Friday, April 4, 2014

ရှင်အရဟံသိမ် မြေကြီးများမွှေးလာ၍ သက်ဆိုင်ရာမှ တားမြစ်နယ်မြေသတ်မှတ်

၀၃-၀၄-၂၀၁၄
.မန္တလေး မြို့ ၇ဲ့  အထင်ကရ ထင်ရှားသည့် နေရာကူကြီးဘုရား ( ရှင်အရဟံသိမ် / အုတ်ဂူ)
နောက်ကမြေကြီးတွေဟာ သူအလိုလို မွှေးကြိုင်လာသည်မှာ နှစ်လခန့်  ၇ှိနေပြည်ဖြစ်ကြောင်း
သိရသည်။အနီးနားမှ ပြည်သူတို့ က အစပိုင်းတွင် ဘုန်းတော်ကြီးကျောင်းမှ အမွှေးတိုင်ထွန်းသဖြင့်
အနီးနားမှာ မွေးနေတာဖြစ်တယ်လို့  ပြောဆိုနေရာမှ ယခုရက်ပိုင်းအတွင်းမှာတော့ သိမ်တော်နောက်
မြေကြီးအချို့ ကို တူးဆွရင်း ထူးဆန်းစွာ အမွေးအနံ့ များရှိနေသည်ကိုတွေ့ ကြရသည်။
              နယ်ခံလူတွေပြောတာကတော့ မြေကြီးက အဖြူရောင်တောက်တဲ့ မှန်စလေးတွေ နစ်ဝင်နေ
သလို လင်းလက်နေပါတယ် အိမ်ကိုယူပြီးဘုရားစဉ်မှာထားရင် အမွေးတိုင်တောင်ထွန်းစရာမလိုပါဘူ.
.ညဘက်တွေမှာဆိုရင် အမွေးနှံ့ က သိသိသာသာ ထွက်တယ်...။
                အဆိုပါသတင်းမှာရပ်ကွက်အတွင်းပြန့် နှံ့ သွားခဲ့ရာမှ အနီးနားမှာ လာရောက်ကြည့်ရှု့ သူ
အလွန်များပြားလာခဲ့သည်...။ အဆိုပါ မြေကြီးမွေးသည့်သတင်းအား နယ်မြေအာဏာပိုင်များသိရှိသွား
ခဲ့ရာ သိုက်နန်းရှိ၍ ရနံ့ ပေးသည်ေ၇ွှငွေရတနာများမြေကြီးတွင်းရှိနိုင်သည်ဟု နတ်ဆရာတဦးမှ အခါ
တော်ပေးလိုက်သဖြင့် အဆိုပါ သိမ်နေရာကို ရဲများဖြင့် လာရောက်စောင့်ကြပ်၍ မည်သူမျှကြည့်ခွင့်မ
ပေးဘဲ ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါသည်။

သူရိန် လင်း

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More