Monday, July 14, 2014

မည်သည့်နိုင်ငံတကာဖိအားကိုမျှ အစ္စရေး၏ထိုးစစ်ကို ရပ်တန့်ပေးနိုင်လိမ့်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူဆို

 
               အပစ်အခတ်များရပ်စဲပေးရန် နိုင်ငံတကာက ဖိအားပေးတောင်းဆိုမှုများ ရှိနေသည့်တိုင် 
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ ထိုးစစ်တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်သွားမည်ဟု အစ္စရေး
ဝန်ကြီးချုပ် နေတန်ယာဟူက ပြောကြားလိုက်သည် ။
           ဇူလိုင်လ ၁၁ ရက်နေ့တွင် နေတန်ယာဟူက ဂါဇာဒေသတွင် အစ္စရေး၏လေကြောင်းမှ တိုက်ခိုက်
မှုများကို ဆက်လက်လုပ်ဆောင်နေမည်ဟု အတည်ပြုပြောဆိုလိုက်သည် ။ "" ကျွန်တော်တို့ရည်မှန်းချက်
အတိုင်း ဖြစ်မြောက်ပြီလို့ သေချာသွားပြီဆိုရင် ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ပေးပါမယ် ။ ကျွန်တော်တို့ရဲ့
ရည်မှန်းချက်ဆိုတာက လည်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ပြန်လည်ထိန်းသိမ်းထားဖို့ပါဘဲ "" ဟု နေ
တန်ယာဟူက ဆိုသည် ။
           ဂါဇာဒေသရှိ ဟားမားစ်စစ်သွေးကြွပြောက်ကျားတို့က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့
သည့်နောက်တွင် အစ္စရေးဘက်ကလည်း ဟားမားစ်တို့၏ အခြေကုတ်စစ်စခန်းများကို လေကြောင်းမှ ဗုံးကြဲ
တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။ ယခုအခါ ဂါဇာဒေသတွင် အရပ်သားများအပါအဝင် လူအသေအပျောက် ၁၀၀ 
ကျော်လာပြီဖြစ်ကြောင်း နိုင်ငံတကာကလည်း ထိုးစစ်များရပ်တန့်ပေးရန် တောင်းဆိုနေမှုများကို နှစ်ဘက်
စလုံးက မျက်ကွယ်ပြုထားကြဆဲဖြစ်သည် ။
           နေတန်ယာဟူက "" ကျွန်တော်တို့လုပ်ပိုင်ခွင့်ရှိသမျှ အရာအားလုံးကို လုပ်ဆောင်နေပါတယ် ။ ဒီအ
တွက် ဘယ်လိုနိုင်ငံတကာဖိအားမျိုးကိုမှလည်း လက်မခံနိုင်ဘူး ။ ကျွန်တော်တို့ပြောပြီးပါပြီ ။ ဖြစ်နိုင်ခြေရှိသ
မျှအရာအားလုံးကို ကျွန်တော်တို့ပြင်ဆင်ထားပြီးပါပြီ "" ဟု ဝန်ကြီးချုပ်နေတန်ယာဟူက ပြောကြားထားသည် ။ 
ယခုလတ်တလောတွင် အစ္စရေးတို့၏ အရံတပ်ဖွဲ့များကို ဂါဇာနှင့်အနီးဆုံးနေရာများသို့ တပ်စခန်းချ ပို့ဆောင်
ထားပြီးဖြစ်သည် ။
           ဂါဇာဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့်နောက် အစ္စရေးလေတပ်သည် ဇူလိုင်လ ၈ ရက်နေ့ကစ
တင်ကာ ဂါဇာဒေသသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည် ။ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းအထိ ဂါဇာ
ဘက်တွင် ပါလက်စတိုင်းသား ၁၂၀ ကျော် သေဆုံးခဲ့ပြီး ၎င်းတွင် အရပ်သားအများအပြားပါဝင်ခဲ့သည် ။ 
ထိုအတောအတွင်း ဂါဇာရှိ ဟားမားစ်စစ်သွေးကြွအဖွဲ့ကလည်း အစ္စရေးနယ်နမိတ်ဘက်သို့ ဒုံးကျည် ၆၀၀ 
ကျော်မျှ ပစ်လွှတ်ခဲ့သော်လည်း အများစုကို အစ္စရေး၏ ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်များက တားဆီးနိုင်ခဲ့သည် ။
 သို့သော်လည်း ဓါတ်ဆီဆိုင်တစ်ဆိုင်ကို ဒုံးကျည်ထိမှန်ခဲ့သည့်ဖြစ်ရပ်တွင်မူ အစ္စရေးအရပ်သားတစ်ဦးနှင့် 
စစ်မှုထမ်းတစ်ဦးတို့ ပြင်းထန်စွာဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည် ။
7 Day News

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More