Monday, November 15, 2010

ချစ်ခြင်းဖွဲ့နိန်ဒါန်း

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီနှလုံးသားပိုင်ရှင်ဟာ
လေစုံမှာ စွန်လွှတ်တဲ့ ကလေးငယ်တစ်ယောက် နဲ့တူပါတယ်
ဝေဟံမှာ ဆော့ကစားတဲ စွန်ကလေးကို ကြည့်ရင်ကြည်နုနေချာမှာ
တစ်နေ့နေ့ စွန်ကလေးကြိုးပြတ်သွားရင် ကိုယ်ဆီကို ဘယ်တော့မှ
ပြန်လာမှာမဟုတ်ဘူး
     အချစ်ဆိုတာ ထိမ်ချုပ်ခြင်းမဟုတ် မျှော်လင်နေတဲ အရာပါ
ကိုယ်ကချစ်ပြီသွားပေမယ့် သူမချစ်ရင်လည်း ချစ်ပြီးသွားတဲ့ နှလုံးသား
ဟာကိုယ်ဆီကို ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး  နှလုံးသားတစ်စုံရဲ
ဆန္ဒမှာ ကိုယ်ချစ်သူဟာ ဘယ်လိုဘဲဖြစ်နေဖြစ်နေ အပြစ်မမြင်ဘဲ
ခွင့်လွှတ်နေခြင်းဟာ အချစ်ကစွန်းဆောင်ထားလို့ ဖြစ်ပါလိမ့်မယ်
ကတိသစ္စာဟာ လူတစ်ယောက်ကို တားဆီးချုပ်ကိုင်ခြင်းဖြစ်သည်
ကိုယ့်ချစ်သူကို ဘယ်တော့မှသစ္စာမပြုလို နှလုံးသားချင်း ကူးစက်တဲ့
အပူတွေ ချစ်သူကိုမကူးစက်စေချင် သွားသွားပြန်လာ သော့မခတ်တဲ့
တံခါးပေါက်ကို အမြဲဖွင့်လှိုက်ထားပါတယ်
     သူပြန်သွားတဲ့အခါ ဗလာရင်ခွင်မှာ မျက်ရည်ဖွဲ့ ကဗျာတွေ ရေးခြစ်ရင်
တိတ်တိတ်နေခြင်းဟာ လေအလာကို စောင့်မျှော်နေတဲ့ ပင်လယ်ကြီးလို
ချစ်သူအလာကို စောင့်နေခြင်းသာ ဖြစ်ပေလိမ့်မည်
     ကြုံလည်းကြုံဖူးကြပေလိမ့်မည် အချစ်ကိုချုပ်ကိုင်လို့လည်းမရဘူး
နှလုံးသားချင်  မီးကူးသလို့မျိုး ရောင်ပြင်ဟက်ခြင်းပါ
အချစ်မှာ ဂုဏ်တွေမလိုအပ်ပါဘူး အရုပ်ဆိုးတယ်လှတယ်
အဆင့်အရောင်တွေ မက်မောခြင်း မဲ့နေခဲ့တယ် မိတ်ဆွေတို့
ချစ်တတ်ရင် ခံစားကြည့်ပါ အဖြူရောင်သက်သက် ခံစားခြင်း
တစ်ခုဖြစ်ပါလိမ့်မည် ဒါပေမယ့် အချစ်ဟာ ဖျားယောင်းသွေး
ဆောင်းတတ်ပါတယ် အမှားတစ်ခုကိုကျူးလွန်ဖို့ ဝန်မလေးပါဘူး
ကလေးငယ်ဘဝ စာရွက်ပေါ်မှာ မှားတဲ့ အမှားဟာ ပြန်ဖျက်ဖို့
လွယ်ပါတယ် လူကြီးဘဝမှာ ဘဝနဲ့ရင်းပြီးမှားတဲ့ အမှားဟာ
ဘဝနဲ့ရင်ပြီးပြန်ဖျက်ရင်လည်း မလွယ်တော့ပါ
    အချစ်ကို အလိုမလိုက်ကြပါနဲ့ အချစ်ကိုချစ်နေခြင်းသာ
လှပပျော်ရွှင်စရာကောာင်းပါတယ် လူသားနှစ်ဦးရဲ့ လှပပျော်
ရွှင်စရာကောင်းတဲ့ ဘဝဟာချစ်သူတို့ဘဝပါ အချစ်ကို အရာင်
မဆို့ကြပါနဲ့ ယုယခြင်း ကြင်နာခြင်း ဂရုစိုက်ခြင်းဟာ အချစ်က
ဖန်ဆင်းပေးတဲ အနွေးဓာတ် တစ်ခုပါ စစ်မှန်တဲ ချစ်သူတွေ အတွက်
လည်း ပိတိဖြစ်စရာပေ
      မသေချာတဲစကားလုံးတွေကိုပုံပြင်ထုတ် အချစ်ကိုချုပ်ကိုင်းထား
ချင်တဲလူတွေကြောင့် အချစ်ဟာ ကြမ်းတမ်းပူပြင်းတတ်ပါတယ်
ယုံလွယ်ပြီး အလိုလိုက်အကြိုက်ဆောင်မိသူတွေ အတွက်အချစ်ဟာ
မချိုမြခဲ့ပါ နှစ်ဦးနှစ်ဘက်ရဲ့ အဆုံးသတ်နိဂုံးမှာ ခါးသီးခြင်းတွေဘဲ
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင် “ချစ်မဝ ပါဘူး ချစ်သူရယ်”လို့
စကားလုံးတွေကို ညင်သာစွာပြောရင် ချစ်ကြည့်ကြပါ နွေးထွေးပြီး  အရာရာပြည့်
စုံသလိုနေမှာပါ ဘဝတစ်ခုကို ရှင်သန်ရပ်တည်ဖို့ ကြိုးစားချင်တဲ့စိတ်တွေ
အလိုလိုရလာတဲ့သတ္တိတွေ မျှော်လင့်ချက်တွေ မွေးဖွားပေးနေတာ အချစ်ကပါ
အညွန့်ရိုက်ချိုး ခံရတဲ့သစ်ပင်တစ်ပင်ဟာ ရှင်သန်ရပ်တည်ဖို့ တစ်ခါပြန်ပြီးကြိုး
စားရသလို့ နှလုံးသား ရိုက်ချိုးခံရတဲ့ လူတစ်ယောက်ဟာလည်း တစ်ခါပြန်ချစ်ဖို့
မဝံရတော့ပါ ဟုတ်သလိုလိုနဲ့ မေတ္တာရေးလောင်း အချစ်ရဲ့ စွန်ံအင်တွေတလူလူ
မျှော်လင့်ချက်တွေကြီးမား “စိုင်းထီးဆိုင်” ရဲ့ သီချင်းတစ်ပုဒ်လို သူမျက်နှာခဏမြင်လိုက်
ကတည့်က စပြီးငါသည် အချစ်တွက်တဖန်မွေးဖွားခဲ့သည်ပေါ့
     နှလုံးသားမြေနုမှာစိုက်ပျိုးခဲ့တဲ့ အချစ်ပင်တစ်ပင်ဟာ အပွင့်အခက်တွေဝေပြီမှ
ရိုက်ချိုးခံရသည်မျိုး ဘဝမှာရင်နာစရာအကောင်းဆုံးပေါ့
      အထူးသဖြင့် မိန်ကလေးတွေဆိုရင် ငိုကြွေးမိပါမယ် အဲဒီမျက်ရည်တွေဟာ
နှလုံးသားကလာတဲ့ မာနတွေ အသည်းကြွေသံတွေကို ခုခံတဲ့လက်နက်တွေပဲ
အချစ်ကို ပန်းချီကားတစ်ချပ်လိုထင်မှတ်ကြရင် လှလှလေးဖြစ်ဖို့ ဆေးခြယ်ကြပါနော်
ပန်းတစ်ပွင့်ရဲ့ရာဇဝင်ဟာ ပွင့်လွယ်ကြွေလွယ်ပါဘဲ ချစ်သူနှစ်ဦးရဲ ချစ်ခြင်းဖွဲ့ ကဗျာမှာ
အလွမ်းအဆွေးတွေနဲ့မို့ လမ်းခွဲရင်အမုန်းမလွယ်ရအောင် ရိုးရိုးသန့်သန့်လေး ချစ်ကြပါနော်
အတိတ်ကို မှတ်စုတစ်အုပ်ရေးထိုးနိုင်ပါတယ် အနာကတ်ကို ဘယ်သူမှကြိုမမြင်းနိုင်ပါဘူး
    နိန်ဒါန်းဟာ အစပျိုးခြင်းတစ်ခုပါဘဲ ပျော်ရွှင်ခြင်းနဲ့ အစပြုတဲ့ဘဝတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့
နိန်ဂုံးချုပ်ခဲ့ကြရင် လူသားတိုင်းဟာငိုတတ်ကြမှာမဟုတ်တော့ဘူး မမှားသောရှေ့နေမသေး
သောဆေးဆရာ ဆိုတာလည်းမရှိခဲ့ပါဘူး လူတိုင်ဟာမှားတတ်ကြသလို့ အမှန်ကိုလည်းပြု
ပြင်တတ်ကြပါတယ်
                အချစ်ဟာလည်းလူတိုင်ရဲ့နှလုံးသားမှာ ကိန်းအောင်းနေသည်မို့
ချစ်တတ်ဖို့လိုလိမ့်မယ် ချစ်ခြင်းဖွဲ့နိန်ဒါန်းတိုင်းဟာလည်း အပြုံးတွေဘဲ ဖြစ်ပေလိမ့်မယ်
                       စာဖတ်သူသို့
ဤဆောင်းပါးကိုရေးသော စာရေးသူသည် အချစ်ကြောင်းထိရှနာကြင်
ကြွေမွခဲ့ရသည် သို့သော်လည်း ဒဏ်ရာများစွာနဲ့အတူ အချစ်ကို
တမ်းတနေသေးသည်  
        အမှားရှိရင်ခွင့်လွှတ်ကြပါရန် တောင်းပန်ပါသည်
အကြံပြုချက်များကိုလည်း လိုလားပါသည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More