Friday, July 4, 2014

လုပ်သေနပ်ကိုင်ဆောင်သူအား ထောင်ချခြင်းအပေါ် ပြန်လည်စိစစ်ပေးမည်ဟု ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းပြောကြား



စစ်တွေ၊ ဇူလိုင်လ ၄ ရက်
                 ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲ၊ သဲချောင်းအုပ်စု၊ 
ကျွန်းတောင်ရွာဟောင်းတွင် တစ်ဦးတည်းနေထိုင်ကာ တူးမီး လုပ်သေနတ် တစ်လက်ဖြင့် ၎င်း၏ ဘိုးဘွားပိုင် လယ်မြေကို 
ကာကွယ်နေသူကိုသန်းထိုက်အား ရဲများက ဖမ်းဆီး ထောင်ချလိုက်ခြင်းနှင့်ပတ်သက်၍ မြို့မိမြိ့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်း
က တင်ပြသဖြင့် ယင်းအပေါ် ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ယနေ့တွင်ပြော
 ကြား လိုက်သည်။
           “လုပ်သေနပ်ကိုင်တယ်ဆိုတာကလည်း အကြောင်းအမျိုးမျိုးရှိတယ်။ တောပစ်ဖို့ကိုင်တာ၊ လုံခြုံရေး အတွက် ခုခံကာ
ကွယ်ဖို့ကိုင်တာ၊ အစရှိသည်ဖြင့်ရှိတယ်။ သေနပ်ကိုင်တိုင်းလည်း အဖြစ်မဟုတ် ပါဘူး”ဟု ဦးမောင်မောင်အုန်းက ပြောကြား
ခဲ့ပါသည်။ကိုသန်းထိုက်အား ဇွန်လ ၂၆ ရက်နေ့က ထောင်ဒဏ် (၁) နှစ် ချမှတ် လိုက်ခြင်းဖြစ်ပြီး ယင်းသို့ ချမှတ်ခြင်းသည်
 ဒေသတွင်း နေထိုင်သော တိုင်းရင်းသားများအတွက် အခက်အခဲများစွာဖြစ် စေ ကြောင်းနှင့် ဘင်္ဂလီများ လက်ထဲသို့ ရောက်
ရှိနေသော နေသပ်များကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်း ဆီး နိုင်ခြင်းမရှိကြောင်း၊ ဒုချရားတန်းကိစ္စတွင် ဘင်္ဂလီများဘက်မှ ခေတ်
မီလက်နက်များဖြင့်ပစ်ခတ်ခဲ့မှု များလည်း ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့မှသိရသည်။ သို့သော်လည်း ယင်းသတင်း
ကို သက် ဆိုင်ရာမှ ဖုံးဖိထားခဲ့ကြောင်းလည်း သိရသည်။ 
              ကိုသန်းထိုက်သည် မိမိလုံခြုံရေးနှင့် မိသားစုလုံခြုံရေးအတွက် လက်လုပ်သေနပ် အား ကိုင် ဆောင်ထားခြင်းဖြစ်
သော်လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တောင်ပြိုမြို့နယ်ခွဲ ရဲစခန်းတွင် တာဝန်ကျနေသူ ဒုရဲအုပ် ရဲရင့်မင်းဖြိုး
ဝေမှ ၎င်းရွာသို့ သွားရောက်ပြီး ဖမ်းဆီးခဲ့ကာ တရားမ၀င် သေနတ်ကိုင်ဆောင်မူဖြင့် တရားစွဲဆိုခဲ့သည်။
            ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေ သည် မကြာသေးမီကလည်း တရားခံတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူး လွန်မှုဖြင့် တရား
ခံအား ငွေငါးသိန်းကျပ် လျော်ကြေးပေးထားရသူဖြစ်သည်။ တရားခံဖြစ်သူမှာ စစ်တွေ ဆေးရုံသို့ တက်ရောက်ကုသခံရ သည်အ
ထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ယင်းအတွက် တိုင်းရင်း သားများအပေါ် အခဲမကျေဖြစ်နေသူတစ်ဦးလည်းဖြစ်သည်။
ကိုသန်းထိုက်အား ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က မောင်တောမြို့နယ် တရားရုံးမှ ၎င်းအမူဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်
ရာ မိသားစုက မကျေနပ်၍ မြိ့နယ် တရားရုံးသို့ အယူခံဝင်ရာ ဇူလိုင်လ ၃ ရက်နေ့ ပြစ်ဒဏ်ကို (၆)လ ဟု လျှော့ချ ပြင်ဆင် 
သတ်မှတ် ပေးလိုက်သည်ဟု သိရသည်။
(သတင်း-မောင်တောသား)

Ref: R S V

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More