Friday, April 4, 2014

မလေးရှား အပန်းဖြေစခန်း တစ်ခုတွင် အမျိုးသမီးနှစ်ဦး ပြန်ပေးဆွဲ ခံရ

 မလေးရှားနိုင်ငံ၏ အရှေ့ပိုင်းပြည်နယ် တစ်ခုဖြစ်သော ဆာဘားပြည်နယ် အတွင်းရှိ ကမ်းခြေ
အပန်းဖြေစခန်း တစ်ခုတွင် လက်နက် ကိုင်ဆောင် ထားသော အမျိုးသားများက တရုတ်နိုင်ငံသား ကမ္ဘာ
လှည့် ခရီးသည် တစ်ဦးနှင့် ဖိလစ်ပိုင် ဟိုတယ်အမှုထမ်း တစ်ဦးတို့ကို ပြန်ပေးဆွဲ သွားခဲ့သည်ဟု ဧပြီ ၃
ရက်တွင် မလေးရှား မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
              အဆိုပါ ပြန်ပေးဆွဲ ခံရသူ အမျိုးသမီးနှစ်ဦးကို လက်နက်ကိုင် အမျိုးသားများက လှေဖြင့်ခေါ်
ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဆာဘားပြည်နယ် လုံခြုံရေး ဌာနချုပ်မှ အကြီးအကဲ ဖြစ်သူ မိုဟာမက်မန်
သက်ခ်က ပြောကြားသည်။
             ဆာဘားပြည်နယ်သည် မကြာသေးမီနှစ်များ အတွင်းက တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်
များ အပန်းဖြေရာ နေရာ တစ်နေရာအဖြစ် ကျော်ကြား ခဲ့သည်။ သို့ရာတွင် ဖိလစ် ပိုင်နိုင်ငံ တောင်ပိုင်းရှိ ဆူပူ
အုံကြွမှုများ ဖြစ်ပေါ်နေသော ဒေသနှင့် ကပ်လျက် တည်ရှိနေခြင်း ကြောင့် ယင်းပြည်နယ် အတွင်းသို့ လာ
ရောက် အပန်းဖြေကြသော ကမ္ဘာလှည့် ခရီးသည်များမှာ လုံခြုံရေး ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်
 ရှိသည်ဟု သိရသည်။

မြ၀တီ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More