်ရတာတော့ လွယ်မယ့်ပုံ မပေါ်ဘူး။ သူ့နာကျင်မှု အခြေအနေရယ်၊ ဆရာဝန်တွေရဲ့ 
ဆုံးဖြတ်ချက်ရယ်ကို ကြည့်ပြီးမှာ ဆုံးဖြတ်ရမှာပဲ”ဟု ပြောကြားခဲ့သည်။
            ဇူလိုင်(၈)ရက် ညပိုင်းတွင် ဘီလိုဟိုရီဇန်တီတွင် ဂျာမနီနှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ၌ 
ဘရာဇီးအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားလည်း ပါဝင်နိုင်မည် မဟုတ်ချေ။ PSGအသင်း၏ ခံစစ်မှူးသည် 
ကိုလံဘီယာနှင့်ပွဲတွင် အဝါကတ် ထိခဲ့သဖြင့် တစ်ပွဲပယ်ခံရမည် ဖြစ်သည်။

_Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More