Tuesday, April 1, 2014

မောင်တော နူရူလာကျေးရွာတွင် မီးလောင်ခြင်းမဟုတ်ဘဲ ဖျက်လိုဖျက်ဆီးလုပ်လို၍ အမှိုက်ပုံးမီးရှို့ခြင်းဟုဆို

မောင်တော၊ ဧပြီ (၁) ရက်
မတ်လ (၃၁) ရက်နေ့ ညနေ(၇)နာရီအချိန်တွင် မောင်တောမြို့နယ်နူရူလာဘင်္ဂလီကျေးရွာတွင် မီးလောင်နေ
သည်ဟု သတင်းရရှိခြင်းမှာ မီးလောင်ကျွမ်းမှုမဟုတ်ဘဲ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဖျက်လို
ဖျက်ဆီးလုပ်လိုခြင်း၊ ဒေသခံတိုင်းရင်းသားများ အထိတ်တလန့် ဖြစ်စေအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း
စုံစမ်းသိရှိ ရသည်။အဆိုပါ မီးလောင်မှုမှာ နေအိမ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲကောက်ရိုးနှင့် အမှိုက်ပုံများကို
စုပုံကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ဆောင်ချက်ကြောင့် မောင်တောနယ်စပ်ရှိ တိုင်းရင်းသား
ကျေးရွာမှ ဒေသခံတိုင်းရင်းသားများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေရကြောင်း သိရသည်။
Western Gate Guard

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More