လွန်ခဲ့တဲ့ တနင်္ဂနွေည(၁။၆။၂၀၁၄)မှယနေ့ထိ သုံးရက်ဆက်တိုက် ရှာဖွေရာ ပေါက်ကွဲစေတတ်သော
လက်နက်များ ရို့ ကတ် လောင်ချာများ မိုတာသီးများစွာနှင့် ယမ်းများ ဆက်သွယ်ရေးစက်များ ရှာတွေ့ကြောင်း
ဘင်္ဂလာဒေခ်ျ့  (REB)ခေါ် ရှောင်တခင် အကြမ်းဖက် အထူးနှိမ်နှင်းရေးတပ်ဖွဲ့ ဝင်များမှ တနိုင်ငံလုံးရှိ သတင်း
ထောက်များထံ မှန်ကန်ကြောင်း သို့သော် လက်နက်ပိုင်ရှင်များကိုမူ ယခုထိ တယောက်မှ ဖမ်းဆီးရမိခြင်း မရှိ
သေးကြောင်း ဝန်ခံလိုက်သည်ဟု ဘင်္ဂလာနိုင်ငံထုတ် သတင်းများ ရုပ်သံများတွင် ဆက်တိုက် တိုက်ရိုက် (Live)
ပြသလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ရှာဖွေတွေ့ ရှိသောနေရာမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဟာဘီးဂေါင်ဇ် ချာ(တ်)ဆိုရီ တောနက်ထဲ့မှ
ဖြစ်ကြောင်းနှင့် တချိန်က ထိုနေရာတွင် အိန္ဒိယနိုင်ငံ အတိုက်အခံအဖွဲ့ (ATTF) တရိပူရ တိုက်ဂါးတပ်ဖွဲ့ ဝင်များ
ခိုလှုံခဲ့ကြောင်း ယင်းအဖွဲ့ ဝင်များ၏ ပစ္စည်းများ ဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြသည်။
လျှို့ ဝှက်သတင်းပေးချက်အရ (REB)အဖွဲ့ ဝင်(၁၀၀)ခန့် ဆက်တိုက်ရှာဖွေ ဖေါ်ထုတ်မှူကြောင်း မြေကြီးထဲ
အနက်ပေ (၁၀၀)အောက်တွင် တွေ့ ရှိကြောင်း တွင်း(၅)တွင်းကို တူးဖေါ်တွေ့ရှိပြီ ဖြစ်ကြောင်း နောက်ထပ်လက်နက်
များ ရှိနိုင်ခြေများကြောင်း လက်နက်ရှာဖွေရေး အထူးခွေးများဖြင့် အနံ့ခံရှာဖွေနေဆဲ ဟုလည်း ဖေါ်ပြထားပါသည်။
လွန်ခဲ့တဲ့ (၂၇။၆။၂၀၀၃)ခုနှစ်ကလည်း စစ်တကောင်း သင်္ဘောဆိပ်မှ လက်နက်များစွာ ဖမ်းဆီးရမိကြောင်း ယခုရှာ
ဖွေတွေ့ ရှိသော လက်နက်များနှင့် ဆက်စပ်နေသော အိန္ဒိယ တရိပူရ အူလ်ဖါ လွတ်မြောက်ရေးတပ် ခေါင်းဆောင်
ရောင်ဇီဒေ ဘာရ်မာ ကို ဘင်္ဂလာအစိုးရမှ ဖမ်းဆီးမိပြီး အိန္ဒိယနိုင်ငံသို့ တရားဝင်လွှဲအပ်ပေးလိုက်ကြောင်း ထိုခေါင်း
ဆောင်ကို လက်နက်မှူ ပုန်ကန်မှုဖြင့် သေဒါဏ်ချမှတ်ထားပေမဲ့ သူနဲ့အတူ ပိုရေခ်ျ ဘုရုဝါဆိုသူမှာ ထွက်ပြေး တိမ်း
ရှောင် နေကြောင်း နိုင်ငံတကာလမ်းကြောင်းမှနေ ဘင်္ဂလာနိုင်ငံကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲ လက်နက်သွင်းယူ
မှု ပြုလုပ်နေသူ တဦးဖြစ်ကြောင်း ဆိုသည် ထိုပိုရေခ်ျ့ ဘုရုဝါ ယခုအခါ စစ်တကောင်း တောင်တန်းဒေသတွင် ခိုလှုံ
နေကြောင်း သတင်းရရှိထားပြီဟုလည်း ဖေါ်ပြထားသည်။
ဘင်္ဂလာနိုင်ငံ လက်ရှိအစိုးရဟာ လက်နက်ကိုင် အကြမ်းဘက်သမားများကို မည်သည့်နည်းနဲ့မျှ အလွတ်မ
ပေးသော်လည်း မြန်မာနိုင်ငံနဲ့  လက်ရှိဖြစ်နေသော နယ်စပ်ပြဿနာမှာ (RSO)အကြမ်းဘက် သမားများအား ထုတ်
ဖေါ်ခြင်းကို ယနေ့ထိမလုပ်သေးပေ ယခင်က နယ်စပ် နတ်ကျောက်ဆရီတွင် (REB)တပ်ဖွဲ့ ဝင်များ (BGP)အမည်မဖြစ်
ခင် (BDR)တပ်ဖွဲ့ ဝင်များ ယင်း(RSO)စခန်းများကို တိုက်ခိုက်နှိမ်နှင်းကာ လက်နက်များစွာ ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလာ
ထုတ် သတင်းများအရ ယခင် ပြုလုပ်ခဲ့သော်လည်း ယခုအခါ နှစ်နိုင်ငံ စစ်သည်အင်အား တိုးချဲ့ ပြီး အလွန်တင်းမာနေ
သည့်တိုင် လုံးဝငြင်းပယ်နေသည်ကို တချို့ သတင်းဌါနများမှ မကျေနပ် ဖြစ်နေကြောင်း မကြာခင်ဖေါ်ထုတ်နိုင်မည်ဟု
ယုံကြည်ကြောင်း အမှန်တရား မြတ်နိုးသည့် သတင်းဌါနများမှ ရေးသားကြသည်။
နောက်ထပ် ဆက်လက်ရှာဖွေ နေဆဲဖြစ်ကြောင်း ယခုအကြိမ်နဲ့ဆိုလျှင် ဘင်္ဂလာနိုင်ငံတွင်း လက်နက်ဖမ်းဆီး
ရရှိမှူမှာ သုံးကြိမ်မြောက် အကြီးမားဆုံး ဖမ်းဆီးမှူဖြစ်ကြောင်းလည်း ယင်းသတင်းများ အဆိုတင်ပြချက်ကို ကိုးကားဘာ
သာပြန် တင်ပြလိုက်ရပါသည်။
ခိုင်ဥက္ကာပျံ (လေးဝတီလွတ်လပ်သော ရခိုင်သတင်းဌါန
0 ထင်မြင်ချက်ပေးရန်:
Post a Comment