ဘာတွေကိုလုပ်ကြမှာလဲ
တစ်နေမှာကျွန်တော်ဆီသို့ mail တစ်စောင်ရောက်လာပါတယ်
ဘယ်သူမေးလ် လဲလို့လှမ်းကြည်လိုက်တဲ့ခါ ကျွန်တော်သူငယ်ချင်းမလေး
ဆီကဖြစ်နေပါတယ် ကျွန်တော်ဖွင့်ဖတ်လိုက်တဲ့အခါ..
မင်းကိုငါပြောပြမယ်တဲ့ လောကမှာ လူနှစ်မျိုး နှစ်စားပဲ ရှိတယ်....
မင်းချမ်းသာချင်တယ် ဆိုရင်တော့ စီးပွားရေးလုပ်တဲ့....
လူမှုရေးတော့ ဘာမှမလုပ်နဲ့တဲ့...
ဘာဖြစ်လို့လည်းဆိုတော့ ငါတွေ့ဖူးတဲ့ သူဌေးတော်တော်များများဟာ
လူမှုရေးပတ်သက်ရင် ဘာမှမလုပ်ဘူးတဲ့...
သူတို့တွေဟာ သူတို့တိုးတက်ရာ တိုးတက်ကြောင်းကိုပဲ..
အချိန်ပြည့်စဉ်းစားနေကျတာတဲ့...
သူတို့မှာ သူများဆီကနေ ဘယ်လိုပိုက်ဆံရမလဲဆိုတာကိုပဲ..
စဉ်းစားနေတယ်လို့ ပြောပါတယ်.....
ကျွန်တော်တို့မြန်မာ လူမျိုးတွေကတော့ အများအားဖြင့် သနားတတ်ကြပါတယ်..
အဲလိုသူများကို သနားနေရင်ဘယ်တော့မှ အရမ်းကြီးပွားချမ်းသာမှာ မဟုတ်ဘူးလို့ပြောပါတယ်..
ဒီနေရာမှာ ပြောစရာ တစ်ခုရှိပါတယ်...ဘာလဲဆိုတော့ လူမှုရေးမလုပ်မှ သူဌေးဖြစ်တော့မှာလား ဆိုတာပါပဲ..ဟိုးရှေးခေတ်တုန်းကဆိုရင် တစ်နေ့တစ်နေ့ လှုနေတာတောင် မလျော့ပါးပဲ ထပ်ပြီးချမ်းသာလာတဲ့ သူဌေးကြီးတစ်ယောက်အကြောင်းကို စဉ်းစားမိပါတယ်..
ဘာပဲ ပြောပြောပါ... ကျွန်တော်ကတော့ လူမှုရေးသမားပဲ ဖြစ်ဖို့များပါတယ် ...
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက တောင်းတောင် မတောင်းရသေးဘူး
မျက်လုံးလေးနဲ ကြည့်တာနဲ့ တင်ပေးချင်ကမ်းချင်နေတာမျိုးပါ...
သူငယ်ချင်းတို့ရော ဘယ်လုပ်မှာလဲ ဆိုတာ ကျွန်တော်သိပါရစေ....
တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းဆိုတာကတော့ မတူကြပါဘူး..
သူငယ်ချင်းတို့ရော ဘယ်လိုမြင်လဲဆိုတာကို ကျွန်တော်တို့ ဒီ POSTလေးအောက်မှာ
ဆွေးနွေးကြည့်ကြမယ်ဗျာ....ကျွန်တော်ကတော့ မချမ်းသာရင်နေပါစေ
ဘဝကိုအေးအေးချမ်းချမ်းနဲ့ ပြည့်ပြည့်စုံစုံလေး ဖြတ်သန်းရရင်
ကျေနပ်ပါကြောင်း ဆန္ဒာပြုရင်း.....စာတစောင်ရောက်လာတယ်..ဆွေးနွေးတာပေါ့
ဘယ်လိုမြင်လဲ တဲ့
ဒါနဲဘဲနောက်တစ်နေ့ သူဆီးကိုကျွန်တော် mail ပြန်လိုက်ပါတယ်
အမြင်တွေရေးဖြစ်ခဲ့ပါတယ်ဗျာ
လောကမှာ လူတိုင်ဟာ ချမ်းသာချင်တဲ လူတွေပဲများပါတယ်
ဒါပေမယ့်အဲဒီလူတိုင်ဟာ လူမှုရေးမလုပ်ရင် ဘယ်ကလာပြီးဥစ္စာ ရမှာလည်းဗျာ
ဒီနေရာမှာ နည်းနည်းလေး ရှင်းပြပါရစေ
ခဗျားလည်းစဉ်းစားကြည့်ပါ
အလုပ်သမား အများတွေကို ပိုင်ဆိုင်နိုင်ပြီးဖြစ်တဲ့ သူဌေးတစ်ဦဟာ
ဒီထက်ပိုပြီးချမ်းသာဖို့ အလုပ် လုပ်တာပဲမဟုတ်လား အဲဒီသူဌေးဟာ
ကိုယ့်အလုပ်သမားတွေအပေါ်လူမှုရေးကင်းမဲ့ရင် ဒီအလုပ်သမားတွေဟာ
သူု့အလုပ်တွေကို ကြိုးစားပြီး လုပ်ကြမှာမဟုတ်သလို ရေသာခိုပြီးအရှာင်
ယူသွားကြပါလိမ့်မယ်
သူု့ငွေတွေ အနည်းငယ်ဆုံးရှုံးသွားနိုင်သည်
နောက်တစ်ခုရေးပြပေးပါမယ်
နိုင်ငံအုပ်စိုးတဲ့ သမ္မတတိုင်းဟာချမ်းသာကြပါတယ်
ဒီသမ္မတတိုင်းဟာလည်း လူမှုရေး မလုပ်လိုမရဘူးဗျာ
လူနှစ်မျိုးရှိတယ်ဆိုတာမမှားပါဘူး
အဲဒီလူတိုင်းဟာ မျှော်လင့်ချက်ကိုယ်စီရှိကြမှာပါ
မျှော်လင့်ချက်ကို အကောင်းအထည် ဖော်တဲနေရာမှာ
လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့ပဲ
ငါပိုင်တယ် ငါဆိုင်တယ် ဆိုပြီးကိုယ်ကျိုးစီးပွားကိုပဲ
အဲဒီသမ္မတလုပ်မယ်ဆိုရင် သူ့နိုင်ငံတော်ကြီးဟာငြိမ်းချမ်းမှု
ရှိမှာမဟုတ်သလို သူ့အကျိုးစီးပွားဟာ ပျက်စီးစေပြီး သမ္မတ
ရာထူးမှနှုတ်ထွက်ရပါလိမ့်မယ်
သမ္မတရာထူးမရှိလျှင် သမ္မတလုပ်စဉ်က လူမှုရေးမလုပ်ခဲ့တဲ့
သူ့ကို နိုင်ငံသူ နိုင်ငံသားတွေက ကျိန်ဆိုရိုက်သတ်ကြပါလိမ့်မယ်
ဒီတော အဲဒီလူဟာ စိတ်ချမ်းသာမှာလား ဘယ်လိုနေမှာလည်း
မြင်တဲ့သိတ့အတဲ့အတိုင်းပဲ ဒို့မြန်မာနိုင်ငံ ဘယ်တော့ခါများကြီး
ပွားချမ်းသာမှာလည်း သမ္မတလုပ်ပြီး လူမှုရေးမလုပ်တဲ့လူတစ်စုကြောင့်
စိတ်ဒုက္ခတွေရောက်ကြတာ ဆင်းရေးနေကြတာ
ကျွန်တော်အတွေးတစ်ခုရေးပြပေးပါမယ်
ကိုယ့်ကိုချစ်လာတဲ့ လူတစ်ယောက်ကို ပြန်ချစ်ဖို့
ကြိုးစားရပါမယ် ချစ်လို့မရရင်တောင်မှ မုန်းပစ်ဖို့ကိုစိတ်မကူးသင့်ပါဘူး
လူဘ၀မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နွေးနွေးထွေးထွေးနေနိုင်ဖို့ အလုပ် လုပ်ရ
သလို လူမှုရေးလည်းလုပ်ရမယ်လေ ငါစိတ်ချမ်းသာရင်ပြီးရော့ ဆိုပြီး
စွမ်ကြီးလုပ်မယ်ဆိုရင် လူတစ်ဘက်သားကိုအလျှင်ငေးကြည့်သင့်ပါတယ်
သင့်အနေနဲဒီနေရာမှာတစ်ခုစဉ်းစားပေးစေချင်ပါတယ်၊ လူမှုရေးအရတောင်းဆို
လာတဲ့အခွင်းအလင်း တစ်ခုကိုပေးသင့်ပါသလား (သို့) မပေးသင့်ဘူးလား
ပြန်လည်ဖြေကြားပေးစေချင်ပါတယ် လိုဆန္ဒပြုရင် ဆွေးနွေးလာတဲ
သူငယ်ချင်းမလေတစ်ယောက်အတွက် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်
ချမ်းမြေ့ကြပါစေ အားလုံးအတွက်
ဤဆောင်းပါးသည်ကျွန်တော်သူငယ်ချင်း မလေးတစ်ယောက် ဆွေးနွေးလာသည့်
ကိစ္စကိုရေရွည် ပြီးတင်လိုက်ရခြင်းဖြစ်သော်လည်း လူသားတို့အားလုံးနှင်သက်ဆိုင်
သော စဉ်စားဝေဖန်စရာတစ်ခု ဖြစ်နေပေလိမ့်မည် သို့ဖြစ်ပါ၍လူသားတို့သည်မိမိကိုယ်ကျိုးအတွက်
မလုပ်မည် ဘာကိုအလျှင်လုပ်ရမည် ဆိုတာကိုဝေဖန်ကြရင် ကျွန်တော်တင်ပြလိုက်သော ဤဆာင်းပါး
သည်မဆိုးဘူးလို့ယူဆ ရပေလိမ့်မည်။
ဗျည်းမဲ့ သရမဲ့
ပလဝကနဆမညကလခမရခ
စာဖတ်သူတို့သည် ဤအက္ခရာများကို မြင်တွေရရုံနဲ့ မျက်စိနောက်စရာ ခေါင်းရှုပ်စရာ ဖြစ်ပါလိမ့်မည် တကယ်လို့ခေါင်းရှုပ်စရာမလိုပါ တိုရင်းလိုရှင်းဆိုသလို ရှင်းသွားရင်ပျော် စရာလေးတစ်ခုဖြစ်ပြီး စာဖတ်သူရဲ့ ခေါင်းထဲမှာ အသိတစ်ခုရရှိသွားပေလိမ့်မည် ပလဝ ကနဆမညကလခမရခ ဟုသော အက္ခရာ ၁၄ လုံးတို့သည်ကား ပေါင်းဖက်လိုက်သောအခါ စကားသံတစ်မျိုးရရှိသွားသည်။ ထိုစကားသည်ကား ရခိုင်တိုင်းရင်းသားတို့၏စကားသံပင်ဖြစ်နေပါသည် မြန်မာဘာသာ၌ မမဝဝထထကအက ပထမ ဟူသော အက္ခရာ ပေါင်းဝါကျရှိနေသလို ရခိုင်ဘာသာ၌လည်းရှိနေပေသည်။
ယခု(ပလဝကနဆမညကလခမရခ) အက္ခရာပေါင်းဝါကျကို မြန်မာသို့ဘာသာ
ပြန်ပြ ရလျင် ပလက်ဝမှန(စ်)ဆမ မနေက လစာမရခဲ့ပါလို အဓိပ္ပါယ်ရပါသည်။ (ပလဝ)ဆိုသည်မှာ မြန်မာဘာသာ၌ ပလက်ဝ ဖြစ်သည်။ ရခိုင်ဘာသာ၌ကား ဝါးဟာရ စကားသံမှာ ပလဝ ပါ ပလက်ဝ ဆိုသည်ကား ရခိုင်ပြည်မြောက်ဖက် အစွန်းဖျား အိန္ဒိယ နယ်စပ်တည်နယ်ရာက ရခိုင်မြို့လေးတစ်မြို့ပါ။ (က)ဆိုသည်မှာ မြန်မာဘာသာ၌ (မှ) ဖြစ်ပါသည်။ (နဆမ) ဆိုသည်မှာ မြန်မာဘာသာ၌ သူနာပြုဆရာမကိုခေါ်ပါသည်။ (ညက) ဆိုသော နှစ်လုံးပေါင်းအက္ခရာ၏ အသံထွက်မှာ မြန်မာဘာသာ၌ မနေကလို့ ခေါ်ဆိုပါသည်။ (လခ)မှာ လစာ ပါ။ (မရခ)ဆိုသည်မှာကား မြန်မာဘာသာ၌ မရခဲ့ပါလို့ ပြောရပေလိမ့်မည်။ ပလဝကနဆမညကလခမရခ ဟုအက္ခရာပေါင်းဝါကျကို ကောင်းကောင်းနားလည်သွားပြီ ဆိုလျှင် ယခုစာဖတ်သူသည် ရခိုင်ဘာသာစကား တစ်ခွန်းတတ်မြောက်ပြီဟုဆိုနိုင်ပေပြီ။
ဤဆောင်းပါကို တင်ပေးလိုက်ခြင်း ရွယ်ရည်ချက်ကား ကျွန်တော်တို့မြန်မာနိုင်ငံ သည် တိုင်းရင်းသားလူမျိုးများတို့ စုဝေးနေထိုင်ရာ အလွန်လှပသော နိုင်ငံတော်ကြီး တစ်နိုင်ငံဖြစ်သော်လည်း မဖွံ့ဖြိုးမတိုးတက်သေးသောကြောင်း တစ်ဦးနှင့်တစ်ဦး တစ်မျိုးနှင့်တစ်မျိုးထိတွေဆက်ဆံမှု အလွန်နှေးကွေးနေပါသည်။ ထို့ကြောင်း တိုင်းရင်းသားလူမျိုးများ၏စကားသံများသည် တစ်ဦးနှုတ်မှ တစ်ဦးနားသို့ မရောက်ဘဲ လေထဲမှာဘဲ ပျောက်ကွယ်သွားခဲ့လေသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါသို့လာရောက်ကြသော မိတ်ဆွေများသည် မည်သည့်တိုင်းရင်းသားမဆို ရခိုင်တိုင်းရင်းသားတို့၏ ဝါဟာရစကားသံ တစ်ချို့ကိုသိသွား မှတ်သားစေဖို့ရွယ်ရည်လိုက်ရပါသည်။
ပန်းခင်းထဲက လမင်းဒဏ္ဍာ
ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်ဘူး ငါ့ကိုနားလည်ပေးပါ ။ စိတ်ရည်ရှည်ထားဆက်ဆံပေးပါ အစာစားတဲ့အခါ ထမင်းတွေ ဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားရင် အင်္ကျီလုံချည်ဖို့သိဖတ်သိဖြစ်နေတဲ့ ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးခဲ့တဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်း ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီး ဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင် ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနှင့်။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက် တစ်လှည့် ရေချိုးပေးခဲ့တဲ့ ပုံရိပ်တွေကိုမြင်ယောင်ပေးပါ။ ခေတ်သစ်ပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ။ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရ ပေးပါ။ စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်းလှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊နားလည်ပေးပါ၊အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံပြီး အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ဤဆောင်းပါးသည်သားသမီးများအတွက် ရယ်ရွည်၍တင်ပေးလိုက်ရပါသည်။
သားသမီးတရာကို ကျွေးမွေးစောင့်ရှောင့်ပေးခဲ့ပြီးသောမိဘများသည် အိုသွားသောအခါ၌ သားသမီးတရာကပြုစုစောင့်ရှောင့်ပေးကြပါမည်လား….?
Type the rest of your post here.