Thursday, July 17, 2014

အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ခ် ပထမဆုံးအကြိမ် ပြည်ပထွက်ခွာခွင့်ရရှိ


7daydaily
            ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လက်ခ် ရှီနာဝါထရာ အနေဖြင့်
 ပထမဆုံးအကြိမ် ပြည်ပသို့ ထွက်ခွာခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို လက်ရှိ ထိန်းသိမ်း
ထားသည့် ထိုင်းစစ်တပ် အစိုးရက ယင်လက်ခ်ကို မေ ၂၂ ရက်၊ အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပသို့ ထွက်
ခွာရန် ခွင့်ပြုချက်ပေးလိုက်ကြောင်း စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။
           ယင်လက်ခ်သည် လာမည့်သီတင်းပတ်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်သို့ သွားရောက်ကာ သူမ၏ အစ်ကိုဖြစ်သူ
 ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ၏ (၆၅)နှစ်ပြည့် မွေးနေ့သို့ တက်ရောက်ဖွယ် ရှိသည်။ သူမ၏ ပြည်ပထွက်ခွာခွင့်
 တောင်းဆိုမှုအား စစ်တပ် အစိုးရကို အခြေပြု ဖွဲ့စည်းထားသည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ
 (NCPO)က ခွင့်ပြုပေးခဲ့သည်။
             “NCPO က ဝန်ကြီးချုပ် ယင်လက်ခ်ရဲ့ ပြည်ပထွက်ခွာခွင့် တောင်းခံလာမှုကို မနေ့က ခွင့်ပြုပေးလိုက်ပါတယ်။ ဘာ
ကြောင့်လဲဆိုတော့ အာဏာသိမ်းယူမှုနောက်ပိုင်း ယင်လက်ခ်ဟာ NCPO ရဲ့ လုပ်ဆောင်မှု အဝဝကို ဆန့်ကျင်မှု တစ်စုံတစ်ရာ
 မရှိခဲ့လို့ပါပဲ”ဟု စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဝင်သိုင်ဆူဗာရီးက ဇူလိုင် (၁၇)ရက်တွင် ပြောကြားခဲ့သည်။ 
၎င်းက ယင်လက်ခ်သည် ပြီးခဲ့သည့် ကာလများတွင် သိုသိုသိပ်သိပ်ပင် နေထိုင်ခဲ့ကြောင်းလည်း ဆိုသည်။
           ယင်လက်ခ်သည် ထိုင်းနိုင်ငံ၏ သမိုင်းတစ်လျှောက် ပထမဆုံး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခွင့်ရသည့် အမျိုးသမီး
လည်း ဖြစ်သည်။ သူမသည် စစ်တပ် အာဏာမသိမ်းမီ ရက်ပိုင်းတွင် အငြင်းပွားဖွယ် ခုံရုံးဆုံးဖြတ်ချက် တစ်ရပ်ဖြင့် ရာထူးမှ 
ဖယ်ရှားခံရပြီး အာဏာသိမ်းမှုအပြီးတွင် ယာယီထိန်းသိမ်းခံရသည့် ထိပ်တန်းနိုင်ငံရေးသမားများ အနက်မှ တစ်ဦးလည်း ဖြစ်
ခဲ့သည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More