မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တပ်ဖွဲ့ချင်းထိ တွေ့မှုများ အပေါ် နိုင်ငံတကာသတင်းဖော်ပြမှုများ၌
မြန်မာနိုင်ငံဘက်ကသက်သေအထောက်အထားခိုင်လုံစေရန် တိုက်ပွဲသတင်း အချက်အလက်ဓာတ်ပုံများကို
အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သင့်ကြောင်း နယ်စပ်အရေးစောင့်ကြည့်လေ့လာသူများက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံဘက်မှ သတင်းထုတ်ပြန်မှုအားနည်းခြင်းနှင့် နယ် ခြားစောင့်ရဲတပ်ဖွဲ့၊ တပ်မတော် တို့နှင့် ဆက်သွယ်ရ
ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲ ခြင်းတို့ကြောင့် တစ်ဖက်နိုင်ငံ၏ သတင်းထုတ်ပြန်မှုက နိုင်ငံတကာမီဒီယာ
များတွင် နေရာယူနေပြီး မြန်မာဘက်က အလွန်သဖွယ်ရေး သားမှုများရှိနေရာ နှစ်နိုင်ငံဆက် ဆံရေးကို တင်းမာသွား
စေနိုင် ကြောင်း ၎င်းတို့ကဆိုသည်။
‘မနေ့က ဖြစ်စဉ်မှာ ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်နဲ့တိုက်ပွဲဖြစ်တယ် ဆိုပြီး သတင်း
တွေတက်တယ်။ ဘင်္ဂလားဒေ့ရှ်က BGB က RSO တွေကို လိုက်ရှင်းဖို့ ကင်းလှည့် တာကို မြန်မာစစ်တပ်က လှမ်းပစ်
တယ်လို့ ကန့်ကွက်တယ်။ သူတို့ဘက်က ချက်ချင်းသတင်းတွေတက်တယ်။ မြန်မာဘက်ကျတော့ အခုဌာနချုပ်နဲ့
မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့လှမ်းဆက်သွယ်ဖို့က ဖုန်းလိုင်းပဲရှိတယ်။ ဖုန်းလိုင်းကလည်း မ ကောင်းဘူး။ မီး
ကလည်း မရှိဘူး’’ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မင်းအောင်ကပြောသည်။
မေလ ၃၀ ရက် ညနေကမြန်မာဘက်က သိမ်းဆည်းထား သော လက်နက်ကိုင် တပ်ဖွဲ့တစ်ဦး၏ အလောင်း
ပြန်အပ်ရေးနှင့်ပတ်သက်၍ မြန်မာတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်
ပွဲဖြစ်ပွားနေချိန်တွင် BBC၊APနှင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းမီဒီယာများတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့
ကို မေးမြန်းထားပြီး ရေးသားသော သတင်းများချက်ချင်းတက်လာခဲ့ သည်။ မြန်မာနိုင်ငံတွင် မြန်မာ့အသံ၊ မြ၀တီစသည့်
အစိုးရနှင့် စစ်တပ်ပိုင်သတင်းမီဒီ ယာများက တိုက်ပွဲသတင်းကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပေ။
တစ်ဖက်တပ်ဖွဲ့က သတင်း များ အချိန်နှင့် တစ်ပြေးညီ ထုတ် ပြန်နေချိန်တွင် မောင်တောတွင် လျှစ်စစ်မီးမရှိခြင်း၊ CCTV
ကဲ့သို့ ကင်မရာများ တပ်ဆင်နိုင်ခြင်း မရှိသောကြောင့် ကမ္ဘာ့စာမျက် နှာတွင် မြန်မာက ၀င်တိုက်သ ယောင်ရေးသားဖော်ပြ
မှုများကို အချိန်နှင့် တစ်ပြေးညီသတင်း စာရှင်းလင်းပွဲပြုလုပ်ဖြေရှင်းသင့်ကြောင်း ဒုတိယရဲမှူးကြီးမင်း အောင်ကပြောသည်။
‘‘မြန်မာ-ဘင်္ဂလားနယ်စပ် မှာ မြန်မာဘက်က မြေပြင်ရော၊ ပင်လယ်ပြင်ပါ လုံခြုံရေးအရမ်း အားနည်းတယ်။ ဒီအားနည်းချက်
ကြောင့် RSO လို သူပုန်တွေရဲ့ နယ်ချဲ့မယ့်အရေးကို ရင်ဆိုင်နေ ရတယ်။ မြန်မာတပ်မတော်အနေနဲ့ Operation လုပ်တိုင်း
မြေပြင်အထောက်အထားတွေကို ဗီဒီယိုမှတ်တမ်းယူသင့်တယ်။ ပြီးတာနဲ့ ချက်ချင်းသတင်း စာရှင်းလင်းပွဲမျိုး၊ သတင်းထုတ်
ပြန်တာမျိုးလုပ်သင့်တယ်။ ’’ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်ကပြောသည်။
မြန်မာစစ်တပ်က သိမ်း ဆည်းထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အ လောင်းကို ဘင်္ဂလားဒေ့ရှ်နယ်
ခြား စောင့်တပ်ဖွဲ့သို့ မေလ ၃၁ ရက်နံနက်တွင် တရားဝင်ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲဒုတိယ
အကြိမ်လုပ်ရန် အလွတ်သဘောဆွေးနွေးခဲ့ကြောင်း ရဲမှူးကြီး မင်းအောင်ကပြောကြားသည်။
7 Day News Daily
0 ထင်မြင်ချက်ပေးရန်:
Post a Comment