Thursday, September 4, 2014

တွေ့ရှိပြီဟု ထုတ်ပြန်ထားသော ဓမ္မစေတီ ခေါင်းလောင်း ကြိုးချည်ရန် အခက်အခဲရှိနေဟုဆို


ရန်ကုန် စက်တင်ဘာ ၃
           တွေ့ရှိပြီဟု ထုတ်ပြန်ထားသော ဓမ္မစေတီ ခေါင်းလောင်းကြီးမှာ ကြိုးချည်ရန် အခက်အခဲ 
ရှိနေကြောင်း ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းက ပြည်ထောင်စုနေ့စဉ်သို့ 
ယနေ့ ပြောသည်။ ဦးကြည်ဝင်းက ''ခုလောလော ဆယ်တော့ ကြိုးချည်ဖို့ လုပ်နေ တယ်။ အခက်အခဲ လေးတွေ
ရှိတယ်။ သြဂုတ် ၂၈ရက်လောက်ကတည်း က ကြိုးစားနေတာပါ။ ထူးခြားရင် ထုတ်ပြန် ကြေညာသွားပါမယ်''
 ဟုပြောသည်။
         ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့အနေဖြင့် ဓမ္မစေတီခေါင်းလောင်း တွေ့ရှိပြီဟု သြဂုတ် ၂၆ ရက်နေ့က 
တရားဝင်ထုတ်ပြန်ကြေညာခဲ့ သည်။ ခေါင်းလောင်းကို ကြိုးချည်ပြီးပါက ဆယ်ယူရန် သင်္ဘော အကြီးစားလိုအပ်ပြီး
 ယင်းအတွက် အစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက် မည်ဟုဆိုသည်။ ယင်းက ''အစိုးရအဖွဲ့ကို ကြိုးချည်ပြီးတာနဲ့ 
ထပ်တင်ပြပါမယ်။ သင်္ဘောက ပြည်တွင်းမှာရှိတဲ့ သင်္ဘောနဲ့ ဆယ်လို့ရမရက လက်ရှိ ပြောဖို့ ခက်ပါသေးတယ်''ဟု 
ဆက်လက်ပြောသည်။ ယင်းသို့ဆောင်ရွက်နေစဉ် သြဂုတ် ၂၈ရက်ကခေါင်းလောင်းဆယ်ယူ နေသည့်အနီး၌ နဂါး
ပေါ်သည်ဟု ဆိုကာ အနီးဝန်းကျင်မှ ဓာတ်ပုံလိမ်လည် ရောင်းချသူနှစ်ဦးကိုလည်း သက်ဆိုင်ရာက ထိန်းသိမ်းခဲ့သည်။
ဦးစံလင်း ဦးဆောင်သော အဖွဲ့အနေဖြင့် ခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်းကို သြဂုတ် ၉ ရက်က စတင်ခဲ့သည်။

 ပြည်ထောင်စုနေ့စဉ်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More