Sunday, September 7, 2014

ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ ရေများကို သောက်သုံးနိုင်သည်အထိ သန့်ရှင်းအောင် အမေရိကန်၏ အကူအညီဖြင့် ဆောင်ရွက်မည်


                      ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိရေများကို သောက်သုံးနိုင်သည်အထိ သန့်ရှင်းအောင် 
အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ သတင်းရရှိသည်။ ကန်တော်ကြီးအတွင်းရှိ ရေများအား သန့်ရှင်းစေရန် အမေရိကန်နိုင်ငံမှ ဒေါ်
လာလေးသိန်းတန်ဖိုးရှိ အကူအညီဖြင့် ပြုလုပ်လျက်ရှိရာ ရေများကို သောက်သုံးနိုင်သည်အထိ သန့်ရှင်းအောင် 
ဆောင်ရွက်သွားမည်ဟု ဆိုသည်။
             ကန်တော်ကြီး ကန်ရေပြင်သန့်ရှင်းစေရန် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံအစိုးရက ODA ဖြင့် 
သန့်ရှင်းရေးပြုလုပ်သည့်စက်ကို ထောက်ပံ့ခဲ့ပြီး ကန်ရေပြင်တွင် အယ်လ်ဂျေးများ ပေါက်ပွားမှုကြောင့် ဖြစ်ပေါ်
လာသော အစိမ်းရောင်အဖတ်များကို စုပ်ယူကာ ဖယ်ရှားရှင်းလင်း သန့်စင်ခြင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ 
အမေရိကန်၏ အကူအညီကိုပါရယူ၍ ရေသန့်ရှင်းရေး ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
          ရှေးယခင်က ကန်တော်ကြီးကို ရန်ကုန်မြို့တော်၏ ရေပေးဝေရေး လုပ်ငန်းများအတွက် အသုံးပြုခဲ့ကြောင်း၊
 နောက်ပိုင်းတွင် ရန်ကုန်မြို့၏ တိုးပွားလာသော လူဦးရေအရ မလုံလောက်တော့သဖြင့် ၁၉၀၄ ခုနှစ်တွင် ကန်တော်
ကြီးမှ ရေမပေးတော့ဘဲ လှော်ကားကန်မှရေကို စတင်ပေးဝေခဲ့ကြောင်း သိရသည်။
            နောက်ပိုင်းတွင် ကန်တော်ကြီးအနီးပတ်ဝန်းကျင်၌ လူနေအိမ်များရှိလာ၍ ၎င်းတို့ထံမှ စွန့်ထုတ်လိုက်သည့် 
ရေဆိုးများ၊ ကန်တော်ကြီးအတွင်းရှိ စားသောက်ဆိုင်များမှ စွန့်ထုတ်သည့် ရေဆိုးများကြောင့် ကန်ရေပြင် ညစ်ညမ်း
မှုများ ကြုံတွေ့လာခဲ့ရကြောင်း သိရသည်။ ထို့အတွက် ကန်တော်ကြီးကန်ရေပြင် သန့်ရှင်းရေးလုပ်ငန်းများကို ယခု
နောက်ပိုင်း ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ သောက်သုံး၍ရသည်အထိ သန့်ရှင်းအောင်ပြုလုပ်မည်ဆိုသော်
လည်း ရေများကို ရန်ကုန်မြို့အတွက် ပြန်လည်ပေးဝေရန် အစီအစဉ်မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေးကော်မတီမှ သိရသည်။ ကန်တော်ကြီး၏ ရေပြင်အကျယ်မှာ ၀ ဒသမ ၂၂၀ စတုရန်းမိုင်ရှိကြောင်းလည်း 
သိရသည်။
news-eleven

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More