Saturday, July 26, 2014

မြောက်ဦး တွင်စစ်ယူနီဖောင်းဝတ် ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးရမိ




      စစ်ယူနီဖောင်းဝတ် ဘင်္ဂလီတစ်ဦးအား ခိုးရာပါ သက်သေခံပစ္စည်းများနှင့်အတူ ဇူလိုင်လ ၂၀ ရက်နေ့၊
 နံနက် ၁ နာရီအချိန်ခန့်က မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်အတွင်း ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဘင်္ဂလီမှာ မြောက်ဦးမြို့နှင့် အရှေ့ဘက် ၅ မိုင်ခန့်အကွာ ပေါင်းတုပ်ကျေးရွာတွင် နေထိုင်သူတစ်ဦး
ဖြစ်ကာ မြောက်ဦးမြို့တွင်းသို့ ၀င်ရောက်နေခြင်းဖြစ်ပြီး ကုန်သည်တန်း လမ်းဆုံအနီးတွင် နယ်လှည့်ရဲအဖွဲ့ 
ကင်းနှင့် တွေ့ဆုံစဉ် ခေါ်ယူစစ်ဆေးရာမှ တပ်မတော်သားမဟုတ်ကြောင်း သိရှိရခြင်းဖြစ်သည်။
        “ကနေ့ နံနက်ပိုင်း ၁ နာရီလောက်မှာ ဖမ်းဆီးရမိတယ်လို့ သတင်းကြားသိရပါတယ်။ သူခိုးတွေဟာ
 စစ်တပ်ရဲ့ ယူနီဖောင်း တွေကို ဝတ်ထားပြီးတော့ ခိုးယူလာတဲ့ ပစ္စည်းတွေ၊ ခြင်ထောင်တွေကိုလည်း သူတို့နဲ့ 
အတူ ရရှိခဲ့တယ်လို့ သိရပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင်က ပြောသည်။
           သို့ရာတွင် မြောက်ဦးမြို့မ ရဲစခန်းမှ အဆိုပါ သတင်းမှာ မှားယွင်းသတင်းဖြစ်ကြောင်းနှင့် ထိုသို့ ဖမ်း
ဆီးထားမှုမှာ လုံးဝ မရှိကြောင်း တာဝန်ကျ ရဲအရာရှိမှ ဖြေဆိုခဲ့သည်။ အဆိုပါ စစ်ယူနီဖောင်းဝတ် ဘင်္ဂလီ ခိုး
ယူခဲ့သည့် ဆေးခြင်ထောင် ၃၄ လုံးမှာ ကျေးလက်ကျန်းမာရေး သားဖွားဆရာမ ဒေါ်ဖြူမှ ကြိမ်ချောင်းကျေးရွာ
တွင် ပေးအပ်ရန် ဌာနမှ ထုတ်ယူလာသည့် ပစ္စည်းများဖြစ်ကြောင်း သူမက အတည်ပြု ပြောကြားခဲ့သည်။

ဇော်ဇော် ( မြောက်ဦး)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More