Saturday, November 29, 2014

AFC Challenge Cup အားပယ်ဖျက်ပြီး အသင်းအားလုံး အဆင့် မခွဲခြားဘဲ အာရှဖလား ယှဉ်ပြိုင် ကစားခွင့်ရရေး MFF ဥက္ကဋ္ဌ အဆိုပြုချက် အောင်မြင်





            ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိသည့် အာရှဘောလုံး
 အဖွဲ့ချုပ် (AFC) အမှုဆောင် အစည်းအဝေးသို့ အာရှလူငယ် ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ အဖြစ်တာဝန်ယူ 
ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက် ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် AFC Challenge Cup ပြိုင်ပွဲအား ပယ်ဖျက်ပြီး အာရှဘောလုံး အဖွဲ့ချုပ် လက်အောက်ရှိ ဘောလုံး
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများနှင့် ဘောလုံးဖွံ့ဖြိုးဆဲ နိုင်ငံငယ်များ မခွဲခြားဘဲ အသင်းများအားလုံး အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲသို့ 
တန်းတူဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိရန် ဦးဇော်ဇော်မှ တင်ပြခဲ့ရာ အမှုဆောင်များ အားလုံး ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်
သူမရှိဘဲ သဘောတူ အတည်ပြုခဲ့ကြသည်။
          လက်ရှိ အချိန်တွင် အာရှဘောလုံး အဖွဲ့ချုပ် လက်အောက်ရှိ ဘောလုံးဖွံ့ဖြိုး နိုင်ငံငယ်များ အနေဖြင့် အာရှ
 ဖလားပြိုင်ပွဲသို့ တိုက်ရိုက် ၀င်ရောက်ခွင့် မရရှိဘဲ AFC Challenge Cup ပြိုင်ပွဲမှတဆင့် ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ရ 
လျက်ရှိရာ ဦးဇော်ဇော်က အဆိုပါ အနေအထားမှာ အာရှဘောလုံး လောကကို နိုင်ငံကြီး၊ နိုင်ငံငယ်ခွဲခြား ထားသည့် 
သဘော သက်ရောက်နေကြောင်း၊ ဥရောပ ဖလားပြိုင်ပွဲကဲ့သို့ အသင်းအားလုံး တန်းတူခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်
ခွင့် ရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် AFC Challenge Cup ပြိုင်ပွဲကို ပယ်ဖျက်ပြီး အသင်းအားလုံး ခြေစစ်ပွဲမှတဆင့် 
ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရန် ပြိုင်ပွဲကို ပြင်ဆင်သင့်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။
           အဆိုပါ တင်ပြချက်ကို အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးပြီး အတည်ပြုခဲ့ကြသဖြင့် လာမည့်နှစ်များမှ
 စတင်၍ AFC Challenge Cup ပြိုင်ပွဲကို ပယ်ဖျက်ကာ အသင်းအားလုံး ခြေစစ်ပွဲမှစတင်၍ တန်းတူယှဉ်ပြိုင်သွားရန် 
ဆုံးဖြတ်ခဲ့ကြ ကြောင်းသိရသည်။ MFF ဥက္ကဋ္ဌ အနေဖြင့် အမှုဆောင် အစည်းအဝေး အပြီးတွင် အာရှ ဘောလုံး အဖွဲ့ချုပ် 
နှစ်(၆၀)ပြည့် အခမ်းအနားနှင့် နှစ်ပတ်လည် ဆုပေးပွဲ အခမ်းအနား သို့လည်း ဆက်လက်တက်ရောက် မည်ဖြစ်သည်။
BY: Myanmar Football Lovers Page

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More