Monday, April 7, 2014

ဝက်သားမစားချင်ရင် အငတ်နေလိုက်

  ပြင်သစ်နိုင်ငံရဲ့ လက်ယာအမျိုးသားပါတီဖြစ်တဲ့ Front National (FN) Party ခေါင်းဆောင်
မရိန်းလီပန် က အစိုးရကျောင်းတွေမှာ ၀က်သားမဟုတ်တဲ့ဟင်းလျာတွေကို မတင်ပေးနိုင်ဘူး၊ ၀က်
သားမစားချင်ရင် အငတ်နေလိုက်လို့ ပြောလိုက်ပါတယ်။ဝက်သားစားမစားဆိုတာဟာ ဘာသာရေးနဲ့
ဆက်နွယ်တဲ့ ကိစ္စမို့ အများသူငှာနေထိုင်တဲ့ အစိုးရကျောင်းတွေထဲကို ၀င်လာစရာမရှိဘူး။
            လူတစ်ဦးတစ်ယောက်ရဲ့ အလိုဆန္ဒတိုင်းကို မလိုက်လျောနိုင်ဘူး လို့ သူက ဆိုလိုက်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အစွန်းမရောက်တဲ့ ဘာသာရေးအလယ်အလတ်လမ်းစဉ်ကို ကာကွယ်သွားရမှာပဲလို့
ဆိုပါတယ်။
            FN Party ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မြို့ပေါင်း ၁၁ မြို့နဲ့ မြူနီစပါယ်နေရာ ၁၄၀၀ ကျော်မှာ
အနိုင်ရရှိထားတာ ဖြစ်ပြီး အနိုင်ရဒေသက ကျောင်းတွေမှာ အထက်ပါအတိုင်း လုပ်ဆောင်သွားမှာပါ။ နိုင်ငံ
တွေမှာ ဒေသန္တာရ ဥပဒေဆိုတာတွေ ရှိတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ကလေး ၂ ယောက်
ထက်ပိုမမွေးရ ဆိုတဲ့ ဥပဒေကို ကန့်ကွက်ခဲ့တဲ့ သူတွေ ဒါဟာလူ့အခွင့်အရေးနဲ့ဘာမှမသက်ဆိုင်ဘူးဆိုတာ
 သေချာပြန်စဉ်းစားသင့်ပါတယ်။
            ပြင်သစ်နိုင်ငံသားအများစုဟာ ကက်သလစ်ဘာသာဝင်တွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း
က ပြောင်းရွှေ့လာကြတဲ့ မွတ်စလင်ဘာသာဝင်တွေရဲ့ လူဦးရေ အဆမတန်တိုးပွားလာခြင်းရန်ကို ခံနေရတဲ့
ဥရောပနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိစာရင်းများအရ ပြင်သစ်နိုင်ငံဟာ ဥရောပရဲ့ မွတ်စလင်
လူဦးရေ အများစု လာရောက်နေထိုင်ခြင်းခံထားရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
              ပြင်သစ်နိုင်ငံဟာ သူတို့ရဲ့ အစိုးရကျောင်းတွေမှာ ဘာသာရေးကိုးကွယ်မှုနဲ့ သက်ဆိုင်တဲ့ ၀တ်စား
ဆင်ယင်မှုတိုင်းကို ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မွတ်စလင်အမျိုးသမီးတွေရဲ့ ခြေမကနေ
 ဦးခေါင်းအထိ ခြုံငုံဝတ်ဆင်မှုတွေကို မပိတ်ပင်ထားပါဘူး။ အထူးသဖြင့် ရန်ကုန်မြို့လယ်မှာ ပြောင်ပြောင်တင်း
တင်း ၀တ်ဆင်သွားလာနေကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် ပြင်သစ်နိုင်ငံမှာတော့ ၂၀၁၁ ခုနှစ်က စပြီး အများ
ပြည်သူရှေ့မှာ မျက်နှာတစ်ခုလုံးကိုကာထားတဲ့ ခြုံလွှာ ၀တ်ဆင်မှုကို ပိတ်ပင်ထားလိုက်ပါပြီ။

Credit : shwemyanmar

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More