နွေရာသီကျောင်းပိတ်ရက် မြန်မာနိုင်ငံသို့အလည်ပြန်ဖြစ်သည့်အချိန် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကလေးတစ်ခုပါ။ အခုခေတ်သည်ကား နည်းပညာခေတ်ဖြစ်နေသည် နည်းပညာ၏ပံပို့မှု့ကြောင့် ကိစ္စအတော်များများ အချိန်ကုန်လူပန်းသက်သာ၏၊ လျှပ်တစ်ပြက်အတွင်းမှာ ကမ္ဘာကြီးနှင့် တိုက်ရိုက်ဆက်သွယ် စကားပြောနိုင် ထိတွေ့နိုင်ပြီး ၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေသည်ကိုလည်း မြင်တွေ့နိုင်ပြီဖြစ်သည်။
စာရေးသူတို့နိုင်ငံသည်ကား ဖွံ့ဖြိုးမှုအားနည်းသော်လည်း နည်းပညာပိုင်ဆိုင်ရာမှာ ညံ့သည်ဟု မဆိုင်နိုင်သေးပေ၊ သို့သော်လည်း ပြည်တွင်းက မြန်မာအများစုမှာ ကွန်ပျုတာနှင့် ပတ်သတ်၍ အခေါ်အဝေါ်များကိုမူ အင်္ဂလိပ်အသံထွက်အတိုင်း တိုက်ရိုက်ယူ၍ပြောဆိုသုံးစွဲကြ၏၊ တစ်ခြားနိုင်ငံများတွင် သူ့ဘာသာစကားတစ်ခုကို တတ်လျှင်ပင်လုံလောက်သော်လည်း၊ မြန်မာနိုင်ငံသားများအတွက် မလုံလောက်သေးပေ၊ တစ်ခြားနိုင်များတွင် မည်သည့်ပစ္စည်ပင်ထုတ်ထုတ် သူ့ဘာသာစကားဖြင့် ထည့်သွင်းထားသောကြာင့် မိမိ မိခင်ဘာသာစကား တစ်ခုကိုတတ်လျှင် အလုပ်ဖြစ်ပြီ။
အစစအရာအရာ ထိမ်းချုပ်ခံထားရသောမြန်မာပြည်မှ လူအများစုသည် မျက်စိပိတ် နားပိတ်လျှက် ကမ္ဘာကြီး၏ ပြင်ပတစ်နေရာကို ရောက်နေသကဲ့သို့ဖြစ်နေသည် ။
ထိုင်း၊ မလေးရှား စသော အိမ်နီးချင်း နိုင်ငံများတွင် ဟန်ဖုန်းကိုလူတိုင်း ကိုင်နိုင်သကဲ့သို့၊ အင်တာနက်ကိုလည်း ဖုန်းသုံးလို့ရသော နေရာတိုင်းတွင် သုံးနိုင်သည် ဖုန်းမှတစ်ဆင့်သော်လည်းကောင်း မော်ဒန်ကဒ်စနစ်ဖြင့် သော်လည်းကောင်းသုံးနိုင်၏၊ သို့သော် မြန်မာနိုင်ငံတွင်းမှာမူ ဖုန်းကိုင်နိုင်လျှင် သူဌေးဟု လူအများမှတ်ထင်နေကြတုန်းသာ ရှိသေး၏၊ ထင်လောက်အောင်လည်း ဟန်းဖုန်းကိုင်နိုင်သူများမှာ ငွေကြေးတတ်နိုင်သူများသာ၊ သာမန်လူများကိုင်နိုင်ဖို့ မဖြစ်နိုင်သေးချေ၊ အင်တာနက်ဆိုလျှင်လည်း မြို့ကြီးပြကြီးများလောက်တွင်သာ ကော်နယ်ရှင်ကျခြင် အစိုးရထိန်းချုပ်ခြင်း စသောချုပ်ချယ်ကန့်သတ်မှု များစွာဖြင့်သာ သုံးစွဲနိုင်၏၊
သို့သော်လည်း Google Talk တစ်ခုမှလွဲ၍၊ အခြား ဗဟုသုတဆိုင်ရာ ဝက်ဆိုဒ်များကိုမူ ဖွင့်မရသလောက် ဖြစ်ချေ၏၊ အင်တာနက်သုံးခြင်းသည် ကောင်လေးနှင့် ကောင်းမလေးများ Q ခြင်းမျှလောက်သာ ထင်မှတ်နေတုန်း ရှိသေး၏၊ ပြည်ပရောက် မိမိတို့သူငယ်ချင်းများ ပို့ပေးသော ဖတ်မှတ်စရာ သတင်းများကိုသာ မိမိတို့ မေးထဲမှာ မရ မက ဖွင့်ကာ ဖတ်နေရတုန်းရှိသေး၏။
တစ်နေ့- စာရေးသူတို့အိမ်နားက အင်တာနက်ကဖေးတွင် အင်တာနက်သွားသုံးစဉ် တောမှ လူကြီးတစ်ယောက်သည်၊ မလေးရှားတွင် အလုပ်လုပ်နေသော သားနှင့် စကားပြောရန်ရောက်ရှိလာလေသည်။
စာရေးသူသည်လည်း သူ့ကိုကြည့်လျှက် အကဲခပ်နေမိသည်၊ ဆိုင်ပိုင်ရှင်နှင့် တစ်ခြားအသိတစ်ဦးမှ အကူအညီပေးမှု့ကြောင့် အွန်လိုင်းက ဂျီတော့ပ်ဖြင့်ပင်လျှင်၊ ကော်နယ်ရှင်ကျလိုက် တက်လိုက် ခက်ခက်ခဲခဲ ပြောနေရှာလေသည်။
တောကလာသော ထိုလူကြီးသည် ကော်နယ်ရှင် ကျသွားသည်ကိုလည်းမသိ တက်လာသည်ကိုလည်း မသိပဲ ပြောချင်တိုင်း ပြောနေလေ၏၊ ဘေးမှလူများက ကော်နယ်ချင်ကျနေတယ် ခဏစောင့်ပါဦးဆိုမှ ရပ်လိုက်သည၊် တော်ကြာနေ ကော်နယ်ရှင်တက်လာသောအခါ ပြန်စကားပြောပြန်သည် ဤကဲ့သို့ ပြောလိုက်ရသည်ကို အလွန်အင်မတန်မှ ပီတိသောမနဿဖြစ်နေသော တောကလူကြီးသည် ဆိုင်ရှင်ကိုလှမ်းမေးလိုက်ပုံမှာ။
ငါ့တူ.. အဘ ဂျီးမေးလ်တစ်လုံးလောက်ဝယ်ချင်တယ်ကွာ ဘယ်လောက်ပေးရမလဲ သားနဲစကားပြောချင်ရင် တစ်ခါတစ်ခါ မြို့ကိုလာရတာမလွယ်ဘူးကွဲ့…….ဟူ၍ ဖြစ်လေတော့သတည်း။
အော်…….မြန်မာပြည်မှာ သူ့လို ဂျီးမေလ်းတစ်ခုလောက် ၀ယ်ထားချင်သူတွေ အများကြီး ရှိကြမှာပါ ဟု တွေးမိလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက လူတော်တော်များများ သူများနိုင်ငံမှာ အလုပ်ထွက်လုပ်နေကြရပြီးလေ၊ သူတိုသားသမိးတွေကို တွေ့ချင် မြင်ချင် စကားပြောချင်ကြမှာပေါ့။
ဗမာပြည်ကပြန်အလာ ထိုင်းနိုင်ငံကိုရောက်ပြန်တော့လည်း မိမိ၏ မိတ်ဆွေ မင်းထက်တစ်ယောက် အိမ်ကို ရောက်လာပြန်သည်။
အင်္ဂလိပ်စာလုံးဝ မတတ်သော်လည်း၊ မိတ်ဆွေအပေါင်းသင်းများ၏ အကူအညီအကြောင့် ကွန်ပျုတာ အင်တာနက်များကို အထိုက်အလျှောက်သုံးစွဲနိုင်သော မောင်မင်းထက်သည် သူသိချင် တတ်ချင်သော အရာများအား၊ မရှက်မကြောက် မေးတတ်သူပီပီ အင်တာနက်မှ ဒေါင်းလုပ်လုပ်တာကို သူပြောလိုက်ပုံက၊
ကိုယ့်လူရယ်… ဟု စချီကာဖြင့်၊ အင်တာနက်က ဒေါင်းမင်းဘယ်လို လုပ်ရတယ် ဆိုတာရယ် မြန်မာလိုင်းကို ဘယ်ကဖမ်းရတယ်ဆိုတာရယ်ကို၊ ခဏသင်ပေးစမ်းပါတဲ့၊ မြန်မာပြည်တွင်နေခဲ့စဉ်က ရေဒီယိုကိုသာ သုံးဖူးခဲ့သော တောသားလေးမောင်မင်းထက်တစ်ယောက၊် အင်တာနက်က မြန်မာလိုင်းကို ဖမ်းဖို့ပြောလာလေပြီတကား။
ကဲ… ကိုယ့်လူတို့ရယ်… မရယ်ချင်ကြနဲ့နော် ဘာတွေကွာသလဲလို့သာ စဉ်စားပေးကြပါတော့။