ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်စရာတွေ အများကြီးရှိ ပါတယ်။ ဒါပေမယ့် လူကြားကောင်း
အောင် ဖွဲ့စည်းပုံပြင်မယ် ပြောပြီး နိုင်ငံရဲ့ ခေါင်ကို တိုင်းတပါးသားတွေဝင် ရောက်ချယ်လှယ်လို့ မရ
အောင်ကာထားတဲ့ ပုဒ်မ ၅၉ (စ) ကိုပဲ ဦးတည်နေတာ တွေ့ရတော့ စိတ်ပျက်မိ တယ်။*ပုဒ်မ ၅၉ (စ)
ဆိုတာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါး ပါးသော်လည်းကောင်း ၊မိမိ၏ ဇနီးသို့မ
ဟုတ် ခင်ပွန်းသော်လည်းကောင်း၊မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရား
ဝင် သားသမီးတစ်ဦးဦး ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး
သစ္စာတော် ကို ခံယူစောင့်ရှောက် ရို သေသူသို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မ
ဟုတ်တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများမဖြစ် စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်
ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး
များနှင့် ကျေးဇူးခံစားခွင့်များကိုခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။
သေသေချာချာ လေ့လာကြပါ။ အခုလို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်နေတာ
တောင် အမျိုးမျိုး ဝင်ရောက်ချယ်လှယ် ချင်နေတဲ့ အနောက်နိုင်ငံ တွေကိုတရားဝင် ချယ်လှယ်ခွင့် ပေး
ချင်နေကြပါသလား။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အာဏာရှိရေး အတွက်ကိုမိမိနိုင်ငံရဲ့ ခေါင်မိုးကို ဖွင့်
ချချင်နေကြပါသလား။ ယခုလို နိုင်ငံရဲ့ အနောက်တံခါးကြီး ကျိုးပေါက်နေကြလို့ ဝိုင်းဝန်း ကာကွယ်နေ
ကြတဲ့ အချိန်မှာ နိုင်ငံရဲ့ခေါင်ကိုပါဖွင့်ချဖို့ မလုပ်ကြပါနဲ့။
ဒေါ်အောင်ဆန်းစုကြည် သာ တိုင်းပြည်အတွက် အမှန်တစ်ကယ် ကြည့်သူဆိုရင် တိုင်းပြည်ရဲ့
ပြည်သူတွေအတွက် အကောင်းဆုံး ဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်တဲ့ ဥပဒေပြု မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ထဲက
နာယက လိုနေရာမျိုးကနေ အကျိုးပြူစေချင် ပါတယ်။ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ မဏ္ဍိုင်ကြီး (၃)ခုနဲ့ တည်
ဆောက်ထားတာပါ။သမ္မတနေရာ ကိုရရှိမှ တိုင်းပြည် အတွက် အကျိုးပြုနိုင်တယ် ဆိုတာ သေးသိမ်တဲ့အမြင်
တွေရှိနေကြတယ်လို့ယူဆမိပါတယ်။ အမြင်မှန်များ ရှိစေဖို့ သေးငယ်တဲ့ အမြင်နဲ့ အကြံပြု
လိုက်ရပါတယ် ခင်ဗျာ………။
Aye Chan Min Anawrahta
0 ထင်မြင်ချက်ပေးရန်:
Post a Comment