Monday, November 15, 2010

ဘယ်လိုချမ်းသာမျိုးလဲ

ဖုန်းလာသံကြား၍လှမ်းကိုင်လိုက်ရာ အလွန်းရင်းနှီးသောတကာမတစ်ယောက်၏
အသံဖြစ်နေ၍ ၀မ်းမြောက်ဝမ်းသာဖြစ်သွားသည် ၊ အဘယ်ကြောင်းဆိုသော်
သူဖုန်းမဆက်လာသည်မှာ အတော်အတန်ကြာနေပြီ ၊ခါတိုင်းဆိုလျှင် သူသိလိုသည်
 ဘာသာရေး နှင့်ပတ်သတ်သည့်အကြောင်းအရာများကိုမေးနေကြမို့ ဦးဇင်းကလည်း
သိသလောက်မှတ်သလောက်လေးများကို ဖြေကြားပေးနေကျဖြစ်သည် ၊ ဒါနဲဘဲ ဟလို
မဘယ်လ ဖုန်းမဆက်တာ တောင်အတော်ကြာသွားပြီး နေများကောင်းရဲ့လား ´
ဟု မေးလိုက်မိသည်၊ “ဘယ်လ” မှန်ပါ ဦးဇင်း တပည့်တော်မ
အလုပ်တွေအရမ်းများနေလို့ပါဘုရား ပြီးတောလုပ်ငန်းတွေကလည်းနောက်ထပ်နှစ
်ခုလောက်တိုးချဲ့ထားတော ပိုဆိုးသွားတာပေါ တပည့်တော်မလည်း အခုဘာသာရေး
နဲတောင်းနဲနဲကင်းချင်လာပြီး “    “ဦးဇင်း” ဘာလို့ဒီလောက်တောင်ရှာနေရတာလ
ဲသားသမီးလည်းမရှိယောက်ျားလည်းမရှိတစ်ယောက်ထည်းအပျိုကြီးလုပ်နေပြီးတော”  ၊
“ ဘယ်လ ”၊ “ အပျိုးကြီးကပိုရှာရတယ်ဘုရား ငွေရှိမှလူချစ်လူခင်ပေါတာ အခုခေတ်က ၊
     “  ဦးဇင်း ၊”“ ငွေရှိတိုင်းစိတ်ချမ်းသာတာဟုတ်ပါဘူးဘယ်လာရယ် ၊ ချမ်းသာတယ်
ဆင်းရဲတယ်ဆိုတာ စိတ်ရဲ့အခြေအနေတစ်ခုပါ ပိုင်ဆိုင်မှု့တွေနဲမဆိုင်ပါဘူး
“  ၊ ဘယ်လ ၊ “” ဟုတ်တာတောဟုတ်ပါတယ်လေ ဒါပေမဲ့ လူ့လောကမှာ က
 ငွေရှိမှဖြစ်တာဦးပဇင်းရယ် “  တကာမပြောတာကိုဦးပဇင်းမငြင်းပါဘူး ဒါပေမဲ့
အဲဒါကအများအမြင်ပါ သို့သော်တကာမကိုယ်တိုင်ချမ်းသာဖို့က တကာမရဲ့စိတ်ဘဲ
  အရေးကြီးတယ် ၊ လူသားတွေကို ဆင်းရဲစေတာ တဏှာ ဆိုတဲ့တရားဘဲ ဗုဒ္ဒဘာသာရဲ့
နောက်ဆုံးပန်းတိုင်ဟာ ဒီတဏှာကုန်ရာ ဘဲ အဂ္ဂညသုတ်မှာ ဟောထားတာကတော                                                 
 ဟောဒီကမ္ဘာလောကကြီးစတင်တဲ့ဖြစ်ပေါ်လာတဲ့အချိန်မှာ လူသားတွေစားဝတ်နေရေး
အတွက်ဘာမှပူစရာမလိုအပ်ဘူးသဘာဝတရားက သူ့အလိုအလျှောက်ဖြည့်စီးပေးတယ်
နောက်ဆုံးတောလူသားတွေရဲ့ လောဘတဏှာကြောင်းဒါတွေအားလုံးပျောက်ဆုံးပျက
်စီးသွားစေတယ် ဘယ်လောက်ကြောက်စရာကောင်းသလဲ ‘ အဲဒီတကာမပြောတဲ့
ပစ္စည်းဥစ္စာဆိုတာက သူတော်ကောင်းတွေနှစ်သက်မြတ်နိုးတဲ့အရာတွေမဟုတ်ဘူး
သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးတဲ့ရတနာဆိုတာက (၇)ပါးတောင်ရှိတယ်အဲဒါက
 ၁။ သဒ္ဒါ ရတာနာသုံးတန် ကံ ကံ၏အကျိုးအပေါ်ယုံကြည်တာ အဲဒါ သူတော်ကောင်း
ဥစ္စရတနာ တစ်ပါးဘဲ ၊
၂။ သီလ ကာယကံ ၀စီကံ မနောကံ တွေကိုစောင့်ထိမ်းတာ အဲဒါလည်း
သူတော်ကောင်းတွေမှာရှိတဲ့ ပစ္စည်းဥစ္စာတစ်မျိုး
၃။ သုတ အကြားအမြင်များတာ၊
၎။ စာဂ စွန့်ကြဲပေးကမ်းလှူဒါန်းတာ၊
၅။ ပညာ ရုပ်နာမ်ဓမ္မတွေကို ခွဲခြမ်းသိတာ  အမှားအမှန်ကိုဝေဖန်ဆန်းစစ်ခွဲခြားနိုင်တာ၊ 
၆။ဟိရိ မကောင်းမှု့ကိုပြုလုပ်ရမှာကို ရှက်တာ ၊
၇ ။ သြတပမကောင်းမှု့ပြုလုပ်ရမှာကိုလန့်တာ  ဆိုတဲ့ ဒီတရား (၇)ပါးဟာ
သူတော်ကောင်းတွေ လေးစားတန်ဖို့ထားတဲ့ရတနာ ပစ္စည်းဥစ္စာတွေ ပါဘဲ
 ဒီပစ္စည်တွေရတနာတွေကိုပိုင်ဆိုင်ထားသူတွေဟာ ဘယ်သူခိုးမှ
လုယူဖျက်စီးလို့မရသလို တန်းဖို့လည်းမဖြတ်နိုင်လောက်အောင် အဖို့ထိုက်တန်ပါတယ်၊
 ဘယ်လ “ မှန်လှပါဘုရား တပည့်တော်မ လည်း အကာကိုအနှစ်ထင်နေခဲ့မိတာကိုး
 “အရှင်ဘုရားရှင်းပြမှဘဲ ကိုယ်ရှာနေတာဘယ်သူအတွက်လဲ ပျော်ရွင်မှု့အတွက်လား
ထားခဲ့ဖို့အတွက်လားဆိုတာကိုသတိထားမိတောတယ်  ၊အေးနောက်ပြီးတော ရှိသေးတယ
် တကာမပြောသလို ပစ္စည်းဥစ္စာကြွယ်ဝတာကို ချမ်းခြင်းမဟုတ်ဘူး လို့တောဘုရားမငြင်းပါဘူး
 ဘုရားရှင်ကအင်္ဂုတ္တရနိကာယ်မှာ ဟောထားတာရှိတယ် ပစ္စည်းဥစ္စာတစ်ခုတည်းကို ကြည့်ပြီးတော
 ကိုယ်ကျင့်တရားမရှိတဲ့ပုဂ္ဂိုလ်ကို မျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ အဲဒီတော
 ပစ္စည်းဥစ္စာလည်းရှိရမယ်ကိုယ်ကျင့်တရားလည်းကောင်းရမယ် ဒါမှ တော်ကာကျမယ်  ၊
အဲဒီတော မြတ်စွာဘုရားက ပစ္စည်းဥစ္စာတွေပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ကို ကျ တော
 ၁။  အတ္ထိသုခ ဒါဟာလည်းချမ်းသာခြင်းတစ်မျိုးဘဲ
၂။ဘောဂသုခ နောက်တစ်ခုကိုယ်မှာပိုင်ဆိုင်တဲ့ပစ္စည်ဥစ္စာတွေကို သူများတွေနဲမျှဝေခံစား
သုံးစွဲတာဟာလည်း ချမ်းသာခြင်းတစ်မျိုးဘဲ
၃။အနဏသုခ-တဲနောက်တစ်မျိုးက ကြွေးမြီးကင်းရှင်းတာဟာလည်း ချမ်းသာခြင်း တစ်မျိုးဘဲ
 ၄ ။ အန၀ိဇသုခ အပြစ်ကင်းတဲ့ချမ်းသာ ဒါဟာ ဗုဒ္ဒဘာသာ ရဲအဓိက အရေးပါတဲ့ချမ်းသာမှု့ ပေါ့
 ကိုယ်လုပ်ထားတဲ့အလုပ်တစ်ခု အပြုအမှုတစ်ခုဟာ အပြစ်ကင်းတယ်ဆိုရင် အဲဒီ အလုပ်ဟာ
လည်းချမ်းသာတစ်မျိုးပါဘဲ ဒီတော ချမ်းသာချင်ရင် ပစ္စဥစ္စာတွေရှိရုံတစ်ခုတည်းနဲတော
မချမ်းသာသေးဘူး အပြစ်ကင်းဖို့လဲလိုအပ်ပါသေးတယ် ဆိုတာကို ပြောခြင်းပါတယ် ၊
ပြီးတောလောကမှ ဘယ်လောက်ဘဲပစ္စည်းဥစ္စာရှိရှိ ရောင့်ရဲတင်တိမ်တယ်လို့မှမရှိဘဲ
ရပြီးရင် ရချင်နေတာ ဘဲ ဒါကြောင့် မြတ်စွာဘုရားက သန္တုဌိပရမံဓနံ လို့ဟောတော်မူခဲ့
တာဘဲ ရောင့်ရဲတင်တိမ်မှု့ ဟာ လည်းအချမ်းသာဆုံးဘဲလောကမှာ သို့သော်လည်း
လိုအပ်တာကိုကျပြန်တောကြိုးစားပြီးဖြည့်ဆည်းကြရမယ် လိုခြင်တာကိုသာအတတ်နိုင
်ဆုံးထိန်းချုပ်ကြရမှာ ၊  မှန်လှပါဘုရားတပည့်တော်မ ကြိုးစားပါမယ်ဘုရား ။ အေးဟုတ်ပြီးတကာမ
ချမ်းသာချင်းတာဘယ်လိုချမ်းသာခြင်းမျိုးလဲဆိုတာရွေးချယ်ပြီးတော  ၊ ကိုယ်လိုခြင်းတဲ့
ချမ်းသာကိုရှာပေတော ၊ မှန်လှပါဘုရား သာဓု သာဓု သာဓုပါဘုရား
ဤဆောင်ပါးအား အလွန်ရင်နှီးသော မဘယ်လနှင့်စကားပြောဖြစ်ခဲ့သည်အကြောင်းအရာများအား
အဓိကထားရေးသားထားပါသည် ။ စာဖတ်သူများလည်း တကယ်ချမ်းသာအစစ်ကိုရှာဖွေနိုင်ကြပါစေ ။

မေတ္တာဖြင့်အရှင်ခေမာ (ထိုင်းနိုင်ငံ)





0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More