Friday, July 18, 2014

ကုလသမ္မဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ ကင်တားနားနေရာတွင် အစားထိုးခန့်အပ်ခံရသူ မစ်ယောင်ဟီလီ ရခိုင်ပြည်နယ်သို့ရောက်ရှိ


စစ်တွေ၊ ဇူလိုင်လ ၁၈ ရက်
          ကုလသမ္မဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ ကင်တားနားနေရာတွင် အစားထိုးခန့်အပ်ခံရသူ
 မစ်ယောင်ဟီလီ သည် ဇူလိုင်လ ၁၈ ရက်နေက နံနက်ပိုင်းက ရခိုင်ပြည်နယ်သို့ရောက်ရှိလာကြောင်းသိရသည်။
မစ်ယောင်ဟီလီသည်နံနက်၁၀နာရီခန့်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးကယ်ဆယ်ရေးစခန်းများတွင် 
နေထိုင်သူများ၏ အခြေအနေများကိုမေးမြန်းခဲ့ကြောင်း၊ဘင်္ဂလီများအားယခင်ကကဲ့သို့ ပြန်လည်ထားရှိရေးအပါ
အ၀င်လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။ 
             ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်မှ လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်
 မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာဆိုသော လူမျိုးမရှိသည့်အတွက် မိမိတို့အနေဖြင့် လက်ခံနိုင်ရန်ခက်ခဲကြောင်း၊ သို့
သော်လည်းဘာသာရေးဆိုင်ရာ နေ့ရက်များတွင်ရုံးပိတ်ရက်အဖြစ် ပြုလုပ်ပေးထားသည်များမှာလူသားချင်းစာနာ
ထောက်ထားခြင်းသာဖြစ်ကြောင်း၊နိုင်ငံသားဖြစ်ခွင့်စိစစ်ပြီးမှသာ နိုင်ငံသားဖြစ်သူများအနေဖြင့် နိုင်သားအခွင့်အ
ရေးကိုရရှိမည်ဖြစ်ကြောင်း၊နိုင်ငံသားမဖြစ်သူများအနေဖြင့်နိုင်ငံသားအခွင့်အရေးရဖိုဆိုသည်မှာ မဖြစ်နိုင်ကြောင်း
များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
             ယင်းနောက် မစ်ယောင်ဟီလီအနေဖြင့် စစ်တွေအကျဉ်းထောင် နှင့် ကယ်ဆယ် ရေးစခန်းသို့ သွားရောက်
လေ့လာခဲ့သည်။ ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်တိုင်းရင်းသား များသည် အမုန်းတရားကြီးမားသူ 
မဟုတ်ကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ရခိုင်တိုင်းရင်းသားများ၏ ခံစား
ချက်ကို နားမလည်ခဲ့ခြင်းကြောင်း များကိုလည်း မစ်ယောင်ဟီလီအား ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ လူ့အခွင့်အ
ရေးဆိုင်ရာ အစီရင်ခံစာ တစ်ခုကိုပြုစုပြီး အောက်တို ဘာလတွင်ကျင်းပမည့် ၆၉ ကြိမ်မြောက် ကုလမသမဂ္ဂအထွေ
ထွေညီလာခံသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း လည်းသိရှိရပါသည်။
Ref : R S V

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More