Tuesday, September 28, 2010

ဝတ္ထုတို


                     လွမ်းရပါသော ကိုယ့်ရပ်မြေ   
              မိုးရာသီ၏ သဘာဝအလှကို အော့အံဟူသော ဖားကလေးတို့အော်မြေသံတို့က
ပီပြင်စွာသရုပ်ဆောင်ပေးကြသည် ။  ဆောင်းရာသီ၏အနုအလှကို ငွေနှမ်းရည် ပုလဲစက်များနဲ့အတူ ပန်းသဇင်တိုက သရုပ်ဆောင်ပေးကြ၏ တဝဲဝဲလည်နေသော ရော်ရွက်ကြွေတို့က နွေရာသီ၏အလှကို  ပီပြင်စွာစုတ်ချက်တင်ပေးကြသလို ဥသြငှက်ငယ်၏ လွမ်းကျူးသံသည်လည်း နွေရာသီဝေ သာယာပေသည်။     ဥသြငယ်၏ အတိတ်နိမိတ်ကိုထို့နွေရာသီက ဖော်ဆောင်ပေးခဲ့လေသည် …. အလွန်ပူပြင်သော နွေညတစ်ည၏ လေပြေသည်တဖြည့်ဖြည့်နှင့်တိုက်ခက်စပြုလာသည် ဇီးကွက်ငှက်ကလေးတစ်ကောင်း၏ ပျော်ရွှင်ကြည်နုမှုသည်ဒီနွေညဆည်ဆာအလှနှင့် တိုက်ဆိုင်လေတော့အလွန်ကြည်နုနေရှာလေ၏ ဇီးကွက်ငယ်သည်ပြိုင်ညောင်ပင်အိုဖျား၌ တောင်ဖန်ခက်ရင် ဟိုကြည့်ဒီကြည့် သဘာဝအလှကိုခံစားနေစဉ်မှာပင် သူ၏ စအိုကို ဂေါ်လီတစ်လုံးပြင်ထင်စွာဝင်ရောက်လာတော့ နာကြင်မှုဒဏ်ကြောင့် ထိတ်လန့်အော်ဟိုက် ဦးတည်ရာမဲ့ပျံထွက်သွားခဲ့ပေမယ့်လည်း ထိုဂေါ်လီလုံးမှာထွက်မလာဘဲ စအိုထဲတွင်နေရာယူနေလေသည် ဒီလို့နဲ့ရက်တွေကြာလာခဲ့သည်နဲ့အမျှထွက်မလာဘဲ ဂေါ်လီလုံးကြောင်း
             သူ၏ကျန်မာရေးသည်ထိခိုက်လာလေသည်  မစားမသောက် နာကြင်ခြင်းများစွာနဲ့ရင်ဆိုင်နေရသော ဇီကွက်ငယ်ကို ငှက်အပါင်းတို့က မေးမြင်ကြရာ အကြောင်းစုံကို ဇီးကွက်ငယ်ကရှင်ပြပြောပြရလေ၏ ထို့အကြောင်းကိုသိလေသော် ကျီးကင်းငယ်တစ်ကောင်းက“ သင်သည်ဒီဝေဒနာကြောင်းသေးသွားနိုင်သည် ငါတို့ငှက်အပေါင်းတော့က သင့်အားကူညီရပေလိမ့်မည် သင်၏ဝေဒနာပျောက်ကင်းရန်အတွက် ဆေးဆရာတစ်ဦး အမြင်ဆုံးရှာဖွေရပေလိမ့်မည်  ထိုဆေးဆရာ အားကျွနှ်ုပ်ကိုယ်တိုင်ရှာပေးပါမည် ဆေးဖို့ဆေးခကိုတော့ သင်ဇီကွက်ငယ် ဖြေရှင်းပေးရပါမည် ” ကျီးကင်းငယ်ကထိုသို့ဆိုလေသော် ပြင်ထင်သောဝေဒနာ ခံစားနေရသော  ဇီကွက်ငယ်က       “ကျွနှ်ုပ်ဝေဒနာပျောက်ကင်းပါကပေးပါမည်”ဟုကတိစားကားဆိုလေသည် ဇီကွက်ငယ်၏ကတိစကားကို ငှက်အပေါင်းတို့ကလည်း လက်ခံကြသည် ထိုစဉ်မှာပင် ကျီးကင်းငယ်သည် ငှက်အပေါင်းတို့ကို စွန့်ခွါပျံထွက်လျှက် ဆေးဆရာအား ရှာကြံရလေသည် ။ ရက်သက်တစ်ပတ် အတွင်းအနယ်နယ်အရပ်ရပ် တိုင်းတစ်ပါးခြားသို့လိုက်လှမ်း ရှာဖွေရာ နောက်ဆုံး ဆေးဆရာဖြစ်သူ ဥသြငှက်ငယ် တစ်ကောင်းနှင့် ဆုံတွေ့လေသည် ။ ကျီးကင်းအားတွေ့သော် ဥသြငယ်က “ အသင်သည် ဧည့်သည့်ဖြစ်ပါလိမ့်မည် ဘယ်ရပ်ဘယ်နယ် ဘယ်ဒေသက လာပြီး အကျွနှ်ုပ်အား ဘယ်အတွက်ကြောင်း  မိတ်ဖွဲ့ရပါသည်နည်း”ဟုစကားဆိုလိုက်လေသော် ကျီးကင်းငယ်က ဇီကွက်ငယ်၏ ဖြစ်ရပ်မှန်ကိုပြောပြလိုက်သည် သတ္တဝါတို့၏ အသက်ကို ကယ်တင်လို့သော ဥသြငယ်သည် ကိုယ်ရပ်ကိုယ်မြေ ကိုယ်ဒေသကို စွမ့်ခွာမသွားချင်ပေမယ့်အများ အသက်ကယ်တင်ချင်သောစိတ်ကြောင်း ကျီးကင်းငယ်အားကတိစကားဆိုရလေသည် “သင်၏ အဆွေဖြစ်သူ ဇီကွက်ငယ်၏ အသက်အန္တရာယ်ကို အကျွနှ်ုပ်ကယ်တင်ပါမည် သောသော်လည်းသင်သည်ကျွနှ်ုပ်အား ကတိစကားပေးရပေလိမ့်မည်” ကျီးကင်းငယ်က “မိတ်ဆွေသာ စကားဆိုပါလေ” ထိုအခါ ဥသြငယ်က “ကျွနှ်ုပ်သည် သင်တို့နေရပ်ဒေသကို ရောက်ဖူးသည်မဟုတ် မြင်ဖူးသည်လည်းမဟုတ် ကျွနှ်ုပ်၏နေရပ်ဒေသကို ကျွနှ်ုပ်ချစ်သည် ခင်တွယ်သည် ကျွန်ုပ်အား ကျွနှ်ုပ်၏နယ်မြေဒေသသို့ပြန်ပို့ရပါမည် ဆေးဖို့ဆေးခ အဖြစ်လက်ဆောင်တွေလည်းပေးရပေလိမ့်မည်” ဟုဆိုလေသည် “မိတ်ဆွေ ဤတာဝန်ဤကိစ္စအား အကျွနှ်ုပ် တာဝန်ယူပါသည် မိတ်ဆွေသာ       ကျွနှ်ုပ်၏မိတ်ဆွေအသက်ကို သာမြင်မြင်ကယ်ပါလော”ဝမ်းသာအားရကတိပေးကာ ဆေးရာအားခေါ်ဆောင်လာခဲ့လေသည်  ။
      ဇီးကွက်ငယ်၏ဝေဒနာအားအကဲ့ခက် စိုက်ဆေးကြည့်လိုက်လေသော်  စအိုဝ တွင်ဝင်ရောက်ခိုအောင်းနေသော ဂေါ်လီလုံးမှာ လူသားများပြုလုပ်ထားသော လေးဂွဖြင့်ပစ်လိုက်သော ရွှံမြေဂေါ်လီလုံးပင်ဖြစ်နေလေသည် ထို့အကြောင်းကိုသိလေသော ဥသြငယ်က   ဇီးကွက်ငယ်အားဤသို့ဆိုလေသည်  “သင်၏ စအိုဝကိုရေထဲတွင်နှိုပ်၍ ရက်သက်တစ်ပတ်ခန့်ထားရပါမည်သင်၏ ဝေဒနာသည်ထိုရက်သတ်တစ်ပတ် အတွင်းသေရှာစွာပျောက်ကင်းပါမည်”ဇီးကွက်ငယ်သည် ဆေးဆရာ ညွှန်ပြသည့်အတိုင်ပြုလုပ်လိုက်ရာ ဂေါ်လီလုံးမှာရေထဲ ဖျော်ဝင်၍ ထိုရက်သက်တစ်ပတ် အတွင်းပျောက်ကင်းလေတော့ ဆေးဆရာအား ဆေးဖို့ဆေးခ အဖြစ်လက်ဆောင်အသာပြာများကို မပေးသည့်အပြင် သူ၏ငှက်အပေါင်းတို့ကိုပါ ရှောင်လျှက်ထွက်ပြေးလေတော့၏။
       ထိုအကြောင်းကိုသိလေသော ကျီးကင်းငယ်သည် ငှက်အပေါင်းတို့ကို စုဝဲခေါ်လျှက်ဆေးဆရာ ဥသြငယ်ကိုသာမက ငါတို့ကိုပါကတိဖျက်၍ ရှောင်ပြေးနေသော သစ္စာမဲဇီးကွက်မိုက်အား တွေသည့်နေရာတွင်ထိုးစစ်ဆင် သတ်ဖြတ်ကြပါလေဟု အမိန်းပေးလိုက်လေသည် ။
       ကျီးကင်းငယ်သည် ဆေးဆရာအား မိတ်ဆွေဆေးဆရာ ယခုဇီးကွက်ငယ်သည်ကား မိတ်ဆွေအတွက် လက်ဆောင်ပေးရန် ငွေအသာပြာများရှာဖွေစုဆောင်းနေသည်ဖြစ်ပါ၍ အကျွနှ်ုပ်၏နေအိမ်အသိုက်တွင်နေ၍ ခတ္တခဏ စောင့်ဆိုင်းပေးပါလား” ဟုအလိမ္မာမုတ်သားသုံးကာတောင်းပန်ထားလေ၏ ဥသြငယ်လည်း ကျီးကင်းငယ်၏ စကားကိုယုံကြည်၍ အားကိုးအားထားရာမဲ့ အထိကျန်ဘဝနဲ့ စောင့်နေသည်မှာ ယနေတိုင်ပေ ။
     ဇီးကွက်ငယ်လည်း နေဘက်တွင်မထွက်ရဲ့ဘဲညဘက်ရောက်မှသာလျှင် သူဘဝ ဝမ်းရေးအတွက် ရှာကြံရလေသည်မှာယနေ့တိုင်ပေ ကိုယ်ရပ်ကိုယ့်ပြည်ရွာကိုလွမ်းစိတ်ပေါ်လည်း   လွမ်းသံပေးကာဖြေသိမ်းရရှာသော ဥသြငှက်လေးသည် သူတစ်ပါး၏နေအိမ်တွင်မျက်နှာငယ်ငယ်နှင့် မွေးရပ်မြေမှအပေါင်းဖော်များကို တဝဲဝဲလည်နေတဲ့ ရော်ရွက်ကြွေများနဲ့အတူ နွေရောက်လေတိုင် လွမ်းနေရလေတော့သည်………….                                                                                     

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More