Saturday, July 5, 2014

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကျေးရွာများ လုံခြုံမှုအားနည်း၍ ပြိုပျက်လုဖြစ်နေ


တောင်ပြို၊ ဇူလိုင် ၅
            နယ်စပ်ဘင်္ဂလားဒေ့ရှ်ကျေးရွာများ လုံခြုံမှုအားနည်း၍ ပြိုပျက်လုဖြစ်နေကြောင်းဒေသခံများ
ကပြောဆိုကြသည်။ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် ကပ်ရပ်တည်ရှိသော ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် 
တည်ရှိသော ရခိုင်တိုင်းရင်းသား ကျေးရွာများမှာ လုံခြုံမူအားနည်းနေသဖြင့် အချို့ကျေးရွာများမှာ ပြိုပျက်
လုနီးပါးရှိနေသော်လည်း မိမိတို့ဒေသအား စွန့်ခွာမသွားဘဲ ရရာလက်နက်များဖြင့်ခုခံနေရကြောင်းပြော
ဆိုကြသည်။
       ယင်းသို့ ကျေးရွာလုံခြုံရေးအရ ထားရှိသည့် တူမီးလုပ်သေနပ်များကိုင်ဆောင်လျင်လည်း သက်ဆိုင်ရာမှ
 ဖမ်းဆီးထောင်ချနေခြင်းမှာ ဒေသခံများအား မောင်တောနယ်စပ်တွင် တာရှည်တောင့်မခံနိုင်အောင် တွန်းအား
ပေးရာရောက်ကြောင်းလည်း ဆိုကြသည်။လက်ရှိအနေအထားတွင် ဘင်္ဂလီကျေးရွာများတွင် နေအိမ်ထောင်ချီရှိ
နေသော်လည်း တိုင်းရင်းသားကျေးရွာများတွင် နေအိမ် ၁၀၀ ပြည့်သည့်ရွာများ နည်းပါးလာနေပြီဖြစ်ကြောင်းသိ
ရသည်။ဒေသတွင် လုံခြုံမှုမရှိသဖြင့် ငါးရှာ၊ထင်းရှာ မထွက်နိုင်ဖြစ်နေခြင်း၊ အလုပ်အကိုင်မရှိဖြစ်နေခြင်းတို့ကြောင့်
တိုင်းရင်းသားများ ဆင်းရဲမွဲတည်မှု များပြားလာနေသော်လည်း ဒေသခံများက မျိုးချစ်စိတ်ဓါတ် အပြည့်ဖြင့် နည်း
လမ်းမျိုးစုံကို အသုံးချပြီး ကာကွယ်နေကြသည်ဟု သိရသည်။
            မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲ၊ သဲချောင်းအုပ်စု၊ ကျွန်းတွင်ရွာဟောင်းတွင် တစ်လုံး
တည်းကျန်ရှိနေသာ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်း နေထိုင်ကာ သူ၏ မိဘဘိုးဘွားပိုင်မြေကို လုပ်သေနတ် (တူးမီး)
 တစ်လက်ဖြင့် ကာကွယ်နေသူဦးသန်းထိုက်အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တောင်ပြိုမြို့နယ်ခွဲ ရဲစခန်း
မှ ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေမှ တရားမ၀င် သေနတ်ကိုင်ဆောင်မူဖြင့်ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ဦးသန်းထိုက်အား 
ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က မောင်တောမြို့နယ် တရားရုံးမှ ၎င်းအမူဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့သည်။ “ဒီလို 
နယ်စပ်ကျေးရွာတွေမှာ လုံခြုံရေးအရ ကိုင်တဲ့ လက်နက်တွေ ကို ဖမ်းဆီးထောင်ချတယ်ဆိုတာကတော့ အာဏာပိုင်
တွေဘက်က အမျိုးသားရေး အမြင် သိပ်အားနည်တယ်လို့မြင်ပါတယ်”ဟု တောင်ပြိုဒေသခံတစ်ဦးကဆိုသည်။

Ref : R S V

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More