Wednesday, July 16, 2014

တက္ကသိုလ်များကို လွတ်လပ်စွာရွေးချယ်တက်ခွင့်ရနိုင်မည့်အချက်များပါသည့် အမျိုးသားပညာရေးဥပဒေမူကြမ်း အတည်ပြု


           အခြေခံပညာမှ အဆင့်မြင့်ပညာရေးသို့ ကူးပြောင်းသင်ယူရာတွင် အမှတ်ဖြင့် တက္ကသိုလ်ရွေးချယ်တက်ရောက် 
ရသည့်စနစ်အစားတက်ရောက် လိုသည့် တက္ကသိုလ်များကိုလွတ် လပ်စွာရွေးချယ်ခွင့်များရရှိနိုင် သည့်အချက်များပါဝင်
သော အ မျိုးသားပညာရေးဥပဒေမူကြမ်း ကို အမျိုးသားလွှတ်တော်မှ အ တည်ပြုလိုက်ပြီဖြစ်သည်။
            မြန်မာနိုင်ငံ၏ ပညာရေးစ နစ်ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့လွှတ်တော်မှ အတည်ပြု ရေးဆွဲထားသည့်
အမျိုးသားပညာ   ရေးဥပဒေကြမ်းကို ပြင်ဆင်ချက် ပေါင်း ၇၁ခုဖြင့် ဥပဒေကြမ်းတစ် ခုလုံးနီးပါး ပြင်ဆင်ဖြည့်စွက်ကာ 
အတည်ပြုလိုက်ခြင်းဖြစ်သည်။
           ‘‘ဒီဥပဒေကြမ်းအပေါ်မှာ  ပညာရေးဆိုင်ရာအဖွဲ့အစည်း တွေ၊ ကွန်ရက်တွေကကန့်ကွက် မှုတွေရှိခဲ့ပါတယ်။ သူတို့က
လည်း လွှတ်တော်ကိုလာပြီး ဆွေးနွေးညှိ နှိုင်းခဲ့တဲ့အတွက် အဲဒီအဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေ၊ လွှတ်တော် ကိုယ်စားလှယ်
တွေရဲ့ ဆွေးနွေးမှု တွေနဲ့အတူ ၀န်ကြီးဌာနနဲ့လည်း ညှိနှိုင်းပြီးဒီလိုပြင်ဆင်ခဲ့တာဖြစ် ပါတယ်’’ဟု အမျိုးသားလွှတ် တော်ဥပ
ဒေကြမ်းကော်မတီအ တွင်းရေးမှူးကပြောသည်။
           ဇူလိုင် ၁၅ရက်တွင် ပြုလုပ် သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်း ကော်မတီမှ အမျိုးသားပညာ
ရေး ဥပဒေကြမ်းအား ပြင်ဆင်ချက် များကို လွှတ်တော်သို့ တင်သွင်း ပြီးနောက် လွှတ်တော်၏ဆုံးဖြတ် ချက်ရယူကာ အတည်
ပြုခဲ့ခြင်း ဖြစ်သည်။
           အမျိုးသားလွှတ်တော်၏ပြင် ဆင်ချက်များတွင် အခြေခံနှင့် အ ဆင့်မြင့်ပညာရပ်များအပြင်ပညာ ရေးစနစ်အမျိုးမျိုးကို
လွှမ်းခြုံနိုင် သော အချက်များကိုထည့်သွင်း ရေးသားထားပြီး တက္ကသိုလ်၊ ကောလိပ်များအားလွတ်လပ်စွာ စီမံခန့်ခွဲပေးထားခြင်း၊
 အခြေခံပ ညာရေးစနစ်အား ၁၂တန်းအထိ သင်ကြားနိုင်ရန်စီမံထားပြီး သုံးနှစ် မှငါးနှစ်အထိ ကလေးငယ်များ အား မူကြိုပညာ
ရေးစနစ်အဖြစ် ဖော်ဆောင်သင်ကြားရန်စသည့် အချက်များကို ထည့်သွင်းထား သည်။
           ထို့အပြင် ပညာရေးအဖွဲ့အ စည်းများနှင့်ကွန်ရက်များမှကန့် ကွက်ထားသော အမျိုးသားပညာ ရေးကောင်စီတွင် ဒုတိယ
သမ္မတ တစ်ဦးအားကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ရမည်ဆိုသည့် အချက် အား ပယ်ဖျက်၍ ကောင်စီနေရာ တွင် ကော်မရှင်ကို 
အစားထိုး ထည့်သွင်းပြီး ပြည်ထောင်စုအ ဆင့်ပုဂ္ဂိုလ်တစ်ဦးဦးက ဥက္ကဋ္ဌအ ဖြစ်ဆောင်ရွက်ကာ ပညာရေးနှင့် သက်ဆိုင်သည့်
လွှတ်တော်နှစ်ရပ် ရေးကာကော်မတီများမှ ကိုယ် စားလှယ်များနှင့်တိုင်းရင်းသားပ ညာရှင်များပါ ပါဝင်ဖွဲ့စည်းရမည် ဟု ပြင်
ဆင်ထားသည်။
        အဆိုပါကော်မရှင်အနေဖြင့်  ပညာရေးလုပ်ငန်းစဉ်တစ်ခုလုံး ကို အောက်ခြေအထိဝင်ရောက် စွက်ဖက်ရန်မလိုဘဲ မူဝါဒပိုင်း 
ကိစ္စရပ်များကိုသာ ပေါင်းစပ်ဖြည့် ဆည်းညှိနှိုင်းဆောင်ရွက်ပေးရန် ဥပဒေကြမ်းတွင် ပြင်ဆင်ထည့် သွင်းထားသည်။
        ‘‘အခုပြင်လိုက်တဲ့အချက် တော်တော်များများက ကော်မတီ ကပြင်တာထက် လာပြီးဆွေးနွေး တင်ပြတဲ့ပညာရေးဆိုင်ရာအဖွဲ့
 အစည်းတွေ၊ ကွန်ရက်တွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ တင် ပြချက် တော်တော်များများကို ထည့်သွင်းရေးဆွဲထားတာဖြစ်
ပါ တယ်’’ဟု ဥပဒေကြမ်းကော်မတီ ၀င်တစ်ဦးကပြောသည်။
          အမျိုးသားလွှတ်တော်မှအ တည်ပြုလိုက်သော အဆိုပါဥပဒေ ကြမ်းသည် ပြည်သူ့လွှတ်တော်မှ အတည်ပြုချက်များနှင့် 
များစွာ ကွဲလွဲနေသဖြင့် ကွဲလွဲချက်များ ကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြအတည်ပြုချက် ရယူပြီးမှ သာ သမ္မတထံသို့ လက်
မှတ်ထိုး ရန်ပေးပို့ရမည့်ဥပဒေကြမ်းအဖြစ် ထွက်ပေါ်လာမည်ဖြစ်သည်။
Ref:7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More