( မျိုးမြင့်သောင်း)
( ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာများမှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါးဖြစ်ပါတယ်။ )
“ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းဟာ အခုအချိန်မှာ သာမန်ပြဿနာတစ်ရပ်အနေနဲ့ မှတ်ယူလို့မရတော့ဘဲ နိုင်ငံ့ လုံခြုံရေးနဲ့
အမျိုးသားရေးဆိုင်ရာပြဿနာအဖြစ်ကူးပြောင်းရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီပြဿနာမျိုးဟာ လွတ်လပ် စွာပြောဆိုခွင့်ရှိ
တယ်ဆိုတဲ့ ရှုထောင့်တစ်ခုတည်းကကြည့်လို့မရဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော် အခြေခံ မူတွေနဲ့ ဆက်စပ်ထည
့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့ရှုမြင်ဖို့လိုပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး လည်းဖြစ်သည့် ဦးရဲထွဋ်က ပြောဆိုခဲ့သည်။
မတ်လ(၃၀)ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင်
ဧပြီလ(၂)ရက်အထိ အိမ်ထောင်စုပေါင်း(၄၆၈၂၀၉၆)ကောက်ယူရရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်း စဉ်၏(၄၅)ရာခိုင်နှုန်း
ခန့်ပြီးစီးပြီဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရသည်။ တစ်နိုင်ငံလုံးတွင် ထိုကဲ့သို့ အဆင်ပြေချောမွေ့နေသော်
လည်း ရခိုင်ပြည်နယ်တွင်မူ ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းကြောင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် အနှောင့်
အယှက်အချို့ ဖြစ်ပေါ်လျက်ရှိသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိဘင်္ဂါလီလူမျိုးအချို့က သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုး အမည်
ကိုသာ ထည့်သွင်းပေးရန်အတင်းအကြပ်တောင်းဆိုလာသကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ကလည်း ၎င်းအမည်ကိုဖော်
ပြသင့်ကြောင်း လူ့အခွင့်အရေးရှုထောင့်မှ ချဉ်းကပ် ပြောဆိုမှုများ ရှိလာသည်ကိုတွေ့ရသည်။
ရိုဟင်ဂျာ အသုံးအနှုန်းကို နိုင်ငံရေးမှာ အသုံးပြုခဲ့တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ
မှစ၍ လူပေါင်း(၂၀၀)ခန့် သေကြေခဲ့ရပြီး (၂၆၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အိမ်ခြေ (၈၆၁၄)မီးလောင်ပျက်စီး ခဲ့ပြီး လူပေါင်း
(၁)သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြကြောင်း မှတ်တမ်းများ အရသိရှိရသည်။ ၎င်းဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူများ
အား ကူညီဆောင်ရွက်မှုများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ယနေ့တိုင် ကူညီပူးပေါင်းဆောင်ရွက
်နေရဆဲဖြစ်သည်။
ထိုသို့ နိုင်ငံတကာက ပြောဆိုမှုများနှင့်ပတ်သက်၍ “အခုလို သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ ရိုဟင်ဂျာ ဆိုတဲ့
အသုံးအနှုန်းကို အသုံးမပြုတာဟာ သန်းခေါင်စာရင်း အကျိုးရလဒ်နဲ့အနှစ်သာရကို မထိခိုက်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့
ကျွန်မတို့နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေကလည်း ကန့်ကွက်တာ မျိုးမရှိပါဘူး၊ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကြောင့် လူတစ်ဦး
ချင်းစီရဲ့ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေတယ်လို့ စွပ်စွဲပြောဆိုတာတွေ နဲ့ပတ်သက်ပြီး ပကတိဖြစ်ရပ်မှန်တွေနဲ့အမှန်တ
ကယ်ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်ကြဖို့လိုပါတယ်”ဟု ပြည်သူ့ အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ရှင်းပြခဲ့သည်။
ရိုဟင်ဂျာအမည် စတင်ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍လည်း ဒုတိယဝန်ကြီးဦးရဲထွဋ်က “တရားဝင်မှတ်တမ်း တွေအရ ပြောရ
မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီလက်ထက် ၁၉၃၁ခုနှစ်က သန်းခေါင် စာရင်းကောက် ယူခဲ့မှု၊ လွတ်လပ်ရေးရပြီးနောက်
ပိုင်း ၁၉၇၃၊ ၁၉၈၃ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ လက်ရှိဘင်္ဂါလီလူမျိုးတွေက ဘင်္ဂါလီလို့ပဲ တရား
ဝင်လက်ခံဖော်ပြသုံးနှုန်းခဲ့ကြပါတယ်။ ၂၀၁၂ခုနှစ် မေလအတွင်း က ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အိမ်ထောင်စုစာရင်း ကောက်ယူ
ခဲ့ရာမှာလည်း ဘင်္ဂါလီလူမျိုးလို့ပဲ တရားဝင်သုံးစွဲ ခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း ဒေသခံရခိုင်တိုင်းရင်း သားတွေနဲ့ဘင်္ဂါလီလူမျိုးအကြား
ပဋိပက္ခဖြစ်ပွားပြီးမှပဲ ရိုဟင်ဂျာ လို့ပြောင်းလဲသုံးနှုံးလာတာ တွေ့ရပါတယ်။ ဒါ့အပြင် အိမ်ထောင်စု စာရင်းကောက်တဲ့သူတွေကို
ရန်ပြုတာ၊ အကြမ်းဖက်တိုက်ခိုက်လာတာတွေကိုလည်း တွေ့ရပါတယ်”ဟု ရှင်းပြခဲ့သည်။
ဆက်လက်၍ ၎င်းက “တကယ်တမ်းပြောရလျှင် မြန်မာ့သမိုင်းကိုလေ့လာကြည့်တဲ့အခါ ရိုဟင်ဂျာ ဆိုတဲ့ဝေါဟာရ ဟာ
၁၉၄၆ ခုနှစ်ကနေ ၁၉၅၀ ကျော်နှစ်တွေအထိ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ မူဂျာဟစ် ခွဲထွက်ရေးလှုပ်ရှားမှု တွေက တစ်ဆင့်
စတင်ပေါ်ပေါက်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ သန်းခေါင်စာရင်းမကောက်မီ အစောပိုင်း တုန်းက ဒီလိုပြဿနာတွေမရှိခဲ့ဘဲ
အခုနောက်ပိုင်းမှသာ ဒါကိုသိသိ သာသာ ရှေ့တန်းတင်လာတဲ့အတွက် အခုလုပ်ဆောင်နေတဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့
လုပ်ငန်းအပေါ်မှာ အခွင့်ကောင်းယူပြီး ဆောင်ရွက်လာတဲ့ ဖြစ်စဉ်လို့ပဲသုံးသပ်ရမှာဖြစ်ပါတယ်”ဟု သုံးသပ်ပြောပြခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်ကို နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေး တာဝန်
အဖြစ်ခံယူလျက် တည်ငြိမ်အေးချမ်းစွာ အင်တိုက်အားတိုက်ဝိုင်းဝန်းကူညီဆောင် ရွက်လျက်ရှိကြသော် လည်း အချို့အချို့သော
ပုဂ္ဂိုလ်အချို့၏နှောင့်ယှက်မှုများကြောင့်လုပ်ငန်းကြန့်ကြာမှုများ၊ အဟန့်အတားများဖြစ် စေကြောင်း သိရှိရသည်။
လက်ရှိသန်းခေါင်စာရင်း ကောက်ယူနေမှုနှင့်ပတ်သက်၍ တွေ့ကြုံရမှုကို ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက “ရိုဟင်ဂျာ
ဆိုတဲ့ လူမျိုးအမည်ကို နိုင်ငံတော်ကလက်ခံထားတာမရှိပါဘူး၊ တည်ဆဲဥပဒေတွေနဲ့လည်း ကိုက်ညီမှု မရှိပါဘူး၊ ဒါကြောင့် သန်း
ခေါင်စာရင်းမေးခွန်းပုံစံမှာ ရိုဟင်ဂျာဆိုတဲ့အမည် ထည့်သွင်းဖို့ခွင့်မပြုပါဘူး၊ တရားဝင် ရှိပြီးသား လူမျိုးအမည်ကို ပြောဆိုမယ်ဆိုရင်
သူတို့ကို သန်းခေါင်စာရင်းကောက်ယူပါတယ်၊ အဲဒီလူမျိုးအမည်မှာ မပြောနိုင်သေးဘူးဆိုရင်လည်း အဲဒီအမည်ကို လတ်တလော
မကောက်ယူသေးဘဲ တခြားအချက်အလက်တွေကို ဖြေကြားပေးမယ်ဆိုရင် သန်းခေါင်စာရင်းကောက်ယူ ပေးနေပါတယ်၊ ရိုဟင်ဂျာ
လို့ပြောတာနဲ့ ဆက်မကောက်တာ မဟုတ်ပါဘူး” ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက “အခုဖြစ်နေတာက ဘာမှကိုမေးလို့မရဘူး၊ မေးသမျှကို လူနာမည် ရိုဟင်ဂျာ၊ အဖေနာမည် ရိုဟင်ဂျာ၊
အမေနာမည် ရိုဟင်ဂျာ၊ လူမျိုး ရိုဟင်ဂျာဆိုပြီး ပြောနေတာမျိုးတွေတောင်ရှိပါတယ်၊ ဒါကြောင့် ကျွန်မတို့က သန်းခေါင်စာရင်း
ကောက်ပြီး ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ခွဲခြားတာမျိုး မရှိဘူးလို့ပြောချင်ပါ တယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်း
စေချင်တဲ့ ရည်ရွယ်ချက် တစ်ခုပဲရှိပါတယ်” ဟု ရှင်းပြခဲ့သည်။
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ဧပြီ(၁)ရက်ထုတ် သတင်းထုတ်ပြန်ကြေညာချက်တွင်မူ “လူမျိုးအမည် ရိုဟင်ဂျာ
ဟုဖြေကြားလိုသူများကို သန်းခေါင်စာရင်း ကောက်ယူမှုမပြုခြင်းအပေါ်အလွန် စိုးရိမ်လျက်ရှိကြောင်း” ဖော်ပြထားသည်ကို တွေ့
ရှိရသည်။ ရိုဟင်ဂျာ အသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေအပေါ် “ဒါဟာ သန်းခေါင်စာရင်း အကျိုးရလဒ်နဲ့ တိုက်ရိုက်
မသက်ဆိုင်ပါဘူး၊ ဒီအသုံးအနှုန်းကြောင့် နိုင်ငံမှာအကြမ်းဖက်မှုတွေဖြစ်ပေါ် လာမှာကိုမလိုလားပါဘူး၊ ဒါကြောင့် ဒီအသုံးအနှုန်းကို
ရှောင်ရှားဆောင်ရွက်တာဟာ နိုင်ငံအတွက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတွက်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ
အဖွဲ့အစည်းတွေအတွက် ရေရှည်မျှော်တွေးစဉ်းစားပေးရမယ့် မျှတတဲ့ဆုံးဖြတ်ချက်တစ်ရပ်ပဲဖြစ်တယ်ဆိုတာ ပြည်သူလူထု သိစေ
ချင်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ အစ္စလာမ်ကိုယ်စားလှယ် ဟာဂျီဦးအေးလွင်ကလည်း “ကျွန်တော့်အမြင်က တော့
သမိုင်းကြောင်းတွေ၊ ဥပဒေတွေ ဘယ်လိုပဲရှိရှိ လောလောဆယ်အခြေအနေမှာ မိမိတို့ရဲ့ ပြည့်ဝတဲ့လူ့ အခွင့်အရေးနဲ့ နိုင်ငံသား
အခွင့်အရေးရဖို့ ပိုပြီးအရေးကြီးပါတယ်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ တိုင်းပြည် အေးချမ်းရေးကိုပဲ လောလောဆယ်ဦး
စားပေးဆောင်ရွက်သင့်ပါတယ်၊ အဲဒီလို ဆောင်ရွက်စေလိုတာဟာ မိမိ တို့ရဲ့ရချင်တဲ့အခွင့်အရေးကို စွန့်လွှတ်ဖို့ပြောတာ မဟုတ်
ပါဘူး၊ တစ်ချိန်ချိန်မှာ အေးချမ်းတည်ငြိမ်သွားတဲ့အခါ ရသင့်ရထိုက်တယ်လို့ ထင်တဲ့ဟာကို တရားဥပဒေကြောင်းအရ နည်းလမ်း
တကျ ပြန်ပြီးဆောင်ရွက်နိုင်ပါတယ်၊ ဦးစားပေးပေါ့၊ ဦးစားပေးကတော့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးနဲ့ တည်ငြိမ်အေးချမ်း
ရေး၊ ဒါမှလည်း အားလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်မယ်”ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောပြခဲ့သည်။
0 ထင်မြင်ချက်ပေးရန်:
Post a Comment