Saturday, November 20, 2010

လှုပ်နှိုးသွားသူ

နွေနေ၏အပူချိန်ကြောင်း ယနေသည်အလွန်ပူပြင်းခဲ့ပေမယ့်
လေနည်းနည်းတိုက်ခက်မှုကြောင်းဒီညသည် အေးအေးနှင့်နေကောင်းလှသည်။
 ကောင်ကင်ပြင်ကြီးအောက်မှာလည်းတိမ်တိုက်တွေမရှိကြယ်တွေစုံလင်လျှက်ပါ
လ မင်းကြီးလည်းသာနေပါသည် ငွေရောင်အဆင့်ရှိအလင်းတန်းများသည်
ပြတင်းပေါက်မှတဆင့် ခန်းဆီးစတွေကိုကျော်ဖြတ်ရင့် မောင်မောင်၏ အိပ်ကုတင်ပေါ်
သိုသွယ်ကျလာသည် သူသည်အလွန်ကြည်နုပါလျှက် အတိတ်ကအတွေးစတို့သည်
မောင်မောင်၏ ရင်ခွင်ထဲသို့အမှတ်မထင်ဝင်ရောက်လာလေသည်..
       ဒီလို့လှပတဲ့ညတွေဆိုမောငင်မောင်တစ်ယောက် ဂီတာခေါက်လျှက်
နေဦးတို့အဆောင်ရှေ့မှာသီချင်းဆိုနေကျ နွေရာသီကျောင်းပိတ်ရက်တွေမှာ
နေဦးနဲ့ခွဲခွါခဲ့ရပေမယ့် ဘယ်တော့မှမေ့မရခဲ့ အတူရှိနေစဉ်က နေဦးနဲ့ပြောခဲ့တဲစကားတွေကို
သူတစ်ယောက်တည့် သတိရနေပါသည်… “မောင်မောင်ရယ်..နင်ဟာလေ
သိပ်ခင်စရာကောင်းတဲ့သူငယ်ချင်းကောင်းတစ်ယောက်ဘဲ နင့်ကိုငါဘယ်တော့မှ
မေ့လို့ရမှာမဟုတ်တော့ဘူး..နွေရာသီးကျောင်းပိတ်ရက်တွေမှာငါတို့မြို့ကိုအလည်လာပါလား.
.ငါတို့မြို့မှာသိပ်ပျာ်စရာကောင်းပါတယ်ဟာ..နင့်လာမှာလားဟင်…”
      လာချင်တာပေါ့နေဦးရယ်..ရှမ်းသံဝဲဝဲနဲ့ပြောခဲ့တဲ့နင်ရဲ့စကားသံလေးတွေဟာလေ.
.ငါ့ရဲ့ပျော်ရွှင်မှုတွေကိုဖန်တီး ပေးခဲ့တာများလား အဲဒီတုန်ကငါပျော်လိုက်တာနေဦးရယ်.
ဒါတွေကိုနင်မသိခဲ့ပါဘူး.အခုတော့လေဂံကော်မြေမှာငါတစ်ယောက် တည့်ပျင်းလိုက်တာဟာ
နင်ကိုသတိရတိုင်း ဂံကော်မြေကိုငါရောက်ခဲ့ပါတယ် ငါတို့နှစ်ယောက်ရဲ့သံယောဇဉ်တွေကို
ငါတို့နှစ်ယောက်သိခဲ့ပေမယ့် မဖွင့်ဟဘဲရင်ထဲမှာသိမ်းထားခဲ့ကြတာလေ.တကယ်ဆို
အချစ်ဟာဖွင့်ပြောစရာမလိုပါဘူး အချစ်မှာအဖြေလည်းမရှိပါဘူးဟာ..
နင်ရောက်လာမယ့်ဂံကော်ရိပ်မှာငါစောင့်နေပါတယ်နေဦးရယ်.. 
အတွေးပေါင်းများစွာနဲ့အတူ မောင်မောင်တစ်ယောက်အိပ်ပျော်သွားပါလေတော့သည်..။


ိဒီဇင်ဘာ၏ နှမ်းမိုးပွင့်များသည်တဖြည်းဖြည်းရွာချလျှက် လေညင်းသွယ်နေသောကြောင်း
 လူတွေအားလုံးချမ်းအိအိဖြစ်နေကြသည်အနွေးထည်ကိုယ်စီဝတ်လျှက် လမ်းလျှောက်နေကြရသည်
 တောင်ပေါ်မြို့ကမြေနီလမ်းလေးပေါ်မှာတော့ မောင်မောင်နှင့်နေဦးတို့ စုံတွဲလေးတစ်တွဲသာ
 ဖြူလှတဲ့နှမ်းစက်ကလေးများနှင်အတူ အပြုံ့ပန်းကလေးများပါပွင့်လျှက်နှစ်ဦးသား..
တိတဆိတ်ငြိမ်သက်စွာ မြေနီလမ်းကလေးအတိုင်သာလျှောက်လှမ်းနေကြသည်….





0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More