Saturday, July 5, 2014

ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်နေသည်ဟုစွပ်စွဲ


         ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်နေကြ ကြောင်း လက်ရှိဖြစ်ပွားနေသော လူမျိုးရေး၊
ဘာသာရေးအသွင် ဆောင်သည့် ပဋိပက္ခများနှင့်ပတ် သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။
        ‘‘ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်နေတာကတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီ 
ဘူး။ လုပ်လည်း မလုပ်အပ်တဲ့ကိစ္စ ဖြစ်တယ်။ နောင်အန္တရာယ်တွေ လည်းအများကြီးဖြစ်နိုင်တယ်’’ဟု ဇူလိုင်
 ၄ ရက်က ကျင်းပသည့် ပြည် သူ့လွှတ်တော်အစည်းအဝေးမစ တင်မီအချိန်တွင် ဒေါ်အောင်ဆန်း စုကြည်
က မီဒီယာများအား ပြော ကြားခဲ့သည်။
           ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး အမျိုး သားဒီမို
ကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သော ကြေညာချက် အား အတုပြန်လည်ထုတ်ပြန် ခြင်းသည် နိုင်ငံရေးအရ 
တိုက် ခိုက်မှုဖြစ်ပြီး ဘာသာရေးကို နိုင်ငံ ရေးအရ သုံးနေပြီလားဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
အနေဖြင့် စဉ်းစားရတော့မည် ဖြစ်သည်ဟုလည်း ဒေါ်အောင် ဆန်းစုကြည်ကဆိုသည်။
         အာဏာပိုင်များအနေဖြင့် ပဋိပက္ခများဖြစ်လာပါက ပြည်သူ လူထု၏ အသက်အိုးအိမ်စည်း စိမ်ကို ကာ
ကွယ်စောင့်ရှောက်ရေးကို ဦးစားပေးသင့်ကြောင်း၊ ကောလာဟလ သတင်းများကြောင့် ပြည်သူများ ထိတ်လန့်
နေမှုများရှိသည့်အတွက် အာဏာပိုင်များအနေဖြင့် ပဋိပက္ခဖြစ်အောင်ဆောင် ရွက်နေသူများကို ထိထိရောက် 
ရောက်အရေးယူရန်တို့ပါရှိသည်။
           မန္တလေးတွင်ဖြစ်ပွားနေ သော ပဋိပက္ခနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၂ ရက် 
ရက်စွဲဖြင့် ကြေညာ ချက်ထုတ်ပြန်ပြီး မကြာမီအချိန် ပိုင်းတွင်ပင် ယင်းကြေညာချက် ကို ပြင်ဆင်ထားသည့် အမျိုး
သား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေး အရ တိုက်ခိုက်လိုသည့် စကား လုံးများ၊ စာသားများပါဝင်သည့် ကြေညာ
ချက် အတုတစ်စောင် ထွက်ပေါ်လာခဲ့သည်။ တပ်မ တော်အစိုးရအုပ်ချုပ်စဉ်ကာလ က လူမျိုးရေး၊ ဘာသာရေး
 အသွင်ဆောင်သည့် အကြမ်းဖက် မှုများမဖြစ်ပေါ်ခဲ့သော်လည်း ဘာ သာရေးအသွင်ဆောင်သည့် အ ကြမ်းဖက်
မှုများဖြစ်ပွားခဲ့သည်။
            လက်ရှိဖြစ်ပွားနေသော အ ကြမ်းဖက်မှုပဋိပက္ခများသည် သွေးရိုးသားရိုးမဟုတ်ဘဲ အခြား သော ပယောဂ
များကြောင့် ဖြစ် နိုင်ကြောင်း ပြည်ထောင်စုလွှတ် တော်နာယကသူရဦးရွှေမန်းက လည်း ဇူလိုင် ၃ ရက်ပြုလုပ်ခဲ့ 
သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ပြောကြားထားသည်။ တပ် မတော်မှ ဦးစီးကာ ဆယ်စုနှစ်တစ် စုကျော်ကြာ 
အချိန်ယူရေးဆွဲခဲ့ သည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၄ တွင် ‘‘နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ 
သာသနာကို အလွဲသုံးစားမပြုရ။
            ထို့အပြင် လူမျိုးရေးကြောင့် သော်လည်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်  တစ်ဖက်၊
 တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်း ကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာ စေရန် ရည်ရွယ်သော 
(သို့) ပေါ် ပေါက်လာရန် အကြောင်းရှိသော   အပြုအမှုသည် ဤဖွဲ့စည်းပုံ အ ခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထို
အပြုအမူမျိုးအတွက် ပြစ်ဒဏ် ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင် သည်’’ဟု ပါရှိသည်။

Ref : 7 Day News Daily 

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More