မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Monday, September 29, 2014

ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်

         သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ မနေ့ကကျင်းပတဲ့ သံဃာတော်များ ညီလာခံမှာ မြန်မာနိုင်ငံ  မစိုးရိမ် တိုက်သစ်က အရှင်ဝီရသူက အစွန်းရောက် ဂျီဟတ် မွတ်စလင်တိုက်ဖျက်ရေးမှာ သီရိလင်္ကာ  အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့အတူ လက်တွဲဆောင် ရွက်သွားမယ်လို့ မိန့်ကြားခဲ့ ကြောင်း AP သတင်းက ဖေါ်ပြ ပါတယ်။          ...

မြန်မာနိုင်ငံတွင်းဝင်ရောက်နေသည့် တရားမဝင် ဆေးငါးမျိုးအား မသုံးစွဲရန် ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၈။ မြန် မာနိုင်ငံတွင်းသို့ တရားမဝင်လမ်း ကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ဈေးကွက်တွင်းတွေ့ရှိနေရသည့် တ  ရားမဝင် ဆေးငါးမျိုးအား သုံးစွဲခြင်း မပြုရန် အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ ကြေညာချက်ထုတ် ပြန် ထားကြောင်း သိရသည်။ဈေးကွက်တွင်း ရောက်ရှိနေ သည့် သုံးစွဲခြင်းမပြုရန် ထုတ်ပြန် ထားသည့် ဆေး ငါးမျိုးမှာ ထိုင်းနိုင် ငံ Acdhol, Co.,Ltd မှ ထုတ် လုပ်သော...

ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ

    ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကာကီဗ်မြို့ခံတွေက ဆိုဗီယက်အင်ပါယာကို တည်ထောင်သူ  လီနင်ရဲ့ ရုပ်တုကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဖြိုချလိုက်ပါတယ်။ leninဖြိုချခံလိုက်ရတဲ့ လီနင် ရုပ်တုကြီးဟာ ယူကရိန်းနိုင်ငံမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။ ယူကရိန်းအလံတော်ကို လွှင့်ထူပြီး ယူကရိန်း နိုင်ငံတော်သီချင်းကို သီဆိုတဲ့ လူအုပ်ကြီးက  ရုပ်တုကို ကြိုးနဲ့ ဆွဲချလိုက်တာကို...

Sunday, September 28, 2014

မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ

                  ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန်  များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ် လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များ နှင့်ပတ်သက်၍ တာဝန်ရှိသူများက...

Saturday, September 27, 2014

မန္တလေးတွင် တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချပြီး တန်းစီစောင့်ဆိုင်းဝယ်ယူသူ များပြား

             မန္တလေးမြို့တွင် စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် လမ်း ၃၀ နှင့် ၇၃ လမ်းထောင့်ရှိ  တယ်လီနောအရောင်းဆိုင်အား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ ဖဲကြိုးဖြတ်ဖွင့် လှစ်ပြီး စတင်ရောင်းချခဲ့သည်။              တယ်လီနောဆင်းမ်ကတ်များကို မန္တလေးမြို့ရှိ Branded Showroom ကိုးဆိုင်နှင့်...

Wednesday, September 24, 2014

ISIS ကို လေကြောင်း တိုက်ခိုက်မှု ချက်ခြင်းစဖို့ ဆီးရီးယားအတိုက်အခံ လိုလား

       ဗွီအိုအေ (မြန်မာဌာန) 23.09.2014 08:39             ဆီးရီးယားနိုင်ငံတွင်းက Islamic State အစွန်းရောက်တွေကို လေကြောင်းကနေ အလျင်အမြန် တိုက်ခိုက်မှုတွေလုပ်ဖို့လိုလားတယ်လို့ ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဘေးအကြပ်အတည်းဆိုးကြီးကို ကာကွယ်တားဆီးဖို့ အချိန်ရောက်နေပြီလို့ ဆီးရီးယားအတိုက်အခံခေါင်း ဆောင်...

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်

်             မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ  မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ  သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန်  ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။...

Sunday, September 21, 2014

မြ၀တီမြို့ကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှားကြောင့် စိုးရိမ်မှုလွန်ကဲကာ မွန်းလွဲပိုင်းက လူစုလူဝေး ဖြစ်ပေါ်ခဲ့

               မြဝတီမြို့တွင် ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းစကားများကြောင့် စာသင်ကျောင်းများ၌  ပညာသင်ကြားနေသော ကလေးငယ်များအား မိဘများက လာရောက်ခေါ်ယူကြ၍ မွန်းလွဲ ၁း၃ဝ ခန့်က လူ စုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လူစုလူဝေးဖြစ်ပေါ်ရာ အမှတ်(၁) အထက်တန်းကျောင်းရှေ့ သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး...

Saturday, September 20, 2014

IS စစ်သွေးကြွတွေ ဓားစာခံ ၄၉ ဦး ပြန်လွှတ်

ဗွီအိုအေ (မြန်မာဌာန) 20.09.2014 22:39             ပြီးခဲ့တဲ့ ဇွန်လတုန်းက IS စစ်သွေးကြွတွေ အီရတ်နိုင်ငံအတွင်းမှာ ဖမ်းဆီးသွားခဲ့တဲ့ တူရကီနိုင်ငံသား  ၄၉ ယောက် အခု ပြန်လွတ်မြောက်လာပြီလို့ တူရကီဝန်ကြီးချုပ်က ပြောပါတယ်။ ၀န်ကြီးချုပ် Ahmet Davutoglu  က ဓားစာခံတွေအားလုံး စနေနေ့အစောပိုင်းမှာ ဘေးကင်းစွာနဲ့ တူရကီကို ပြန်ရောက်လာပြီလို့ဆိုပါတယ်။ သံတမန်တွေ၊...

Thursday, September 18, 2014

တာချီလိတ် ရေဘေးသင့်

ဗွီအိုအေ (မြန်မာ)         ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမူတွေ ကြောင့် နှစ်ပေါင်း ၁၅ နှစ်ကျော် အတွင်း   ဒီတလထဲမှာ ဒုတိယအကြိမ် တောင်ကျရေတွေ ကျလာပြီး ရုတ်တရက် ရေကြီးမူတွေ ရှိနေတာကြောင့် မဲဆိုင်၊  တာချီလိတ် ချစ်ကြည်ရေး တံတားကို ယာယီပိတ်ခဲ့ရသလို ရေကြီးမူတွေ အတွင်းလူတွေ မျောပါ၊ ပျောက်ဆုံး မူတွေ ရှိနေတယ်လို့ ဆိုပါတယ်။...

Tuesday, September 16, 2014

ဗြိတိသျှခရီးသွား ၂ ဦးသေဆုံးမှု မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ဆေး

ဗွီအိုအေ (မြန်မာ)                      ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင်အတွင်းက Koh Tao (လိပ်ကျွန်း) မှာ ဗြိတိသျှနိုင်ငံသား  ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကျွန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း  အလုပ်သမား ၃ ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းနေပါတယ်။ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာကိုတော့...

Syria ရှိ ISIS အစွန်းရောက်အုပ်စုအပေါ် လေကြောင်းတိုက်ခိုက်မှု အမေရိကန်စတင်

  ဗွီအိုအေ (မြန်မာဌာန) 16.09.2014 07:25                   ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွအဖွဲ့ရဲ့ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက် ရာမှာ ဆီးရီးယားအနေနဲ့ ၀င်ရောက်မနှောင့်ယှက်ဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။ ဆီးရီးယား  လေကြောင်းကာကွယ်ရေးစနစ်တွေ ဘယ်မှာရှိလဲဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက...

Monday, September 15, 2014

IS တိုက်ဖျက်ရေးကူညီဖို့ နိုင်ငံ ၃၀ ကတိပြု

ဗွီအိုအေ (မြန်မာဌာန)            နိုင်ငံပေါင်း ၃၀ က အီရတ်နိုင်ငံတွင်း IS အစ္စလာမ်အစွန်းရောက်တိုက်ဖျက်ရေးမှာ စစ်ရေးအပါအဝင်  လိုတာအားလုံး ဝိုင်းကူပေးသွားမယ်လို့ ကတိပြု လိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဒီနေ့လုပ်တဲ့  နိုင်ငံတကာညီ လာခံအပြီး ကြေညာချက်ထုတ်ရာမှာ အီရတ်အစိုးရဘက်က တောင်းဆို လာတာကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ အရပ်သားတွေရဲ့လုံခြုံရေးကိုလည်း...

Sunday, September 14, 2014

အမြဲတမ်းအတွင်းဝန်ရာထူးအား လက်ရှိအစိုးရ လက်ထက်တွင် ခန့်အပ်မည်ဟုဆို

                 အတွင်းဝန်ရာထူးခန့်အပ်လျှင် ၀န်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးများ ခရီးသွားခြင်း၊  လစ်လပ်ခြင်းများ ဖြစ်ပေါ်လျှင် ဌာနလုပ်ငန်းများ မနှောင့်နှေးအောင်အတွင်းဝန်က ဆက်လက်လုပ်ကိုင် သွားမည်ဟုဆိုသည်။ ပြည်ပခရီးစဉ် တစ်ခုမှ ပြန်လာသော နိုင်ငံတော်သမ္မတကို ကြိုဆိုနေသော ပြည် ထောင်စုဝန်ကြီးအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်သမ္မတရုံး)  ...

Saturday, September 13, 2014

“ဦးဝီရသူလှူဒါန်းသော ငွေများထုတ်ပြီးအပြန် ဆိုင်ကယ်အတိုက်ခံရ”

             10.9.2014 ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရွာမှ  ဦးပဉ္စင်း ဦးဉာဏက ဦးဝီရသူလှူသော ငွေ(၆၅၁)သိန်းကို သံတွဲမြို့မှ ထုတ်ပြီးအပြန် မြပြင်ရွာမှာ  ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဦးဉာဏနှင့် ကားဆရာ ဒကာဦးဝင်းမြင့်တို့က ရှေ့တည့်တည့်မှ အပြင်း မောင်းလာသော ဆိုင်ကယ်ကိုတွေ့လို့ အရှိန်လျှော့ချလိုက်ပါတယ်။...

မဲဆောက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA အဖွဲ့က တားဆီးစစ်ဆေး

               မဲဆောက်သို့သွားရောက်သည့် မြန်မာနိုင်ငံမှကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းရဲများ၏  ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား  KNU၊ KNLA ဗိုလ်မှူးကြီးတိုင်းဂါး ဦးဆောင်သည့် အဖွဲ့မှ အာရှလမ်းမ၊ မင်းပဒုံမာ ကလေးကစားကွင်းအနီး တွင် စက်တင်ဘာ ၁၃ ရက် နံနက်က...

ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ်

ဗွီအိုအေ (မြန်မာဌာန)            ဖိလစ်ပိုင်နိုင်ငံ Leyte ( လေတေး) ကျွန်း ကမ်းလွန်မှာ စနေနေ့က နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောက  အသက်ရှင်ကျန်နေနိုင်သူတွေကို ဖိလစ်ပိုင်ရေတပ် အာဏာပိုင်တွေ ရှာဖွေနေကြပါတယ်။ ကူးတို့သင်္ဘော ပေါ်မှာ ခရီးသည် ၈၄ ယောက်ထက် မနည်းပါသွားပြီး တနင်္ဂနွေနေ့ မနက် အစောပိုင်းရောက်ချိန် အထိ  ခရီးသည် ၆၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့...

ရခိုင် တည်ငြိမ်ဖွံဖြိုးရေး ကုလအရာရှိတွေ သွားရောက် စစ်ဆေး

ဗွီအိုအေ (မြန်မာ)            လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ ဟာ မနှစ်ကထက်  တိုးတက်လာတယ် ဆိုပေမယ့်၊ ဒေသခံ လူမှု အသိုင်းအ၀ိုင်းတွေ ရဲ့ အခြေခံ လိုအပ်ချက်အပေါ် လုပ်ဆောင်စရာ တွေ အတော် ကျန်သေးတယ်လို့ အဲဒီဒေသကို နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အရာရှိနှစ်ဦး က  ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့...

ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော

                   ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း  တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက် တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ထို့အပြင်...

Friday, September 12, 2014

သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစိပြီ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး

           သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစ်ပြီး ရေစိုနေသည့်လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ကာ  အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးသင်္ဃန်းကျွန်းမြို့နယ်တွင် ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ  ရေစိုနေသည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ပြီး အနီးတွင်ရှိနေသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ် ဦးတို့...

IS စစ်ဆင်ရေး အပေါ် ရုရှားဝေဖန်ချက် Kerry ပယ်ချ

ဗွီအိုအေ (မြန်မာပိုင်း)            Islamic State အစ္စလာမ်အစွန်းရောက်တွေကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ဖို့ ကြိုးပမ်း  ဆောင်ရွက်မှုတွေဟာ သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ ပြောဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပယ်ချလိုက်ပါတယ်။ ယူကရိန်းနိုင်ငံ...

Thursday, September 11, 2014

တိုက်ပွဲပြန် အစ္စလာမ်မစ် စစ်သွေးကြွတွေ နိုင်ငံတွင်းအန္တရာယ်ပြု

ဗွီအိုအေ မြန်မာ            အီရတ်နဲ့ ဆီးရီးယားနိုင်ငံက တိုက်ပွဲတွေမှာပါဝင်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံတွေ ကို ပြန်ရောက်နေကြတဲ့  မူဆလင်စစ်သွေးကြွတွေရဲ့ အန္တရာယ်ကို  တရုတ်နိုင်ငံနဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ရင်ဆိုင်နေရတယ်လို့ ဗဟိုအာရှ  အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။          ...

ဗီယက်နမ်နှင့် ပွဲအတွက် ယုံကြည်မှု မလွန်ကဲကြောင်း မြန်မာ ယူ - ၁၉ နည်းပြပြောကြား

မြန်မာနှင့်ပွဲမှာ အလွန်ခက်ခဲသော စိန်ခေါ်မှုဖြစ်ပြီး ဗဟိုနောက်ခံလူတစ်ဦး ဒဏ်ရာရရှိထားကြောင်း ဗီယက်နမ်နည်းပြဆို အာဆီယံ ယူ - ၁၉ အကြိုဗိုလ်လုပွဲ မကစားမီ မီဒီယာ တွေ့ဆုံပွဲ၌ မြန်မာ ယူ - ၁၉ လက်ရွေးစင် အသင်းနည်းပြ  ဂတ်ဖရိုင်းဒရစ်က မိမိတို့ အနေဖြင့် သေချာပေါက် ဗိုလ်လုပွဲ တက်မည်ဟု ယုံကြည်မှု မလွန်ကဲကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာ (၁၁)ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ...

Wednesday, September 10, 2014

ကန်ဥပဒေကြမ်း မြန်မာအစိုးရဝေဖန်

                အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ စစ်တပ်နဲ့ အနီးကပ်ဆက်ဆံပြီး အကူအညီပေး တာမျိုးတွေ မလုပ်ဘူးဆိုတဲ့ အချက်တွေ အပါအ၀င် ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ  မူကြမ်းကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက စက်တင်ဘာလ ၉ ရက်နေ့တုန်းက ဆွေးနွေးခဲ့ကြပါတယ်။  အခုလို မြန်မာအစိုးရ စစ်တပ်နဲ့ ဆက်ဆံရေးအပေါ်...

ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်

               မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့ ဘုရင်ထံသို့ လက်ဆောင်ပေးအပ်ခဲ့သော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သ တင်းထုတ်ပြန် သည်။ ၁၇၅၆ခုနှစ်တွင်အလောင်း...

Monday, September 8, 2014

လူသားနဲ့ချက်ပြုတ်ထားတဲ့ အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကို ရဲတွေဝင်ရောက်ဖမ်းဆီးနိုင်ခဲ့

               စားသုံးသူတွေကို လူသားနဲ့ တည့်ခင်းဧည့်မှုပြုနေခဲ့တဲ့ နိုင်ဂျီးရီးယားစားသောက်ဆိုင်တစ်ဆိုင်ကို ရဲတွေ  ဝင်ရောက်ဖမ်းဆီးနိုင်းခဲ့ပြီးနောက်မှာတော့ အဲ့ဒီဆိုင်ဟာ အပိတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီဆိုင်က စားသောက်ဆိုင် ပိုင်ရှင် အပါအဝင် အနည်းဆုံး လူ (၁၁) ယောက် ဖမ်းဆီးပစ်ခဲ့ပါတယ်။            ...

MH370 ဦးတည်ပျံသန်းသွားသည့် လမ်းကြောင်း (၁၀၀၀)မျှ ရှိနိုင်ကြောင်း ကျွမ်းကျင်သူ မှတ်ချက်ပြု

              ပျောက်ဆုံးနေသည့် MH370 လေယာဉ် ဦးတည်ပျံသန်း သွားနိုင်သည့် လမ်းကြောင်းပေါင်း (၁၀၀၀)မျှကို  ထည့်သွင်း စဉ်းစားရလိမ့်မည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြု ပြောကြားခဲ့သည်။ မလေးရှား လေကြောင်းပိုင်  MH370 သည် မတ်လ(၈)ရက်က လူပေါင်း (၂၃၉)ဦးကို တင်ဆောင်၍ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်း ရင်း ပျောက်ကွယ်သွားခဲ့သည်။...

Sunday, September 7, 2014

ဆိုမာလီal-Shabab ခေါင်းဆောင် သေဆုံးကြောင်း ကန် အတည်ပြု

ဗွီအိုအေ (မြန်မာပိုင်း)          ဆိုမားလီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်  စစ်သွေးကြွအဖွဲ့ al-Shabab ခေါင်းဆောင် Ahmed Abdi Godane သေဆုံးသွားကြောင်း အမေရိကန်  အရာရှိတွေက အတည်ပြု ပြောဆို ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးကြောင့်  Godane သေဆုံးသွားခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရ...

Page 1 of 31712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More