Sunday, April 8, 2012

Gtalk ဖွင့်မရသည့် ပြဿနာ

   တတ်လို့ ရေးခြင်းကားမဟုတ်ပါ ကြုံဖူးသူမို့ မကြုံဖူးသူများသို့ပြန်မျှဝေခြင်းပါ
မိတ်ဆွေအတွက် ကြုံလာသည့်အခါ ယ္ခုကျွန်တော်ရေးမယ့် အကြောင်းအရာလေးဟာ
ဆေးတစ်ခွက်ဖြစ်လာနိုင်သည် ထို့ကြောင်းမိတ်ဆွေသည် ဤစာစုအား မိနစ်အနည်း
ငယ်ကြည့်သွားလိုက်ရင်ဖြင့် ဆေးစွမ်းကောင်းတစ်ခွက်ရသွားနိုင်သည်..။
ဟီ..ဟီ... စကားရှည်နေလို့ လိုရာမရောက်ဖြစ်နေပါပြီး ဒီလိုပါဗျာ မကြာသေးတဲ့
တစ်နေ့က လို့ဆိုရမှာပါ ကျွန်တော်သူငယ်ချင်းတစ်ယောက် ကျွန်တော်ဆို
 ကွန်ပျူတာလေး သယ်လာတယ် ကြည့်ပေးပါအုံ့တဲ့ .. Gtalk / Gmail
ဖွင့်မရဘူးသူငယ်ချင်းတဲ့.. ဒါနဲ့ ဟုတ်လားဆိုပြီးကျွန်တော်ဝင်ကြည့်တယ်ဗျာ
 တကယ်လည်းဟုတ်နေပါတယ် ... ကျွန်တော်လည်း သိပ်ပြီးသိတတ်အကောင်း
မဟုတ်ဘူးဆိုတော့ သူငယ်ချင်းတွေစုပြီးကြည့်ကြတယ် ပြင်ကြတယ်ဗျာ မရဘူး
ဟိုကလိဒီကလိပေါ့ဗျာ...တော်လေးကြာသွားပြီးမရဘူး ... နောက်တော့ဗျာ တရားခံ
ကိုမိတယ်ဗျာ အောက်က ပုံလေးကိုသာ အသေချာ ကြည့်ပေတော့ဗျာ

                 အရေးကြီးတဲ့ စာကြောင်းလေးကို စည်းတားပြီးပြပေးလိုက်ပါတယ်
Please verify you computer's clock setting တဲ့ဒီလောက်ဆိုဘာဖြစ်လို့လဲဆိုတာ
 အားလုံးသိသွားမှာပါနော်.. ကဲဗျာပြင်လိုက်ကြရအောင်လွယ်လွယ်လေးပါနော်
Taskbar ပေါ်က နာ၇ီးလေးကို Click လိုက်ပါChange date and time satting
ကိုဝင်လိုက်ပါ Date and Time BOXကျလာရင် Change date and time မှာ
အခုလက်ရှိ မိမိ နေထိုင်တဲ့ နိုင်ငံအချိန်နဲ့ရက်လတွေကို အတိအကျ ပြောင်းပေး
လိုက်ပါအားလုံးပြီးသွားရင်OK သာလုပ်ပြီးထွက်ခဲ့ပါ သုံးကြည့်လိုက်ပါ ...
 ကြုံလာရင် အဆင်ပြေပါစေဗျာ....

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More