Thursday, September 4, 2014

မေမြတ်နိုးထံမှ သရဖူပြန်သိမ်းရန် ကိုရီးယားအဖွဲ့အစည်းဥက္ကဋ္ဌ မြန်မာပြည်လိုက်လာပြီ


မေစနိုး၊ ရန်ကုန်၊ စက်တင်ဘာ-၃ စံတော်ချိန်
               Miss Asia Pacific World အလှမယ် မေမြတ်နိုးထံမှ သရဖူပြန်လည်သိမ်းယူရန် 
ကိုရီးယားအဖွဲ့အစည်း၏ဥက္ကဋ္ဌ မစ္စတာချွိုင်ဂျင်ကိုယ်တိုင် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ကြောင်း
Miss Asia Pacific Worldနေရှင်နယ်ဒါရိုက်တာ မလှနုထွန်းက စံတော်ချိန်သို့ စက်တင်ဘာ ၃ရက်၌ 
ပြောဆိုသည်။
            ကိုရီးယားအဖွဲ့အစည်းမှ ဥက္ကဋ္ဌဖြစ်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ နေရှင်နယ်ဒါရိုက်တာမလှနုထွန်း
 တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နေရှင်နယ်ဒါရိုက်တာကို မပေးအပ်ပါကအဖွဲ့အစည်းသို့ တိုက်ရိုက်
ပေးအပ်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ဘာကြောင့်လာလဲဆိုတာကို အခြားကိစ္စတွေ
ကို အစ်မအတိအကျမသိပေမယ့် သရဖူပြန်လက်ခံမယ့်ကိစ္စတော့ ပါတယ်ဆိုတာသေချာတယ်။ သူနဲ့အစ်မ
 သြဂုတ် ၃၁ ရက်တွေ့ဆုံတုန်းက သူကပြောတယ်။မေမြတ်နိုး (ခေါ်) သက်ထက်အောင်ကို မီဒီယာရှေ့မှာ
သရဖူပြန်အပ်ပေးဖို့၊ နှစ်နိုင်ငံဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခဲ့တဲ့အတွက်လည်း တောင်းပန်ပေး ဖို့နဲ့ဘာ
ကြောငြ့်ပန်လာရသလဲဆိုတာကိုလည်းရှင်းပြပြောဆိုပေးဖို့၊ အဲဒီလို ပြန်လုပ်ပေးမယ်ဆိုရင် ပြန်စဉ်းစားပေး
မယ်လို့ ဆိုပါတယ်'ဟု မလှနုထွန်းက ပြောဆိုသည်။
             အလှမယ်မေမြတ်နိုးက နေရှင်နယ်ဒါရိုက်တာမလှနုထွန်းသည် နေရှင်နယ်ဒါရိုက်တာ တစ်ယောက်
ကဲ့သို့ ပြုမူဆောင်ရွက်မှုမရှိဘဲ နေရှင်နယ်ဒါရိုက်တာမပီသမှုကြောင့် ၎င်းထံသို့ သရဖူပြန်မအပ်နိုင်ခြင်းဖြစ်
ကြောင်းစက်တင်ဘာ ၂ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
                'နေရှင်နယ်ဒါရိုက်တာမပီသဘူးလား။ တာဝန်မကျေဘူးလားဆိုတာကိုပြန်စဉ်းစားတတ်ရင်သိ
ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံးသင်တန်းတစ်လလောက်သွားခဲ့ရတဲ့အလှမယ်က ဘယ်သူများပါလဲရှင်။
 နောက်ပြီး ပြိုင်ပွဲတစ် လျှောက် အစ်မဘယ်လောက် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေက အားပေးခဲ့တယ် ဆိုတာ
လည်း မြန်မာနိုင်ငံက ပရိသတ်တွေသိပါတယ်။ အစ်မအနေနဲ့ သူ့ကိုပြောချင် တာကတော့ မြန်မာနိုင်ငံကိုတ
ကယ်ချစ်ရင် သရဖူကို ဘယ်လောက်ပဲတန်တန်ကိုရီးယားကို ပြန်အပ်ပေးပါလို့ ပြောချင်ပါတယ်။ အဲလိုမှမဟုတ်
ဘူးဆိုရင် မြန်မာဆိုတာနဲ့ ရင်ဘတ်နဲ့ ၁၈ ဒေါ်လာပဲပြေးမြင်ကြတော့မှာပါလို့ ပြောချင်ပါတယ်'ဟုမလှနုထွန်းက
ပြောဆိုသည်။ အလှမယ်မေမြတ်နိုးက ၎င်း၏အသက်သည် ၁၆ နှစ်မပြည့်သေးသော်လည်း နေရှင်နယ်ဒါရိုက်တာ
၏ဆောင်ရွက်ပေးမှုကြောင့် အသက်မပြည့်ဘဲဝင်ပြိုင်ဖြစ်ခဲ့ရကြောင်း၊ ယင်းကြောင့်ယခုဖြစ်လာခဲ့သည့် ပြဿနာ
များတွင် လူကုန်ကူးခံရသည့် သဘောမျိုးသက်ရောက်နေပြီး ၎င်းအားကူညီပေးပါက ယင်းကိစ္စကို ဥပဒေအရ 
ဖြေရှင်းသွားရန်ရှိကြောင်း မေမြတ်နိုးက သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။
               'ဇွန် ၅ ရက်မှာ သူမှဲ့တစ်ပေါက်မစွန်းဘဲပြန်လာလို့ သရဖူတောင်ပါလာသေးတာ လူကုန်ကူးမှုလား။ 
သူ့အမေနဲ့သူကိုယ်တိုင် လှနုကို ဘာမှအကြောင်းမကြားမပြောဘဲသွားကြပြီးမှ အဆင်မပြေတဲ့အခါမှ လှနုကြောင့်
ဆိုရင်ကော တရားပါသလားရှင်။ ကြိုက်တာပြောပါတော့။သူ့ကို ဒုက္ခပေးဖို့အချိန်ကုန် ၊ငွေကုန်ခံပြီး ကိုရီးယားကို
 အမေရော သမီးလေးပါ လာလည်ဖို့ခေါ်ခဲ့ကြတယ်ဆိုရင်တော့လည်း အစ်မမှာ ပြောစရာမရှိတော့ပါဘူး'ဟုမလှနုထွန်း
က ပြောသည်။ လက်ရှိဖေ့စ်ဘုတ်ခ်တွင် Missosologyinfo ၀က်ဘ်ဆိုဒ် တွင်တင် ထားသည့် မေမြတ်နိုးဆာဂျရီလုပ်နေ
သည့်ဓာတ်ပုံဟုဖော်ပြထားပြီး ယခုကဲ့သို့ အလှမယ်မေမြတ်နိုးအနေဖြင့်ဆက်လက်လိမ်လည်နေပါက ဗီဒီယိုဖိုင်
ကိုပါတင်ပေးသွားမည်ဖြစ်ကြောင်း Asia Pacific World ကိုရီးယားအဖွဲ့ အစည်းကြီးက ဖော်ပြထားသည်ဟု တွေ့ရှိရ
သည့်အပေါ်အတုအယောင်ဟုတ်၊မဟုတ်နှင့် မေမြတ်နိုးက ရင်သားဆာဂျရီမပြုလုပ်ခဲ့ဟုဆိုသော်လည်း အခြေအနေ
မှန်ကိုမလှနုထွန်းထံသို့ မေးမြန်းခဲ့သော်လည်း ၎င်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာမပေးလိုကြောင်း ဖြေကြား
ခဲ့သည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More