Monday, April 28, 2014

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးဆွေနွေး


      ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးအတွက် အကြိတ်အနယ် ဆွေနွေခဲ့ရသည်။ ဆရာဖိုးဆကျော့ 
အဏ္ဏဝါစိုးမိုး ဆရာတော်ငွေသဇင် ဝူဖေဆန် ဆရာမ နုမြဇံ ဒေါ်စောခင့်ခင် စစ်တွေညိုသန့် ဂေါယာမြေ 
စောဝင်း နီမင်းသျှင် ဗဂျီကျော် တက္ကသိုလ်များမှဆရာမများ စသည့် တတ်သိပညာရှင် ၄၀ လောက်ဆွေး
နွေးခဲ့ကြသည်။ ဆရာနီမင်းသျှင်နှင့် ဂေါယာစောဝင်းတို့သည် လွန်ခဲ့ နှစ်ကတည်း အမျိုးသားနေ့ကျင်းပရေး
ကော်မတီ ယာယီတစ်ရပ်ကိုဖွဲ့စည်းပြီး ရခိုင်ပြည်နယ် ၁၇မြို့နယ်င်္ံမှ စာတမ်းများကို စနစ်တကျတောင်းယူ
ခဲ့ကြသည်။ ယခု ကျောက်ဖြူညီလာခံတွင် ဆန်ကာတင် အဖြစ် အဆိုပြုထားသည့် နေ့ပေါင်းမြောက်မြားစွာ
ကို နောက်ဆံုး အကြိတ်အနယ်ဆွေနွေးခဲ့ကြသည်။ နောက်ဆုံးတွင် ဆန်ကာတင် ၃ ခုကို တစ်ညီတည်းသတ်
မှတ်နိုင်ခဲ့ကြသည်။ 
၁။ မဟာမြတ်မုနိဘုရားကို သွန်းလုပ်ပြီးတော်မူသည့်နေ့ ကဆုန်လပြည့်ကျော် ၁ ရက်နေ့
၂။ မင်းစောမွန်ဘုရင် မြောက်ဦးမြို့ကို စတင်တည်ထောင်သည့်နေ့ တော်သလင်းလဆန်း ၁ ရက်နေ့
၃။ ယခုကျင်းပသော ကျောက်ဖြူညီလာခံစတင်ကျင်းပသည့်နေ့ ဧပြီလ ၂၇ ရက်နေ့တို့ကို သတ်မှတ်ခဲ့ကြသည်။ 
ထိုသုံးရက်သည် နေ့ ဂြိုလ် နက္ခတ် စန်း နဝင်းများအားလုံးကိုက်ညီသောကြောင့် မြို့နယ် ကိုယ်စားလှယ်များမှ
 မဲစနစ်ဖြင့် သဘောတူဆုံးဖြတ်သွားမည်ဟု သဘောတူခဲ့ကြသည်။ ယခု သင်တို့ကြိုက်ရက်များကို Comment 
များဖြင့် မဲစမ်းသပ်ပေးကြည့်ကြပါ။ အကျယ်ကို ကွန်ပျူတာသုံးစွဲနိုင်သည့်နေ့တွင် ဖြေဆို တင်ပြပေးပါမည်။ လော
လောဆယ်ဖုန်းဖြင့်သုံးရခြင်း အင်တာနက်လိုင်းမကောင်းခြင်းတို့ကြောင့် နားလည်ကြစေသတည်း။
*********************
ဝေဟင်အောင်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More