Thursday, June 21, 2012

Recycle Bin ကိုမိမိစိတ်ကြိုက်သုံးကြည့်ခြင်း

    ကျွန်တော်တို့ ကွန်ပျူတာသမားတွေဟာ ကကွန်ပျူတာနဲ့ အလုပ်လုပ်တိုင်း
မလိုအပ်တဲ့ဖိုင်းများကို ဖျက်ပစ်တတ်ကြပါတယ် ၄င်းဖျက်ပစ်လိုက်တဲ့ ဖိုင်းများ
ဟာ အများအားဖြင့် Recycle Bin မှာစုထားကြပါတယ် တစ်ချို့ကတော့  Shift +
Delete KEY ကိုတွဲနှိပ်ပြီးဖျက်တတ်ပါတယ် Shift + Delete KEY တွဲနှိပ်ပြီး ဖျက်
ပစ်လိုက်မယ်ဆိုရင်တော့ သိတဲ့အတိုင်းဘဲ မိမိစက်ထဲမှာမရှိနိုင်တောပါဘူး နောက်
အသုံးပြုချင်းလို့လဲ ပြန်ရနိုင်မှာမဟုတ်တော့ပါ Recycle Bin ထဲထည့်ထားလိုက်ရင်
တော့ အသုံးလိုတဲ့အချိန်ပြန်သုံးလို့ရတာပေါ့နော်.. နားလည်ပေးပါဗျာ ဆရာကြီးလုပ်
တာမဟုတ်ပါဘူး အခု  Recycle Bin ကိုလိုသလိုသုံးကြည့်ရအောင်ပါ ကွန်ပျူတာ
Desktop မြင်ကွင်းပေါ်က  Recycle Bin ကို Right Click လုပ်ပြီး Properties ကိုဝင်
ပါမယ်  Recycle Bin Properties BOX မှာကြည့်လိုက်ပါ Settings for selected location
စာကြောင်းရဲ့အောက်မှာ Custom size:ကိုကြည့်လိုက်ပါ Maximum size (MB): ဆိုပြီးတော့
မှုန်ဝါးဝါး စာကြောင်းလေးကိုလည်းတွေနိုင်ပါတယ် ၄င်းဘေးနားမှာ 10315 ဂဏာန်းတွေဟာ
 Recycle Bin ရဲ့ပုံမှန်း size:ပါ သူဟာ ၄င်း size:ရဲ့ပုံမှန်အတိုင်သိမ်းဆည်းမှာဖြစ်ပါတယ်
တကယ်လို့ မိမိအနေဖြင့် သိမ်းဆည်းလို့သည့် size: ကိုလိုသလို့ရွေးခြယ်နိုင်ပါတယ်
မိမိအသုံးပြုချင်းတဲ့ size:ကို ၄င်းနေရာမှာရေးထည့်ပြီး Apply OK လုပ်နိုင်ပါတယ်

ပုံမှာလည်း နံပါတ် ၁ လို့ရေးထားပြီးမြှားပြပေးထားပါတယ် နံပါတ် ၂ မြှားကတော့ အသုံးမလို
သည့်ဖိုင်များကို မျက်ရာတွင် ဘယ်တော့မှ အသုံးမလိုတော့ဘူးဆိုရင်ပေါ့နော်
Shift + Delete KEY တွဲနှိပ်စရာမလိုတော့ဘူးနော် Don't move files to the Recycle Bin,
Remove files immediately when deleted. စာကြောင်းရဲဘေးနားမှာ အမှတ်ခြစ်ပါ
Apply OK လုပ်ပေါ့ဗျာ အားလုံးပြီးရင် အစမ်းသုံးကြည့်လိုက်ပါ မလိုအပ်တဲ့ ဖိုင်တစ်ခုကို
 Recycle Bin ထဲသို့ပစ်ထည့်လိုက်ပါ အောက်ပါပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်
   ဘယ်တော့မှမလိုအပ်တော့ဘူးဆိုရင်တော့ Yes သာလုပ်လိုက်ပါတော့ဗျာ
မှတ်ချက် ။  ။ Don't move files to the Recycle Bin,Remove files immediately
 when deleted. စာကြောင်းရဲဘေးနားမှာ အမှတ်ခြစ်ခြင်းသည် ဘယ်တော့မှမလိုအပ်
တဲ့ဖိုင်းများကိုဖျက်ပစ်ရင်ဖြစ်သည် သို့ဖြစ်ပါ၍ ၄င်းနေရာတွင်အမှတ်ခြစ်မထားသင့်ပါ
နည်းပညာ ဗဟုသုတ အဖြစ်မျှဝေခြင်းသာဖြစ်ပါသည် ...။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More