Wednesday, April 30, 2014

ရခိုင်အမျိုးသားနေ့ကို ကျောက်ဖြူ မြို့နယ်တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံ ဆန္ဒမဲဖြင့် အပြီးသတ်



                   ရခိုင်အမျိုးသားနေ့ကို ကျောက်ဖြူ မြို့နယ်တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံ 
နောက်ဆုံးနေ့ မေလ ၁ ရက်နေ့နေ့တွင် ဆန္ဒမဲဖြင့် အပြီးသတ် သတ်မှတ်သွားမည် ဖြစ်ကြောင်း ရခိုင်အမျိုး
သားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မတီ (ကျောက်ဖြူ ညီလာခံ) မှ အဖွဲ့ဝင် ဒေါက်တာတင်အောင်က 
ပြောကြားသည်။
       ရခိုင်အမျိုးသားနေ့ ရွေးချယ်မှု မှုဘောင်များအရ ရခိုင်အမျိုးသားနေ့ကို စန္ဒသူရိယ ဘုရင်လက်ထက်က 
မဟာမုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့၊ ကျောက်ဖြူညီ
လာခံ စတင်ကျင်းပသည့် ဧပြီလ ၂၇ ရက်နေ့ (တန်းခူးလပြည့်ကျော် ၁၃ ရက်နေ့) နှင့် ဘုရင်မင်းစောမွန် 
မြောက်ဦးမြို့ စတည်သည့် တော်သလင်းလဆန်း တစ်ရက်နေ့ သုံးနေ့ကို ပဏာမ ရွေးချယ်ထားကြောင်း 
၎င်းကဆိုသည်။
            ရခိုင်အမျိုးသားနေ့ ညီလာခံသို့ တက်ရောက်လာသည့် မြို့နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များ၏ 
ဆန္ဒမဲဖြင့် ရွေးချယ်မည် ဖြစ်ပြီး မေလ ၁ ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် အဖြေထွက်နိုင်ကြောင်း ဒေါက်
တာတင်အောင်က ပြောဆိုသည်။
         “အမျိုးသားနေ့ ရွေးချယ်တဲ့အခါ မူဘောင်ရှိတယ်။ လွတ်လပ်စပယ် ကိုယ်ကြိုက်တဲ့ဟာရွေး အဲလို မဟုတ်
ဘူး။ ရခိုင်လူမျိုးအတွက် ကိုက်ညီတဲ့ အပြစ်အနာ အကင်းဆုံးဖြစ်တဲ့ နေ့သုံးနေ့ကို ရွေးထားပါတယ်” ရခိုင်သမိုင်း
စဉ် တစ်ခုလုံးကို ကိုယ်စားပြုနိုင်နေသော နေ့၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ အမျိုးသားနိုင်ငံရေး
ဆန်ပြီး ရခိုင်အမျိုးသား သမိုင်းဟူ၍ ထင်ထင်ရှားရှား၊ ထည်ထည်ဝါဝါ တည်ရှိမှုနှင့် လူမျိုးဂုဏ်ဒြပ်ကို ဖော်ကျူး
နိုင်သည့်နေ့၊ ရာသီဥတု၊ ခြေခင်းလက်ခင်း သာယာပြီး တောင်သူလယ်သမားတွေ အားလပ်သည့် ဗုဒ္ဓဘာသာဆိုင်
ရာ အခါကြီး၊ ရက်ကြီးများနှင့် လွတ်ကင်းသည့်နေ့၊ ရခိုင်ပြည်သူ တစ်ရပ်လုံး၏ အမျိုးဘာသာ သာသနာ အကျိုးစီး
ပွားကို ရှေးရှုသောနေ့ အချက်များ အပါအဝင် အချက်ရှစ်ချက်ဖြင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း ကော်မတီထံမှ 
သိရှိရသည်။
new: ‪#‎TheVoiceWeekly‬

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More