Monday, December 6, 2010

gtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်ရင်

- ကျွန်တော်တို. Gtalk သုံးတဲ့ အခါမှာ တော်များများကတော့ အင်တာနက်ဆိုင်မှာ သုံးတာများ
ပါတယ်။ အခုတင်ပြတဲ့နည်းကတော့ အင်တာနက်ဆိုင်မှာ မိမိရဲ.Gmail Addressတွေမကျန်
ခဲ့စေအောင် သုံးတဲ့နည်းလေးပါ။ဒီလိုပါ။ မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊ သူတို့ ရဲ့  Gmail Address တွေက ဘာနာမည်လဲဆိုတာ သိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင် ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။ အဲဒီတော့
စက်ထဲမှာ မိမိ Gmail Address မကျန်ခဲ့စေရန်ရည်ရွယ်ပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး
Start ထဲက Run ကိုနှိပ်ပါ။
(သို.မဟုတ်)Window+R ကိုတွဲဖိပါ။


၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ
+ ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။
Gmail Address များကိုတွေ.ရပါလိမ့်မည်။
အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail
Addressနာမည်
ပေါ်နေပါလိမ့်မည်။
ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင်
Right
ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။
အားလုံး အဆင်ပြေကြပါစေ … ..

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More