Thursday, September 4, 2014

အီရတ်တွင် တရုတ်နိုင်ငံသား ISအဖွဲ့ဝင်တစ်ဦး ဖမ်းမိဟု ကောလာဟလများ ထွက်ပေါ်


           အီရတ်တွင် ဖမ်းဆီးရမိသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ဝင် တစ်ဦးသည် 
တရုတ်နိုင်ငံသားဖြစ်ကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်လာသည်။ အကယ်၍ အင်တာနက်
တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများနှင့်အတူ စွပ်စွဲထားသည့် အချက်အလက် မှန်ကန်ပါက အဆိုပါ စစ်သွေး
ကြွသည် ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အဖွဲ့အတွက် ပါဝင်တိုက်ခိုက်သည့် ပထမဆုံး 
တရုတ်နိုင်ငံသား ဖြစ်လာဖွယ် ရှိသည်။
             စက်တင်ဘာ (၂)ရက်က အီရတ် ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ်နှင့် Facebook စာ
မျက်နှာ တစ်ခုက အဆိုပါ စစ်သွေးကြွ၏ ဓာတ်ပုံကို အာရပ် ဘာသာစကားများဖြင့် ပုံညွှန်းစာ ရေးသားပြီး 
လွှင့်တင်ခဲ့သည်။ အာရှနွယ်ဖွား မျက်နှာပေါက်မျိုး ရှိနေသည့် စစ်သွေးကြွ၏ ဘယ်ဘက်လက်မောင်းတွင် IS 
အဖွဲ့၏ အမှတ်တံဆိပ် ဆေးမင်ကြောင် ရေးထိုးထားသည်ကို အီရတ် ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြ
သနေပုံ ဖြစ်သည်။ ထို့အပြင် အဆိုပါ စစ်သွေးကြွ မြေပေါ်တွင် လှဲလျောင်းနေသည့် အခြားဓာတ်ပုံ တစ်ပုံကို
လည်း ယင်း Facebook စာမျက်နှာတွင် လွှင့်တင်ထားသည်။
                 South China Morning Post သတင်းစာက အီရတ်ရှိ တရုတ်သံရုံးသည် အဆိုပါ ဓာတ်ပုံများနှင့် 
ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အီရတ်နှင့် တရုတ် နိုင်ငံခြားရေး 
ဝန်ကြီးဌာနများကလည်း ယခုဓာတ်ပုံပါ စစ်သွေးကြွသည် တရုတ်နိုင်ငံသား ဟုတ်မဟုတ် တိတိကျကျ အတည်
ပြုချက် မပေးဘဲ နှုတ်ဆိတ်နေသည်။
            Like လုပ်ထားသူ (၉၄၀၀၀)ရှိသည့် အဆိုပါ Facebook စာမျက်နှာသည် အီရတ်ကာကွယ်ရေး ဝန်ကြီး
ဌာန၏ တရားဝင် Facebook စာမျက်နှာ ဟုတ်မဟုတ် အမြင်ကွဲလွဲမှုများ ရှိနေသေးသည်။ ယခုလ အစောပိုင်းက 
တရုတ်နိုင်ငံ အနောက်ပိုင်း၊ ဝေးလံသီခေါင်ရာ အရပ်ဒေသများမှ အစ္စလာမ် ဘာသာဝင် အစွန်းရောက်ဝါဒီအချို့
သည် အရှေ့အလယ်ပိုင်းသို့ သွားရောက်ပြီး အကြမ်းဖက် တပ်ဖွဲ့များနှင့် ပူးပေါင်းကြသလို အီရတ်နှင့် ဆီးရီးယား
တို့ဘက်သို့ ရောက်ရှိသွားသည့် အခြေအနေမျိုး ရှိနေကြောင်း အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ တရုတ် ကိုယ်စား
လှယ်အဖွဲ့မှ ဝူဆီကီက ပြောကြားခဲ့ဖူးသည်။
                “အစွန်းရောက် တပ်ဖွဲ့ဝင်တွေက အစ္စလာမ်မစ် နိုင်ငံတွေအပြင် ဥရောပ၊ မြောက်အမေရိကနဲ့ တရုတ်
နိုင်ငံတို့ကပါ ရောက်ရှိလာသူတွေပါ။ အစွန်းရောက် အတွေးအမြင်တွေကို ဖက်တွယ်ထားတဲ့အတွက် သူတို့တွေ 
ကိုယ့်နိုင်ငံ ပြန်ရောက်လာတဲ့အခါ အဲဒီနိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍအတွက် အကြီးအကျယ် ခြိမ်းခြောက်မှုတွေ ဖြစ်လာ
နိုင်ပါတယ်”ဟု ထိုစဉ်က ဝူက မှတ်ချက်ပြုခဲ့သည်။

_Ref: 7day

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More