ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက် ဇေယျာအောင်မြေလမ်းရှိ အော်ရီဒူး ကုမ္ပဏီမှ မိုဘိုင်းလ်တာဝါတိုင် စိုက်ထူးဖို့
ကို အဆိုပါ လမ်းတွင် နေထိုင်သူတွေက ကန့်ကွက်ခဲ့ကြောင်း သိရသည်။ အော်ရီဒူး ကုမ္ပဏီဟာ ဇေယျာအောင်မြေ
လမ်းရှိ ဒေါ်သန်းအေး ဆိုသူ၏ ခြံမြေကို ငှားရမ်းခဲ့ပြီး တာဝါတိုင် စိုက်ထူဖို့ လုပ်ဆောင်လာရာ အိမ်နီးဝန်းကျင် (၉) အိမ်
က တာဝါတိုင်စိုက်ထူမယ့် နေရာဟာ သူတို့နေအိမ်တွေနဲ့ ကပ်နေတာ ဖြစ်တဲ့အတွက် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
အခုလို အော်ရီဒူး ကုမ္ပဏီကို ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ဇေယျာအောင်မြေလမ်းနေ အမည်မဖော်လိုတဲ့ အမျိုးသမီး
ငယ်တစ်ဦးက “ သူတို့က တာဝါတိုင်ထောင်ဖို့လုပ်နေတာ တနှစ်လောက်ရှိနေပြီ။ သမီးတို့ သိရ တာက ရက် ၂၀ လောက်
ဘဲ ရှိသေး တယ်။ ဘေးနားအိမ်တွေက ဆိုးကျိုးတခုခု ဖြစ်လာမှာ စိုးရိမ်တာပေါ့။
အော်ရီဒူး ကုမ္ပဏီကို မေးကြည့်တော့ သူက ဆောက်မှာတဲ့၊ အင်ဂျင်နီယာတွေကို ငှားထားပြီပေါ့။ သမီးတို့ က
လူနေအိမ်တွေနဲ့ ဝေးဝေးမှာ လုပ်ပါလား ဆိုတော့ သူတို့က လက်မခံဘူး။ ဒါနဲ့ သမီးတို့ ဘေးအိမ် ပတ် ပတ် လည်က သ
ဘောမတူကြဘူး။ ကန့်ကွက်ကြောင်း လက်မှတ်ထိုးပြီး ရပ်ကွက်ဥက္ကဋ္ဌကို စာတင်တယ် ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အော်ရီဒူးကုမ္ပဏီ၏ မိုဘိုင်းလ်တာဝါတိုင် စိုက်ထူးဖို့ ကန့်ကွက်တဲ့အရေးကို ရပ်ကွက်ဥက္ကဋ္ဌ မှ မြို့နယ်အုပ် ချုပ်ရေး
ရုံးကို စာတင်ပေးရာ မြိ့နယ်အုပ်ချုပ်ရေးရုံးက အော်ရီဒူးကုမ္ပဏီကို အစိုးရက တရားဝင် ခွင့်ပြုထားတာဖြစ်၍ ၄င်းတို့နဲ့ မ
သက်ဆိုင်ကြောင်း အကယ်၍ ရပ်ကွက်က သဘောမတူပါက အော်ရီဒူး ကုပ္မဏီ နဲ့ သာ တိုက်ရိုက်ပြော ဆိုပါ ဟူ၍ ပြန်စာ
ပေးလိုက်သည်ဟု ကန့်ကွက်သူတွေက ဆိုသည်။
အော်ရီဒူး ကုမ္ပဏီဟာ တာဝါတိုင် စိုက်ထူဖို့ကို ဇွန်လ ၈ ရက်နေ့က ဘတ်ဖိုးမြေတူးစက် တစီးနှင့် အင်ဂျင်နီယာ
တွေ လာရောက်တိုင်းတွာနေချိန်မှာ ကန့်ကွက်သူတွေက တားမြစ်ခဲ့တာကြောင့် ကုမ္ပဏီ ဘက်က ရပ်ဆိုင်းခဲ့ရသည်။
မြေနေရာ ငှားရမ်းထားကတော့ တနှစ်ဝန်းကျင်ရှိနေပြီ ဖြစ်သည်။ “ ဇွန်လ ၁၇ ရက်နေ့က ဘတ်ဖိုးကားကို ပြန်ယူသွားတယ်။
မနေ့က နဲ့ ဒီနေ့မှာ နောက်အင်ဂျင်နီယာတဖွဲ့ လာကြည့် တယ်။ ပထမအင်ဂျင်နီယာအဖွဲ့က မလုပ်တော့ဘူးလို့ ပြောသွားတယ်။
အခု နောက်ထပ်တဖွဲ့ ထပ်လာတာပေါ့။ သူတို့ ဒီမှာ ဆက်လုပ်မယ့် ပုံဘဲ” ဟု ကန့်ကွက်သူတွေဘက်က ပြောဆိုချက်အရ
သိရသည်။
_Ref: ငြိမ်းဇော် ~ ဧရာဝတီ
0 ထင်မြင်ချက်ပေးရန်:
Post a Comment