Thursday, July 3, 2014

ဦးမင်းကိုနိုင် အဖွင့်စကားပြောမည့် အစီအစဉ် ပါနေ၍ စီးပွားရေးတက္ကသိုလ် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ပွဲပျက်


         ရန်ကုန်စီးပွားရေးတက္ကသိုလ်ထဲတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်၌ အဖွင့် အမှာစကား 
ပြောကြားမည့် ဦးမင်းကိုနိုင်ကို ကျောင်းတာဝန်ရှိသူများဘက်က ကန့်ကွက်ခဲ့သောကြောင့် အဆိုပါ ရုပ်ရှင်ပွဲ
တော်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
         ‘‘ရုပ်ရှင်ပွဲတော်ကျင်းပဖို့ကို ခွင့်ပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောင်တော်မျိုးဆက်ဖြစ်တဲ့ ကိုမင်းကိုနိုင်က
 အဖွင့်အမှာစကားပြောမှာကို ခွင့်မပြုပေးဘူးဆိုတော့ ရုပ်ရှင်ပွဲတော်ရဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ရော၊ ကျွန်တော်
တို့ ကျောင်းသားသမဂ္ဂတွေအနေနဲ့ရော ဒီပွဲဆက်ကျင်းပဖို့ အခက်အခဲရှိတယ်။ ခန်းမပြည့် လာကြတဲ့ကျောင်းသား
ထုတွေ၊ သတင်း မီဒီယာတွေရဲ့ရှေ့မှာပဲ ဖျက်သိမ်းလိုက်ရမယ့် အကြောင်းကို ကြေညာပြီး ဒီပွဲကိုဖျက်သိမ်းလိုက်
တာ ပါ’’ ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုစည်သူမောင်က ပြောသည်။
            တက္ကသိုလ်များတွင် ရုပ်ရှင်ပွဲတော် ကျင်းပခွင့် ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဖွင့်ပွဲတွင် ယခုကဲ့သို့ 
ကြုံတွေ့ရသောကြောင့် အခြားတက္ကသိုလ်များတွင် ကျင်းပခွင့်ရရှိရန် ခက်ခဲမှုများ ရှိနိုင်သော်လည်း ကျင်းပခွင့်ရ
ရန် ကြိုးစားသွားမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။
             ‘‘တက္ကသိုလ်ထဲမှာ ပြင်ပက ပညာရှင်တွေကို စကားပြောခွင့် တွေပြုနေတာပဲလေ။ ဒါပေမဲ့ ကိုမင်းကိုနိုင်
ကျမှ အဖွင့်စကား လေးပြောဖို့ ခွင့်မပြုဘူးဆိုတော့ တစ်မျိုးဖြစ်သွားတယ်။ ကိုမင်းကို နိုင်ရဲ့ ဂုဏ်သိက္ခာရှိသလို 
ကိုယ် တို့ရုပ်ရှင်ပွဲတော်ရဲ့ ဂုဏ်သိက္ခာ လည်းရှိတယ်ဆိုတော့ ရုပ်ရှင်ပွဲ တော် ကျင်းပလို့မရတော့ဘူးဆို ပြီး စိတ်မ
ကောင်းစွာနဲ့ဖျက်သိမ်း လိုက်ရတာပါ’’ ဟု ၎င်းက ပြော ကြားသည်။
            ဦးမင်းကိုနိုင်သည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သူတစ်ဦး ဖြစ်သကဲ့သို့ ရုပ်ရှင်
ပွဲတော်တွင်လည်း ၎င်း၏အမည်ဖြင့် ဆုသတ်မှတ်ပေးအပ်ထားသောကြောင့် ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး လှုပ်ရှား
သူများက အဖွင့်အမှာစကားပြောကြားရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပထမဆုံး
အကြိမ် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်ကို ကြည့်ရှုရန် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ကိုးရာခန့် လာရောက်ခဲ့ကြ
ကြောင်း သတင်းရရှိသည်။
            ‘‘ဒီပွဲမဖြစ်ပေမယ့် ကိုယ်တို့ကို ကမ်းလှမ်းထားတဲ့ အင်းစိန်က Myanmar Institute of Theology(MIT)မှာ
တော့ ရုပ်ရှင်ပွဲတော် လုပ်ဖြစ်မယ်ထင်တယ်’’ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။

Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More