Thursday, July 31, 2014

ဧရာဝတီတိုင်းအတွင်းမှ ရခိုင်ကိုယ်စားလှယ် ( ၇ ) ဦး ANP ညီလာခံသို့ တက်ရောက်ခွင့်ရမည်



နိရဉ္ဇရာ / ဇူလိုင် ၃၁ / ၂၀၁၄
               ရခိုင်ကျေးရွာပေါင်း ( ၁၅၀ ) ခန့်တည်ရှိသော ဧရာဝတီတိုင်းမှ သံတွဲမြို့ ၊ ငပလီတွင်ပြုလုပ်မည့် 
ရခိုင်အမျိုးသားပါတီ ( ANP ) ညီလာခံသို့ ကိုယ်စားလှယ် ( ၇ ) ဦးကို နက်ရောက်ခွင့်ပြုမည်ဟု သိရသည် ။
"" ဘယ်မြို့နယ်တွေက ရခိုင်ကိုယ်စားလှယ်တွေဆိုတာကိုတော့ ပြောဖို့ခက်နေတယ် ။ ဧရာဝတီတိုင်းမှာ ရခိုင်
ကျေးရွာပေါင်း ( ၁၅၀ ) ခန့်ရှိပြီး အဲဒီရွာတွေအထဲက ရွေးချယ်သတ်မှတ်မှာဖြစ်ပါတယ် ။ ဧရာဝတီတိုင်း ရခိုင်
အမျိုးသားပါတီကို နီးစပ်ရာ ကျေးရွာတွေအလိုက် အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး အဲဒီအထဲက မြို့နယ် / ခရိုင်အဆင့်
 ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ် "" ဟု ANP စည်းရုံးရေးခရီးစဉ်ဆင်းခဲ့သူ ဦးလှမြင့်
က ပြောသည် ။
           ရခိုင်အမျိုးသားပါတီအနေဖြင့် ညီလာခံသို့တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ရာတွင် 
မြို့နယ် တစ်မြို့နယ်စီကို ( ၅ ) ဦး ၊ ခရိုင်တစ်မြို့စီကို ( ၇ ) ဦး သတ်မှတ်ထားပြီး ဧရာဝတီတိုင်းကိုလည်း 
ရန်ကုန်တိုင်းနည်းတူ ခရိုင်အဆင့်ဆင့် သတ်မှတ်ထားသဖြင့် ကိုယ်စားလှယ် ( ၇ ) ဦးသာ စေလွှတ်ခွင့်ရမည်
ဖြစ်သည် ။
       "" ဧရာဝတီတိုင်းက ရခိုင်ကျေးရွာတွေအနေနဲ့ အခုအချိန်ထိ ရခိုင်လိုပြောဆို ၊ ရခိုင်လိုစားသောက်နေထိုင်
တာတွေကို တွေ့ရတယ် ။ အခုလို ကျွန်တော်တို့ဆင်းပြီး ရခိုင်လူထုနဲ့ တွေ့ဆုံပွဲလုပ်တော့ အထူးအားရကျေနပ်
ပါတယ် ။ အားပေးထောက်ခံကြပါတယ် "" ဟု ဆိုသည် ။
           ဧရာဝတီတိုင်းတွင် ရခိုင်ကျေးရွာအုပ်စုပေါင်း ( ၃၃ ) စုရှိပြီး ကျေးရွာပေါင်း ( ၁၅၀ ) ခန့် ရခိုင်လူဦးရေ
 ( ၆ ) သောင်းခန့်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဘကြူကို ကိုးကားပြီး
 ဦးလှမြင့်ကပြောသည် ။ စုစုပေါင်း တိုင်းလုံးကျွတ်လူဦးရေ ( ၆ ) သန်းရှိရာ ကရင်လူဦးရေမှာ ( ၁၃ ) သိန်းရှိ
သည်ဟု သိရှိရသည် ။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More