Monday, July 14, 2014

ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် လွဲချော်ခဲ့သော်လည်း ပြိုင်ပွဲ၏ ရွှေဘောလုံးဆုကို မက်ဆီ ရရှိ

 
             အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသော်လည်း အသင်းခေါင်းဆောင် 
လီယွန်နယ် မက်ဆီမှာမူ ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား အနေဖြင့် ရွှေဘောလုံးဆုကို ရရှိနိုင်ခဲ့သည်။
၎င်းသည် သောမတ်စ်မူလာ၊ အာဂျန်ရော်ဘင် အစရှိသည့် ပြိုင်ပွဲ၏ ခြေစွမ်းအပေါ်လွင်ဆုံး အခြားကစားသမား
 (၉)ဦးကို ကျော်ဖြတ်ပြီး အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ မက်ဆီသည် ကမ္ဘာ့ဖလားတွင်
 (၇)ပွဲကစားပြီး (၄)ဂိုးသွင်းကာ အသင်းဖော်များ ဂိုးသွင်းနိုင်အောင် (၁)ကြိမ် အထောက်အကူ ပြုနိုင်ခဲ့သည်။
(၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလားတွင် ဂိုးအများဆုံးသွင်းပြီး ရွှေဖိနပ်ဆုရှင် ဖြစ်ဖူးသည့် ဂျာမနီတိုက်စစ်မှူး 
သောမတ်စ်မူလာမှာ ဗိုလ်လုပွဲတွင် ဂိုးမသွင်းနိုင်သဖြင့် ယခုနှစ်တွင် ငွေဖိနပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ၎င်းက
 (၅)ဂိုး သွင်းခဲ့ခြင်းဖြစ်ပြီး (၆)ဂိုးရှင် ကိုလံဘီယာ တိုက်စစ်မှူး ဟာမက်စ်ရိုဒရီဂွတ်ဇ်က ရွှေဖိနပ်ပိုင်ရှင် ဖြစ်လာ
သည်။ မူလာသည် မက်ဆီ၏နောက်တွင် ဒုတိယ အကောင်းဆုံး ကစားသမားအဖြစ် ငွေဘောလုံးဆုကိုလည်း 
ရရှိခဲ့ပြီး တတိယ နေရာတွင် နယ်သာလန် တောင်ပံလူ ရော်ဘင်က ကြေးဘောလုံးဆုရှင်အဖြစ် ရပ်တည်ခဲ့သည်။
FIFA ၏ နည်းစနစ် လေ့လာရေး ကော်မတီက ရွေးချယ်အကဲဖြတ်မှုအရ အကောင်းဆုံး ဂိုးသမားဆုအဖြစ် ပေး
အပ်သည့် ရွှေလက်အိတ်ဆုကိုမူ ချန်ပီယံ ဂျာမနီအသင်းမှ မန်နျူရယ်လ် နျူအာက ရရှိခဲ့သည်။ အကောင်းဆုံး
 လူငယ်ကစားသမား ဆုကိုမူ ပြင်သစ်အသင်းမှ ပေါလ်ပေါ့ဂ်ဘာက ဆွတ်ခူးသွားနိုင်ခဲ့သည်။
Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More