ရဲကျော်အောင်
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာအရပ်ရပ်က သတင်းမီဒီယာတွေ၏ အထိန်းအချုပ်ကင်းကင်းသီးခြားလွတ်လပ်မှုတွေ
ရှိနေရဲ့လားဆိုသည့် မေးခွန်းက ယနေ့အချိန်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပြီဟု ကမ္ဘာလုံးဆိုင်ရာ စုံစမ်းဖော်ထုတ်
သတင်းရေးသားသူများကွန်ယက်ကလည်း မကြာသေးခင်က မေးခွန်းထုတ်ခဲ့တာဖြစ်ပါသည်။
မီဒီယာ အဖွဲ့အစည်းသည် ဘယ်လောက် လွတ်လွတ်လပ်လပ်ရေးသားနိုင်သလဲ ဆိုသည့် အချက်က မီဒီယာ
တစ်ခုကို ဘယ်သူပိုင်သလဲ ဆိုသည့် အချက်နှင့် တိုက်ရိုက်အချိုးသွားကျသည်ကို တွေ့ရသည်ဟု အမေရိကန်နိုင်ငံက
ဝါရင့် သတင်းစာဆရာတစ်ဦးဖြစ်သည့် ဒေးဗစ် ကာပလန်က ပြောခဲ့ဖူးပါသည်။လက်ရှိ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ
သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ အဓိက မေးခွန်းထုတ်စရာဖြစ်လာသည့် ကိစ္စ တစ်ခုကတော့ အာရပ်ကမ္ဘာက ငွေ
ကြေးတွေသည် လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့အစည်းတွေ အပေါ်ဘယ်လောက်အထိ အကျိုးသက်ရောက်နေ
သလဲဆိုသည့် အချက်ဖြစ်ပါသည်။
မကြားသေးခင်က ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့အပြီးမှာ
တော့ မြန်မာ့ အရေးနှင့် ဆက်စပ်နေသည့် ပြည်တွင်းပြည်ပ အခြေစိုက် သတင်းမီဒီယာ အချို့သည် ရိုဟင်ဂျာ အသား
ပေး ဇာတ်လမ်းတွေနှင့် လူ့အခွင့်အရေး ကိစ္စ မီးမောင်းထိုးသည့် သဘောတွေ ဖော်ပြလာသည်ကို တွေ့ရသည်။
ဤအချက်သည် မြန်မာအစိုးရ ကိုယ်တိုင်က ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံမှာ လုံးဝ မရှိပါဘူးဟု တရားဝင် ငြင်းဆန်
ထားလျက်နှင့် ယခုကဲ့သို့ ရိုဟင်ဂျာနှင့် လူ့ အခွင့်အရေး အသားပေးဖော်ပြလာခြင်းမှာ အဆိုပါ မီဒီယာများ၏ ရပ်တည်
မှုနှင့် ဘက်လိုက်မှု ရှိနေသလို အဆိုပါ မီဒီယာ များ၏ နောက်ကွယ်တွင် အာရပ် ကမ္ဘာမှ ငွေကြေးများ မည်မျှ စီးဆင်းနေ
မလဲဆိုသည့် အချက်ကို ထင်ဟတ်ပြနေသည့် သဘောဟုလည်း ပြည်တွင်းက တိုင်းရင်းသားပိုင် သတင်းမီဒီယာ အဖွဲ့အ
စည်းတစ်ခု မှ အယ်ဒီတာ ချုပ်တစ်ဦးက ဖွင့်ဟ ပြောဆိုသည်။
“ မြေကြီးထဲက ငွေထွက်နေတဲ့ အာရပ်ကမ္ဘာက ငွေကြောတွေ နဲ့ ရိုဟင်ဂျာအရေးကို ရှေ့တန်းတင်လာ
တာ ကျနော်တို့ မြန်မာနိုင်ငံအတွင်းက မီဒီယာတွေမှာရော၊ ပြည်ပမှာ အခြေစိုက်ပြီး မြန်မာနဲ့ ပတ်သက်တဲ့ သတင်းတွေ
ရေးသားနေတဲ့ သတင်းမီဒီယာတွေ ဖြစ်တဲ့ RFA တို့ BBC တို့၊ VOA တို့မှာရော တွေ့ရပါတယ်၊ ဒီမီဒီယာတွေရဲ့ နောက်
ကွယ်မှာ ဘယ်လောက်ထိ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နေလဲဆိုတဲ့ အချက်တွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။”
ဟု သူက ပြောဆိုပါတယ်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းမှာ အယ်ဂျာဇီယား သတင်းဌာနက မြန်မာနိုင်ငံအတွင်းမှာ လူမျိုးတုန်း သတ်
ဖြတ်မှုတွေ ရှိနေသည်ဆိုသည့် သတင်းဗီဒီယို ဖိုင်ကိုလည်း အတု ပြုလုပ်ပြီး လုပ်ကြံသတင်းတစ်ပုဒ်လည်း ဖော်ပြခဲ့သည်
ကို တွေ့ရသည်။ထိုစဉ်တုန်းက သူတို့ သုံးခဲ့သည့် မီးလောင်ကျွမ်းမှု ဖြစ်နေသည့် ဓာတ်ပုံတစ်ပုံမှာကား မင်္ဂလာတောင်ညွှန့်
မီးလောက်ပေါက်ကွဲမှု ဖြစ်တုန်းက ပုံတစ်ပုံကို ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခအချို့နဲ့ ချိတ်ဆက်ပြီး ဖော်ပြခဲ့ခြင်း လည်း
ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ် ဒုချီးယားတန်းက အဖြစ်မှာဆိုလျှင်လည်း လိုအပ်သည်ထက်
ပိုပြီး လူ အသေအပျောက်ရှိသည်ဆိုသည့် အချက်တွေကိုလည်း သူတို့ အနေနှင့် တရားလွန် တရားမင်း ဖော်ပြခဲ့သည်ကို
လည်း တွေ့ရှိရမည်ဖြစ်သည်။
ဤအချက်များသည် ထိုသတင်းတွေကို တစိုက်မတ်မတ် ဖော်ပြခဲ့သည့် သတင်းမီဒီယာများသည် အစ္စလာမ်မစ်
ကမ္ဘာက ငွေကြေးတွေ သူတို့ အပေါ်မှာ ဘယ်လောက်လွှမ်းမိုးထားကြောင်းကို ပြောစရာ မလိုဘဲ ထုတ်ဖော်ပြလိုက်သည့်
သဘောလည်းဖြစ်နေသည်။ မြန်မာ သမ္မတ ရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ယခုလို ဘက်လိုက်သတင်းဖော်ပြမှုတွေ ရှိ
သည့် သတင်းမီဒီယာတွေနှင့် ပတ်သက်ပြီး မကြခဏ ပယ်ချခဲ့သလို ထိုသတင်းဌာနတွေ သည် သိသိသာသာ ရိုဟင်ဂျာ အ
ရေးအတွက် ဘယ်လိုက်မှု ဘယ်လောက်ရှိသလဲဆိုသည့်အချက်ကို ထောက်ပြလေ့ ရှိသည်ကိုလည်းတွေ့ရပါသည်။
သတင်းမီဒီယာ တစ်ခုသည် ဘယ်အရပ် ဘယ်ဒေသမှာ ပဲ အခြေစိုက်စိုက် သီးခြား ရပ်တည်မှု ရှိပြီးတော့ ဘက်လိုက်မှု
ကင်းကင်းနှင့် ရပ်တည်ရမည်ဟု ဘရာဇီလ်းက သတင်းစာဆရာမ တစ်ဦး ဖြစ်တဲ့ ဘိုလိုနီက ပြောဖူးပါသည်။
“ကျမတို့ သတင်းမီဒီယာတွေ ဟာ အန်ဂျီအိုတွေ မဟုတ်ပါဘူး။ ငွေပေးတိုင်းရေးဖို့ မလိုပါဘူး။ ငွေကြေးနဲ့ လွှမ်းမိုးခဲ့ရတဲ့
သတင်းမီဒီယာ တစ်ခုဟာ လုံးဝကို အမှီအခို ကင်းတဲ့ သတင်းဌာနလို့ မပြောနိုင်ပါဘူး။ လက်ရှိအချိန်မှာ ကမ္ဘာပေါ်က
ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ် အမှန်ကို ဘက် ၂ ဘက် နဲ့ ဖော်ပြနိုင်မှ လွတ်လပ်ပြီး အမှီအခု ကင်းတဲ့ သတင်းဌာန တစ်ခု
ဖြစ်လာမှာပါ” လို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဘရာဇီးလ် နိုင်ငံမှာ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ စုံစမ်းဖော်ထုတ်သတင်းရေး
သားသူများ မျက်နှာ စုံညီ အစည်းအဝေးအတွင်းမှာ ပြောဆိုခဲ့ဖူးပါသည်။
လက်ရှိအချိန်မှာတော့ အာရပ် ကမ္ဘာက ငွေကြေးတွေနှင့် မကင်းလွတ်သည့် ကမ္ဘာ အန်ဂျီအိုတွေ၏ တစ်ဖက်သတ်
အပြောတွေနှင့် ထုတ်ပြန်လာသည့် သတင်းထုတ်ပြန်ချက်တွေ အပေါ် အတည်ပြု ပြီး မြန်မာနိုင်ငံ အနေက်ခြမ်းဒေသ ဖြစ်သည့်
ရခိုင်ပြည်နယ် အတွင်း က လူနည်းစု မွတ်စလင်တွေဘာသာဝင်တွေ၏ အရေးကို လူ့ အခွင့်အရေးဟု ကြီးမာသည့် ခေါင်းစဉ်တွေ
တပ်ပြီး ပြောဆို ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေသည် အာရပ်ကမ္ဘာမှ ငွေကြေးတွေ သူတို့ မီဒီယာအသိုက်အ၀န်း အတွင်း
ဘယ်လောက်စိမ့် ၀င်နေမလဲ ဆိုသည်ကတော့ စဉ်းစားစရာ ကောင်းသည့် အချက်ဖြစ်သည်ဟု ပြည်တွင်း ၀ါရင့် သတင်းစာဆ
ရာတစ်ဦးက သုံးသပ်ပြောဆိုသွားခဲ့ပါသည်။အာရပ်နိုင်ငံများကိုယ်စားလှယ်နှင့်ဟန်ရောင်ဝေတို့-သဘောတူ လက်မှတ် ရေးထိုး
နေကြစဉ်။မည်သည့်အကြောင်းအရာပေါ် လက်မှတ်ရေးထိုး နေကြသည်ကို မသိနိုင်ပါ
င်္From / ခရီးသွား ငှက်ငယ်
0 ထင်မြင်ချက်ပေးရန်:
Post a Comment