Breaking News- 5-4-2014 0:58
လှည်းကူးမြို့တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို ဆယ်ကျော်သက်အရွယ် လူငယ် ၂၀
ခန့် ပါဝင်သော လူစုလူဝေး တခုက လောက်ခွများဖြင့် ပစ်ခတ်ခြင်း၊ ခဲများဖြင့် ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်
များက လိုက်လံ ဖမ်းဆီးရာ လူငယ် ၂ ဦး ဖမ်ဆီးရမိကြောင်း လှည်းကူးတွင် ရောက်ရှိနေသော ဧရာဝတီ
သတင်းထောက်က ပြောသည်။
“ဆယ်ကျော်သက်တွေ ၂၀ နဲ့ ၃၀ ကြားရှိမယ်။ ၁၄ နှစ် ၊ ၁၅ နှစ်လေးတွေ ။ လက်ထဲမှာလည်း
လေးခွ၊ တုတ်တွေ ကိုင်ထားတယ်။ တချို့ကလေးတွေဆိုရင် တော်တော်ကို ငယ်တယ်။ ကလေးမှ တကယ်
ကလေးလေးတွေ။ သူတို့တွေက ရဲတွေနားသွားလိုက် ပစ်တာ၊ ခတ်တာလုပ်တယ်။ အခုတော့ ၂ ယောက်
ဖမ်းထားတယ်။ သူတို့လေးတွေပဲ လမ်းပေါ်မှာရှိတော့တယ်။ လတ်တလောထိတော့ ဆိုးဆိုးဝါးဝါးကြီး ဘာမှ
မဖြစ်တော့ဘူး။ လုံခြုံရေး အင်အားကလည်း နိုင်နင်းတယ်တဲ့ပုံပဲ” ဟု ဧရာဝတီသတင်းထောက်က
ပြောသည်။
The Irrawaddy (Burmese Version)
0 ထင်မြင်ချက်ပေးရန်:
Post a Comment